ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 28, 2023

လောင်းလုံးမြို့ပေါ်တွင် မတ်လ ၂၇ ညနေပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၆၁ နှစ်အရွယ် ဦးနေလွင်ဦးဖြစ်ပြီး (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည်။ မတ်လ ၂၇ရက် ညနေ ၄နာရီခွဲဝန်းကျင်တွင် (က) ရပ်ကွက်၊ မိတ်ဆက်လမ်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက အဲဒီလမ်းထဲမှာ ထန်းရည် လာသောက်လေ့ရှိတယ်။ ပစ်သံက ခြောက်ချက်လောက်ရှိမယ်” ဟု ၎င်းက ပြောဆိုသည်။ ဘယ်ဖက် ချိုင်းအောက် သေနတ်ဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နားထင် ကျဉ်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါအုပ်ချုပ်ရေးမှူးကို မည်သူ့တို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။ အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင်သွားပြီးနောက် […]

ရေဖြူ ကျေးလက်ဖွံ့ဖြိုးရေးဌာန လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

March 28, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးလွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အသက် ၄၇ နှစ်အရွယ် ဦးအေးလွင်သည် ‌ရေဖြူမြို့နယ် ကျောက်ကညှာကျေးရွာနေထိုင်သူဖြစ်ပြီး ကျေးလက်ဌာနတွင် လက်ထောက်ကြီးကြပ်ရေးမှူး (တွင်းတူး) တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။ “သူကအရင်တုန်းက ယာဉ်မောင်း။ ရာထူးတိုးသွားတော့ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်လာတာပေါ့” ဟု ၎င်းကဆိုသည်။ မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်ကညှာကျေးရွာရှိ ဆွေမျိုးဖြစ်သူ၏ နာရေးပို့ဆောင်ပြီး အပြန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရှိသွားသည့် ဦးအေးလွင်အား ရေဖြူဆေးရုံသို့တင်ပို့ခဲ့ပြီး ယင်းမှတစ်ဆင့် ထားဝယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။ ဦးအေးလွင်သည် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး မိတ်ဆွေစစ်မှုထမ်းဟောင်းများ၊ […]

ကမြောကင်းတံတားသစ် ခရီးသွားများ ဖြတ်သန်းသွားလာရန် စတင်ခွင့်ပြု

diz_admin

March 28, 2023

ထားဝယ်မြို့နှင့်လောင်းလုံးမြို့သို့ ဆက်သွယ်ထားသည့် ကမြောကင်းတံတား (ခေါ်) ထားဝယ်မြစ်ကူးတံတားသစ်ကို မတ်လ ၂၇ ရက် မနက်ပိုင်းကစပြီး ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။ လောင်းလုံးဘက်မှ ထားဝယ်သို့သွားသူများက ကမြောကင်းတံတားသစ်က ဖြစ်သန်းသွားရမည်ဖြစ်ပြီး ထားဝယ်ဘက်မှ လောင်းလုံးဘက်သို့ လာသူများမှာ ကမြောကင်းတံတားဟောင်းက ဖြတ်သန်းသွားရမည်ဖြစ်သည်ဟု လောင်းလုံးမြို့နယ်မှထားဝယ်သို့သွားသည့် ဒေသခံတစ်ဦးကပြောသည်။ ” ဒီနေ့ (မတ် ၂၇)တံတားထိပ်ကနေ လုံခြုံရေးယူထားတဲ့စစ်သားတွေက ပြောနေတယ်။ ထားဝယ် သွားရင် တံတားသစ်ကဖြတ်သွားဆိုပြီး ပြောနေကြတယ်”ဟု ၎င်းကပြောသည်။ သို့သော် ထားဝယ်ဘက်က လောင်းလုံးဘက်လာသည့် ဒေသခံများမှာ ကမြောကင်းလမ်းဟောင်းအတိုင်းလာပြီး တံတားဟောင်းကို ဖြတ်၍ ဗိုလ်မှုးဗထူးရုပ်တုနောက်ကျောကို အဝိုင်းပတ်၍သွားရမည်ဖြစ်ပြီး မောင်းမကန်ကမ်းခြေဘက်သွားရမည့် ဒေသခံများမှာ မူလလမ်းဟောင်းအတိုင်း သွားရမည်ဖြစ်သည်။ လောင်းလုံးမြို့ဘက်မှ မောင်းမကန်ကမ်းခြေဘက်လာသည့် ဒေသခံများမှာ တံတားဟောင်းရှေ့ လက်ဝဲဘက်ယာဉ်ကြောအတိုင်း မူလလမ်းဟောင်းမှ ဖြတ်သွားရမည်ဖြစ်သည်။ ကမြောကင်းတံတားသစ်ကို […]

