ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် App ဖြင့် သုံးဘီးငှားနိုင်သည့်စနစ် စတင်စမ်းသပ်

Dawei Watch

September 29, 2025

ထားဝယ်မြို့ တွင် Driver Team Taxi အမည်ရှိ Application အသုံးပြု၍ သုံးဘီးငှားနိုင်သည့် စနစ်တစ်ခုကို စတင် စမ်းသပ်နေကြောင်း အဆိုပါ Application ကို ပြုလုပ်သည့် လုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ Driver Team Taxi Application ကို ပြီးခဲ့သည် သြဂုတ်လနှောင်းပိုင်းက စတင်စမ်းသပ်နေပြီး ယခုစက်တင်ဘာလအထိ တစ်လတာအတွင်း ခရီးစဥ်ပေါင်း ၁၃၀ ကျော်ပြေးဆွဲခဲ့ပြီးဖြစ်ကြောင်း ဆိုသည်။ ထားဝယ်မြို့ ဧရိယာအတွင်းသွားလာရန်ခေါ်ယူနိုင်ပြီး ယင်း Application တွင် စာရင်းသွင်းထားသည့် သုံးဘီး ဆယ်စင်းကျော်ဖြင့် လည်ပတ်နေသည်ဟု အထက်ပါလုပ်ငန်းရှင်ကပြောပြသည်။ ” ကိုယ်တစ်ယောက်နဲ့ လည်ပတ်နေတာ အလုပ်ပိလာတော့၊ နည်းပညာတတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး Application တစ်ခုဖန်တီးလိုက်တယ်။ အခုကတော့ စမ်းသပ်ကာလထဲမှာပဲရှိသေးတယ်” ဟု အထက်ပါလုပ်ငန်းရှင်ကပြောသည်။ Application တွင် စာရင်းသွင်းထားသည့် […]

သရက်ချောင်းတွင် မသန်စွမ်းအဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သား အဓမ္မကျင့်

Dawei Watch

September 29, 2025

သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာတွင် ခြေထောက်တစ်ဖက်ဖြတ်ထားရသည့် အသက် ၇၅ နှစ်အရွယ် မသန်စွမ်း အဘွားတစ်ဦးကို စစ်အာဏာရှင်တပ်သားတစ်ဦးက အဓမ္မပြုကျင့်ကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာ ၂၇ရက် ညနေ ၄နာရီခန့်တွင် နေအိမ်၌ အဘွားအိုတစ်ဦးတည်းရှိနေချိန် အရက်မူးနေသည့် စစ်အာဏာရှင် တပ်သားတစ်ဦး ရောက်လာပြီး အဓမ္မပြုကျင့်ကြောင်း ကာယကံရှင်အဘွား၏ ပြောပြချက်ကို ကိုးကားပြီး ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ “မပြောမဆိုနဲ့ တွန်းလှဲပြီး (အဓမ္မ) ကျင့်သွားတာ။ ငါအိုနေပြီဆိုပြီး တောင်းပန်တာကို တိတ်တိတ်နေလို့ပြောတယ်တဲ့။ အဘွားက အသံလည်း သိပ်မထွက်ဘူး။ ဝမ်းနည်းနေလို့လည်း ဖြစ်မယ်” ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ အဓမ္မပြုကျင့်ခဲ့သည့် စစ်အာဏာရှင်တပ်သားသည့် သရက်ချောင်းမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ စသည့် တပ်ရင်းတစ်ခုခုက […]

အသက် ၈နှစ်ကျော်အရွယ် မိန်းကလေးအား အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သည်ဆိုသူကို ဖမ်းဆီး

Dawei Watch

September 26, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စုက အသက် ရှစ်နှစ်နှင့် ခြောက်လအရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့သည်ဆိုသည့် အမျိုးသားတစ်ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ဖမ်းဆီးထားကြောင်း ပလဖထံမှ သိရသည်။ မုဒိမ်းကျင့်သူ အမျိုးသားမှာ အသက် ၅၀ အရွယ် ဦးဇော်ဇော် ဆိုသည့် အိမ်ထောင်ရှင်အမျိုးသားဖြစ်ပြီး ပြုကျင့်ခံရသူ မိန်းကလေး၏ မိဘတို့နှင့် ဆွေမျိုးသဖွယ် ရင်းနှီးသူဖြစ်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ ၃ရက်က ဦးဇော်ဇော်သည် အိမ်သို့ရောက်လာပြီး ကင်းပွန်းချဉ်ရွက် ခူးရန်ဟုဆိုကာ မိန်းကလေးငယ်အား ခေါ်ဆောင်သွားကြောင်း မိန်းကလေး၏ မိခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။ နေအိမ်သို့ ပြန်ရောက်လာသောအခါ မိန်းကလေးငယ်မှာ အမူအယာ ပျက်နေသဖြင့် မိခင်ဖြစ်သူက မေးမြန်းရာမှ ဦးဇော်ဇော်က မုဒိမ်းအကြိမ်ကြိမ် ကျင့်ထားသည့်ကိစ္စ ပေါ်လာခြင်းဖြစ်ကြောင်း […]

