FOEIM ကျောင်းသားမိဘများ ဖမ်းဆီးခံရသည့်သတင်းကြောင့် တနင်္သာရီတိုင်းက ကျောင်းသားမိဘများစိုးရိမ်
diz_admin
March 16, 2023အချက်အလက်ပေါက်ကြားပြီးနောက် ပိတ်သိမ်းလိုက်ပြီဖြစ်သည့် FOEIM အွန်လိုင်းကျောင်းတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားမိဘများ ဖမ်းဆီးခံနေရကြောင်း ပြည်တွင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။ မိဘများဖမ်းဆီးခံလာရသဖြင့် FOEIM တွင် ကျောင်းအပ်ထားသည့် တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘများမှာလည်း စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။ “အစတုန်းကတော့ ဖုန်းဆင်းမ်ကတ်တွေထုတ်ထားလိုက်ရင် အဆင်ပြေမယ်လို့ထင်ထားတာ။ အခုပုံစံ ဖမ်းခံရနေတဲ့သူတွေရှိလာပြီဆိုရင်တော့ အိမ်မှာနေရတာ နောက်ကျောမလုံသလိုဖြစ်လာတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ငွေကြေးအလွဲသုံးစားမှုများဖြင့် နာမည်ဆိုးထွက်လာသည့် FOEIM ကျောင်းသည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များ အွန်လိုင်းပေါ်ပေါက်ကြားလာခဲ့သည်။ ပေါက်ကြားလာသည့်အချက်အလက်များထဲတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်တို့ပါဝင်နေသည်။ ယင်းနောက် မတ်လထဲတွင် ကျောင်းသားမိဘများဖမ်းဆီးခံရသည့်သတင်းများထွက်ပေါ်လာခဲ့သည်။ ပြည်တွင်းသတင်းဌာနအချို့ဖော်ပြချက်အရ ဧရာဝတီတိုင်း မြန်အောင်မြို့က ကျောင်းသားမိဘတစ်ဦးကို မတ်လ ၁၂ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီလော်ဘီ […]


