လောင်းလုံး ခမောင်းတောင်ရွာက လက်နက်ကြီးကျည်စထိမှန်သည့် အမျိုးသမီးငယ်သေဆုံး
Dawei Watch
July 12, 2023လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာတွင် ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်စထိမှန်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နခံတောရွာနှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိသည့် ခမောင်းတောင်ရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ခမောင်းတောင်ရွာသူ အသက် ၁၈ နှစ်အရွယ်ရှိ မီးငယ်ဟား (ခေါ်) မယဉ်ဌေးတွင် ဦးခေါင်း ကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီး အသံကြားလို့ ထွက်ပြေးရင်းနဲ့ လမ်းပေါ်ကျလာတဲ့ လက်နက်ကြီးကျည်ဆံစက သူကိုထိမှန်ခဲ့တာ” ဟု […]


