ထားဝယ်တွင် ရိတ်သိမ်းပြီးစပါးများ အခိုးခံရမှုများလာ
diz_admin
December 7, 2022ထားဝယ်ခရိုင်ရှိ၊ ကျေးရွာအချို့တွင် ရိတ်သိမ်းထားပြီးသော စပါးများ လယ်ထဲထားရှိစဉ် အခိုးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း လယ်သမားအချို့ကပြောသည်။ ရိတ်သိမ်းပြီး လယ်ထဲစုပုံထားသည့် စပါးများကို ညအချိန်တွင် အခိုးခံရလေ့ရှိကြောင်း ၎င်းတို့ကဆိုသည်။ “ညဘက်ကျတော့ ဦးတို့လည်း ညအိပ်မစောင့်ရဲဘူးလေ။ မနက်သွား၊ ညပြန်ဆိုတော့ ညဘက်တစ်ညလုံး စိတ်ကြိုက်ခိုးလို့ရနေတာပေါ့” ဟု လောင်းလုံးမြို့နယ်မှ လယ်သမား ဦးမင်းဟန်ကပြောသည်။ သုံးရက်ဆက်တိုက် အခိုးခံရသဖြင့် စပါး လေးငါးတင်းပါသွားကြောင်း ၎င်းကပြောဆိုသည်။ ထားဝယ်မြို့နယ်မှ အခြားလယ်သမားများလည်း ယင်းသို့ကြုံတွေ့နေကြောင်း ပြောဆိုသည်။ “(ညဘက်) လယ်ထဲမှာ လူမရှိတော့ စိတ်ကြိုက်ခိုးသယ်လို့ရတယ်။ ထော်လာဂျီနဲ့ ဆင်းသယ်တာတောင် သိမှာမဟုတ်ဘူး။ အခုကတော်သေးတာပေါ့ တစ်တင်းစ နှစ်တင်းစလောက်ပဲ သယ်ကြလို့လေ” ဟု ထားဝယ်မြို့အနီးက ကျေးရွာတစ်ရွာမှ လယ်သမားတစ်ဦးကဆိုသည်။ အခါလွန်မိုးကြောင့် လယ်ထဲကစပါးများကို မသယ်နိုင်သေးဘဲ နေ့ဘက်နေလှမ်း၊ ညဘက်လယ်ထဲ စုပုံထားချိန် […]


