လောင်းလုံး ကဒက်ကြီးရွာကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ
diz_admin
March 18, 2023လောင်းလုံးမြို့နယ် ကဒက်ကြီးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ ယနေ့နံနက်အထိ လုပ်ဆောင်နေကြောင်း ဒေသခံအချို့ကပြောသည်။ ကဒက်ကြီးကျေးရွာသို့ မတ်လ ၁၇ ရက် ညပိုင်းတွင် စစ်ကြောင်းဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ခြင်း၊ နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေခြင်းတို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ ကဒက်ကြီးကျေးရွာနှင့်ပတ်သက်ပြီး ကောလဟလသတင်းမျိုးစုံလည်း အနီးဝန်းကျင်ကျေးရွာများတွင် ပျံ့နှံ့လျက်ရှိသည်။ စစ်ကောင်စီက ဒေသခံနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး ဖမ်းဆီးထားသူများထဲမှ အရွယ်ကောင်းအမျိုးသမီးများကို မုဒိန်းကျင့်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ သို့သော်ကဒက်ကြီးကျေးရွာမှ ယုံကြည်စိတ်ချရသည့် သတင်းအရင်းအမြစ်အချို့ထံ Dawei Watch က ယနေ့ (မတ် ၁၈) နံနက် ၁၀ နာရီခန့်က ဆက်သွယ်မေးမြန်းရာတွင် ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း ပြန်လည်ဖြေဆိုသည်။ “အဲလောက်ထိ ဆိုးဆိုးဝါးဝါး မဖြစ်သေးဘူး” ဟု ၎င်းကဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကဒက်ကြီးရွာထဲရောက်နေပြီး ဖမ်းဆီးထားသူများကို ရိက္ခာသယ်ခိုင်းခြင်းများ […]