ရေဖြူရဲစခန်းနှင့် နတလရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

diz_admin

March 25, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ် မြို့မရဲစခန်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးရုံး (နတလ) ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ညသန်းခေါင်အချိန်တွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မတ်လ ၂၄ ရက် ညသန်းခေါင်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သံများဆူဆူညံညံကြားရကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ပစ်သံတွေကတော့ဆူညံနေတာပဲ။ အခုပဲထပြေးရတော့မလိုကိုဖြစ်တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မြို့မရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နတလရုံးကိုမူ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးက ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ချိန် နတလရုံးထဲတွင် ဝန်ထမ်းအချို့ရှိသော်လည်း ထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဝန်ထမ်းတွေကို အပြင်ခေါ်ထုတ်ပြီးမှ ရုံးကို မီးရှို့လိုက်တာလို့ ပြောသံကြားရတယ်” ဟု ၎င်းဒေသခံက ပြောသည်။ ညသန်းခေါင်ကျော်အချိန် လာရောက်တိုက်ခိုက်ခြင်းဖြစ်ခြင်းကြောင့် ရဲစခန်း၏ထိခိုက်မှုအခြေအနေကိုမူ မသိရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းတွင်မူ […]

ကုန်တင်ကားဝင်တိုက်သဖြင့် သုံးဘီးယာဉ်မောင်းသေဆုံး

diz_admin

March 25, 2023

ထားဝယ်မြို့နယ် ဇဟာရွာအနီး ယနေ့(မတ် ၂၅)နံနက်ပိုင်းက ရပ်ထားသည့်သုံးဘီးယာဥ်ကို ကုန်တင်ကားက နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှသိရသည်။ ယနေ့နံနက် အစောပိုင်းက ရေဖြူဘက်မှလာသော ကုန်တင်ကားမှာ ထားဝယ်မြို့ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာကြားတွင် ထားဝယ်ဘက်ခေါင်းလှည့် ရပ်ထားသည့် သုံးဘီးမော်တော်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်ကပြောသည်။ “သုံးဘီးကားရောလူရော လမ်းဘေးမြောင်းထဲကျသွားတယ်။ ယာဉ်မောင်းကတော့ သေသွားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ သေဆုံးသူမှာ သုံးဘီးယာဉ်မောင်းဖြစ်သူ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ် ဆင်းသေရွာသား ဦးစိုးဝင်းဆိုသူဖြစ်သည်။ သေဆုံးသူအမျိုးသားသည် ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် ညစောင့်လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။ ယနေ့နံနက်စောစောပိုင်းတွင် ထားဝယ်မြို့၏ အနီးတစ်ဝိုက်တွင် ဆီးနှင်းများထူထပ်စွာ ကျရောက်လျက်ရှိပြီး အခင်းဖြစ်ပွားရာ နေရာအနီးလမ်းမပေါ်တွင်လည်း ဆယ်ပေကွာတွင်ရှိသည့် […]

