စစ်အာဏာရှင်တပ်က ညင်းမော်ရွာခံနှစ်ဦးကို ပစ်သတ်
Dawei Watch
November 17, 2025လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဒေသခံနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ပစ်သတ်ခံရသူနှစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ စိတ်ကျန်းမာရေးချို့ယွင်းသည့် ဦးဝင်းနိုင်ဆိုသူဖြစ်ပြီး နောက်တစ်ဦးမှာ ညင်းမော်ရွာတွင် ရွှေ့ပြောင်းအခြေချနေထိုင်သည့် ဗမာလူမျိုးတစ်ဦးဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ညင်းမော်ရွာထဲမှ စစ်အာဏာရှင်တပ် ယာယီဆုတ်ခွာသွားချိန် ဒေသခံများရွာထဲ ခေတ္တဝင်ရောက်သည့်အချိန် သတ်ဖြတ်ပြီး မြေမြှုပ်ထားသည့်အဆိုပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “ရွာထဲဝင်ကြည့်တော့ အပုပ်နံ့တွေရလို့ လိုက်ရှာကြည့်တာ မြေမြှုပ်ပြီး အလောင်းစွန့်ပစ်ထားတာကို တွေ့ရတာ” ဟု အလောင်းတူးဖော်သည်ကိုကိုယ်တိုင်မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ ဗမာအမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နိုဝင်ဘာလ ၁၃ ရက်တွင် တွေ့ရှိပြီး နောက်တစ်ဦး၏ အလောင်းကိုမူ နိုဝင်ဘာလ ၁၆ ရက်တွင် တွေ့ရှိကြောင်း ၎င်းက ဆိုသည်။ စစ်အာဏာရှင်တပ်သည် […]


