ကမြောကင်းတံတားအနီး ပေါက်ကွဲမှုဖြစ်၍ အမျိုးသမီးနှစ်ဦးဒဏ်ရာရ
diz_admin
December 4, 2022ထားဝယ်မြို့ ကမြောကင်းတံတားအနီး လမ်းမဘေးတွင် ယနေ့ (ဒီဇင်ဘာ ၄) ညနေ လေးနာရီဝန်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ ဆိုင်ကယ်စီးလာသည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံအချို့ထံမှသိရသည်။ ဒဏ်ရာရရှိသူများမှာ ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်သည်။ ယင်းအမျိုးသမီးနှစ်ဦးမှာ မောင်းမကန်မှ ထားဝယ်သို့ပြန်လာစဉ် ထားဝယ်ဘက် ကမြောကင်းတံတားအနီး လမ်း၏ ဝဲဘက်မှ ပေါက်ကွဲမှုတစ်ခုကြောင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “ပေါက်ကွဲသံက အတော်လေးကျယ်တယ်။ မီးခိုးတွေလည်း ထွက်လာတာ မြင်လိုက်တယ်။ ပြီးတာနဲ့အမျိုးသမီးတစ်ဦး လဲနေတာတွေ့ရတယ် “ဟု ၎င်းကပြောသည်။ ဒဏ်ရာရရှိသောအမျိုးသမီး နှစ်ဦးအနက်မှ အသက် ၃၁ နှစ်အရွယ်ရှိ အမျိုးသမီးက မေးစေ့ကွဲကာ ဆိုင်ကယ်ပေါ်မှ ကျသည့်ဒဏ်ရာကြောင့် ဒဏ်ရာပြင်းထန်နိုင်ပြီး […]