လုပ်ငန်းပိတ်သိမ်းရန် ကြေညာထားသော ကံပေါက်သတ္တုလုပ်ကွက်များ ငွေပေး၍ ပြန်လည်ပတ်

Dawei Watch

September 26, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုတွင် သတ္တုလုပ်ကွက်များ ပိတ်သိမ်းရမည်ဟု ကြေညာထားသော်လည်း စစ်ကော်မရှင် လက်အောက်ခံအဖွဲ့များက လာဘ်ယူပြီးခွင့်ပြုနေသဖြင့် ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်သည်။ စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လနောက်ဆုံးအပတ်က တရားမဝင်သတ္တုလုပ်ကွက်များ ရပ်နားရန် ကျေးရွာအတွင်း လော်စပီကာဖြင့် ကြေညာခဲ့ပြီးနောက် ရက်သတ္တပတ်အကြာ စက်တင်ဘာလဆန်းတွင် ရပ်နားထားသည့်သတ္တုလုပ်ကွက်များ ပြန်လည်ပတ်နေကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းသို့ ပြန်လည်ပတ်ရန် စစ်အာဏာရှင်တပ်၏ မောရဝတီရေတပ်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တို့ထံ ငွေပေးခဲ့ရကြောင်း ကံပေါက်ရွာ၊ စက်ကုန်းရပ်ကွက်ရှိ သတ္တုလုပ်ကွက်တစ်ခုက အလုပ်သမားတစ်ဦးကပြောသည်။ ” လော်စပီကာနဲ့ကြေညာပြီး နှစ်ရက်လောက်နေတာနဲ့ အဖွဲ့လိုက် ရောက်လာကြတာပဲ။ (ကျပ်သိန်း)နှစ်ဆယ် ပေးလိုက်ရတယ်။ ပြီးတော့ ပြန်လုပ်နေတာအခုထိပဲ။ အရင်တစ်ခေါက် မိုင်းက တစ်ယောက်ကို ဖမ်းသွားတုန်းကလည်း ငွေနဲ့လိုက်ထုတ်ခဲ့ရတာပဲ ” ဟု ၎င်းကပြောသည်။ ကံပေါက်ရွာရှိ မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်းရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်၊ […]

ထားဝယ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ်တရားဟောသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

September 25, 2025

ထားဝယ်မြို့ပေါ်တွင် ထီးဖြူဆောင်းပြီး ပလ္လင်ပေါ် တရားဟောလေ့ရှိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထားဝယ်ဒေသခံ သံဃာအသိုင်းအဝိုင်းထံမှ သိရသည်။ ဝဲကျွန်းရပ်ကွက် လေယာဥ်ကွင်းလမ်းတွင် တည်ထောင်ဖွင့်လှစ်ထားသည့် ယထာဘူတ ပဋိပတ္တိသာသနာ့ရိပ်သာ ဦးဆောင်သူ အသက် ၅၀ ဝန်းကျင်အရွယ် ဦးရည်ချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သံဃာအချို့က မိန့်သည်။ ဦးရည်ချင်းကို ယနေ့ စက်တင်ဘာလ ၂၅ ညနေ ၄ နာရီခန့်တွင် သာသနာရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့က ရိပ်သာအတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီး သာသနာဆိုင်ရာပြစ်မှု ပုဒ်မ ၂၉၅ (က)ဖြင့် ကနဦး တရားစွဲဆိုထားကြောင်း ထားဝယ်မြို့ခံ ရဟန်းတစ်ပါးက မိန့်ကြားသည်။ “ရဟန်းသံဃာတော်တွေကိုင်တဲ့ ယပ်တောင်ကို ကိုင်ပြီးတရားဟောတယ်။ သာသနာတော်ရဲ့ အထွဋ်အထိပ်ဖြစ်တဲ့ ထီးဖြူမိုးပြီး တရားဟောတယ်။ရဟန်းသံဃာတော်တွေ အသုံးပြုတဲ့ ပလ္လင်ပေါ်ထိုင်ပြီး တရားဟောတယ်။ ရဟန်းအသွင် အယောင်အဆောင် အတုခိုးတယ်။ […]

