လောင်းလုံးတွင် စစ်ကားဖြတ်လာစဉ် ဗုံးပေါက်ကွဲပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ
diz_admin
November 5, 2022လောင်းလုံးမြိုနယ်၊ ခမောင်းတောင်ရွာနှင့် ထိန်တွင်းရွာကြားလမ်းပိုင်းတစ်နေရာတွင် ယနေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ အမျိုးသမီးတစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ယနေ့နံနက် ကိုးနာရီခန့်က ထိန်တွင်းရွာဘက်မှ စစ်ကားတစ်စီးထွက်လာစဉ် ခမောင်းတောင်ရွာကားလမ်းမနှင့် တစ်ဖာလုံကျော်ခန့်အကွာ ထိန်တွင်းရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ အသက် ၃၉ နှစ်အရွယ်ရှိ ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူအိမ်ကိုသွယ်ထားတဲ့ မီးကြိုးပြတ်လို့ မီးဆက်နေတယ်ပြောတယ်။ အဲဒီအချိန်မှာပဲ ကင်တာအမျိုးအစား ဒိုင်နာကားတစ်စီးကလည်း စစ်သားတွေတင်ပြီး ထိန်တွင်းရွာကထွက်အလာ သူ့အိမ်နား မလှမ်းမကမ်းအရောက် ထပေါက်တာ”ဟု ၎င်းကပြောသည်။ အဆိုပါပေါက်ကွဲမှုကြောင့် ယင်းအမျိုးသမီး၏ ညာဖက်မျက်လုံး၊ ညာဖက်ဒူး နှင့် ခြေမျက်စိ ဘယ်ညာ ပြတ်ရှဒဏ်ရာအပါအဝင် ပေါင်ခြံကနေ ခြေထောက်နှစ်ဖက်စလုံး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းဘေးဝဲယာတစ်လျှောက် […]


