သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
February 1, 2023သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်စိုးဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်စိုးသည် ပိန်းတောရွာတွင် ပိုက်လှေလုပ်ငန်းလုပ်ကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် နေ့ထိုင်သွားလာလေ့ရှိသည်ကို တွေ့ရကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ယင်းကြောင့် သတိပေးစာ ပေးခံရသည့် သတင်းများလည်း ထွက်ဖူးကြောင်း ၎င်းက ဆိုသည်။ “သူ့ကို စာပစ်ပြီးသတိပေးနေတာ နှစ်ခါရှိပြီလို့တော့ ကြားတယ်။ အိမ်မှာ လာပစ်သွားတယ်ဆိုတာလောက်ပဲ ကြားတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ သို့သော် ဦးကျော်စိုးကို […]