သရက်ချောင်း ကနက်သီရိရွာသားနှစ်ဦး ဝင်းဝတံတားဂိတ်အနီးတွင် ဖမ်းဆီးခံရ

Dawei Watch

September 25, 2025

သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာသားနှစ်ဦး ဝင်းဝတံတား စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်အနီးတွင် စက်တင်ဘာလ ၂၃ရက် ညနေပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရကြောင်း ဒေသခံအချို့က ပြောသည်။ ကနက်သီရိရွာမှ စုံစင်ရွာဘက်သို့သွားပြီး ပြန်လာစဉ် ညနေ ၆ နာရီကျော်သွားသည်ဆိုပြီး ဝင်းဝတံတားစစ်ဆေးရေး ဂိတ်အနီး ဝင်းဝသင်္ချိုင်းနားတွင် ဂိတ်ချထားသည့်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “သူတို့ပြန်လာတာ နည်းနည်း နောက်ကျနေပြီ။ ညနေ ၆ နာရီလောက်ဆို ဒီလမ်းတွေက ကားရောလူရော မထွက်ကြတော့ဘူး၊ မသွားကြတော့ဘူး။ သူတို့ပြန်လာချိန် နည်းနည်းမှောင်စ ပြုနေပြီဆိုတော့ ဖမ်းထားလိုက်တယ် ပြောတယ်” ဟု ကနက်သီရိကျေးရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဖမ်းဆီးထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ကနက်သီရိရွာ ပိန္ဒဲရပ်ကွက်က အသက် ၃၀ အရွယ်လူငယ်နှစ်ဦးဖြစ်ပြီး မိဘများက လိုက်လံစုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မင်းဒပ်ရွာသားတစ်ဦး […]

ဇလွန်းတောရဘုန်းကြီးကျောင်း အမည်ကိုသုံးပြီး ထားဝယ်မြို့ပေါ်တွင် လိမ်လည်အလှူခံ

Dawei Watch

September 25, 2025

ထားဝယ်မြို့နယ်၊ ဇလွန်းကျေးရွာတွင်ရှိသော ဇလွန်းတောရဘုန်းကြီးအမည်ကို အလွဲသုံးစားပြုလုပ်ပြီး ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်များတွင် လိမ်လည်အလှူခံမှုများရှိနေကြောင်း ဇလွန်းတော်ရဆရာတော်၏ တပည့်ဒါယာကာများက ပြောသည်။ လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစပြီး ယင်းသို့အလှူခံနေသည်ကို ကြားသိရခြင်းကြောင့် စောင့်ကြည့်နေရာမှ ယနေ့ စက်တင် ဘာလ ၂၅ ရက် နံနက် ၉ နာရီခန့်တွင် မြို့ပေါ်အလှူခံနေသည်ကို တွေ့ရှိကြောင်း တပည့်ဒါယာကာ တစ်ဦးက ဆိုသည်။ ထားဝယ်မြို့၊ မြို့သစ် ၈ လမ်းအတွင်း အသက် ၄၀ ဝန်းကျင်အရွယ်ရှိ အမျိုးသမီးနှစ်ဦးသည် ဇလွန်းတောရ ဘုန်းကြီးကျောင်း၏ အလှူခံဟုပြောဆိုကာ တစ်အိမ်ဝင် တစ်အိမ်ထွက် အလှူခံနေခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “တွေ့လို့ ခေါ်မေးလိုက်တော့ ဇလွန်းတောရကျောင်းကလို့ ပြောတယ်။ ဒီကျောင်းမှာ ဘာလုပ်နေလည်းလို့မေးတော့ တရားစခန်းတွေ၊ ကျောင်းတွေ ဆောက်နေတယ်၊ ဒါ့ကြောင့် အလှူခံတယ်” […]

သရက်ချောင်းတွင် KNLA တပ်ဖွဲ့ဝင်လေးဦး လက်နက်များယူပြီး စစ်အာဏာရှင်ထံ ဘက်ပြောင်း

Dawei Watch

September 25, 2025

သရက်ချောင်းမြို့နယ် ၊ ရန်တောင်ရွာ ဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) တပ်ဖွဲ့ဝင်လေးဦး စစ်အာဏာရှင်တပ်ဘက်သို့ ဘက်ပြောင်းသွားကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ ဘက်ပြောင်းသွားသူလေးဦးသည် ကေအဲန်ယူ တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင် ကွပ်ကဲမှုအောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၁ မှ ဖြစ်ကြောင်း ကေဲအန်ယူ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား က အတည်ပြုသည် ။ ယင်းလေးဦးအနက် တစ်ဦးမှာ စစ်အာဏာရှင်တပ်သားဟောင်းဖြစ်ပြီး ကျန်သုံးဦးမှာမူ ကော်သူးလေအာမီ(KTLA) ဘက်မှ ဘက်ပြောင်းလာသူများဖြစ်ကြသည်ဟု ပဒိုစောအယ်နား ကပြောသည် ။ ” ကျွန်တော့်အထင်တော့ အဲဒီ အရင်က စကစ စစ်သားဖြစ်ခဲ့တဲ့တစ်ယောက်က ဦးဆောင်ပြီးတော့ ၊ KTLA က […]