သယ်ယူရခက်ခဲသဖြင့် ထားဝယ်တွင် အုန်းသီးအဝယ်ရပ်ပြီး စျေးကျ
Dawei Watch
November 20, 2025မန္တလေးတိုင်းသို့ တင်ပို့ရောင်းချနေသော ထားဝယ်ခရိုင်၊ ကမ်းရိုးတန်းဒေသများမှ အုန်းသီးများမှာ သယ်ယူရခက်ခဲနေသဖြင့် အဝယ်ရပ်ကာ အုန်းသီးစျေးကျသွားကြောင်း အုန်းသီးစျေးကွက်ထဲမှ သိရသည်။ “ကျတာက ပက်ပက်စက်စက်ကိုကျနေတာ။ တစ်လုံးကို လေးထောင် ဝန်းကျင်လောက် ရောင်းနေရာကနေ အခုစျေး နှစ်ထောင်ပဲကျန်တော့တယ်။ အဲဒါတောင် ဖောက်သည်လက်ကြီး ဝယ်သမားမရှိဘူး။ အုန်းသားပဲ လုပ်နေရတယ် ” ဟု ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသမှ အုန်းသီးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးကပြောသည်။ ယခုနှစ် မတ်လက လှုပ်ခဲ့သည့် စစ်ကိုင်းငလျင်ကြီးပြီးနောက် အုန်းသီးဝယ်ယူသည့် မုန့်တိုက်နှင့်စက်ရုံများက အုန်းသီးအဝယ် စတင်လျော့ကျသွားကြောင်း၊ သြဂုတ်လက တိုက်ပွဲများကြောင့် ကလိန်အောင်-မလွှဲတောင် လမ်းပိုင်း ရက်ရှည်ပိတ်မိပြီးချိန်တွင်မူ မန္တလေးဘက်မှ အုန်းသီးဝယ်သူများ လုံးဝ ရပ်နားသွားကြကြောင်း အုန်းသီးလုပ်ငန်းရှင်များကဆိုသည်။ tဟု အုန်းသီးအရောင်းအဝယ် ပြုလုပ်သူတစ်ဦးကပြောပြသည်။ မန္တလေးမှ အုန်းသီးဝယ်သူများသည် ကံပေါက်ဒေသအပြင် နဘုလယ်ဒေသနှင့် […]