ထားဝယ် ဇဟာရွာအုပ်စုထဲ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပေါက်ကွဲ

diz_admin

March 24, 2023

ထားဝယ်မြို့နယ် ဇဟာရွာကျေးရွာအရှေ့ဘက်ရှိ ဒေါင်းရှောင်ဘက်ပိုင်းကို ယနေ့ မတ်လ ၂၄ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများထံမှသိရသည်။ အိမ်ဝိုင်းတစ်ခုထဲသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အိမ်အနောက်ဘက် ရေမော်တာနှင့် အိမ်ရှေ့ကွမ်းသီးပင်တို့ကို ထိမှန်ကြောင်း ဇဟာရွာသူတစ်ဦးက ပြောသည်။ “အိမ်မှာက အမေတစ်ယောက်တည်းရှိတာ။ အိမ်အရှေ့တစ်လုံး၊ အိမ်အနောက်တစ်လုံး ကျတယ်။ အိမ်အရှေ့မှာ တွင်းတစ်တွင်းတွေ့တယ်။ အိမ်နောက် ရေစက်က ကြေနေတယ်” ဟု ၎င်းက ပြောဆိုသည်။ ယနေ့ နံနက် ၇နာရီခန့်ကစပြီး ထားဝယ်မြို့အနီး ဇဟာနှင့် မောင်မယ်ရှောင်ရွာဝန်းကျင်တို့က လက်နက်ကြီးပစ်ခတ်သံ ဆယ်ချက်ထက်မနည်း ကြားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ မောင်မယ်ရှောင်နှင့် ဇဟာရွာတို့မှာ ရွာချင်းဆက်တည်ရှိသည်။ ဇဟာရွာ၏ အရှေ့ဘက်တွင် စစ်ကောင်စီတပ် အမှတ် ၃၀၂ အမြှောက်တပ်ရင်းရှိသည်။ လက်နက်ကြီးပစ်ခတ်သံများမှာ အဆိုပါအမြှောက်တပ်ရင်းဘက်က […]

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်ရှောင်မိသားစုဝင် ၁၀ဦးကျော် သတင်းအစအနမရ

diz_admin

March 24, 2023

လောင်းလုံးမြို့နယ်တွင် ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် စစ်ဘေးရှောင်မိသားစုဝင် ၁၃ဦး မိသားစုနှင့် အဆက်အသွယ်မရဘဲ သတင်းအစအနပျောက်နေကြောင်း စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာ၌ တိမ်းရှောင်နေသည့် စစ်ဘေးရှောင်မိသားစုဝင်များကို မတ်လ ၁၇ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဆက်သွယ်မရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် နီးစပ်သူတို့က ပြောသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးများကိုသာချန်ထားခဲ့ပြီး ကျန်အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးများကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး စုစုပေါင်း ၁၃ ဦးရှိကြောင်း နီးစပ်သူတစ်ဦးက ဆိုသည်။ အဖမ်းမခံရဘဲ ကျန်ခဲ့သည့် စစ်ဘေးရှောင်များမှာ လတ်တလော လုံခြုံသည့်အနေအထားတွင် မရှိသေးသဖြင့် ဖမ်းဆီးခံရသူများ၏ အမည်နှင့် တိမ်းရှောင်နေရသူတို့၏ အမည်၊ ‌တည်နေရာတို့ကို ဖော်ပြနိုင်ခြင်း မရှိသေးပ။ “ဖမ်းသွားတဲ့နေ့ကစပြီး ဘာသတင်းမှ မကြားရတော့ဘူး။ တချို့ကလည်း […]

ထားဝယ်တွင် ‘ယ’ နံပါတ် တစ်ပတ်ရစ်ဆိုင်ကယ်များ ဈေးထိုးတက်

diz_admin

March 24, 2023

ထားဝယ်ဈေးကွက်အတွင်း ‘ယ’ နံပါတ်ပါ တစ်ပတ်ရစ်ဆိုင်ကယ်များ အဝယ်များ၍ ဈေးထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ မန္တလေး၊ မော်လမြိုင် အစရှိသည့် အခြားတိုင်းနှင့် ပြည်နယ်ရှိ ဝယ်လက်များက ‘ယ’ နံပါတ်ပါ ဆိုင်ကယ်များကိုသာ ဝယ်ယူကြသည့်အတွက် အရောင်းအဝယ်သွက်သလို ဈေးလည်း မြင့်တက်သွားကြောင်း ဆိုင်ကယ်ဝယ်ရောင်းသူအချို့က ပြောသည်။ ဝယ်လက်များက တစ်နိုင်ငံလုံးတွင်စီးခွင့်ရှိသည့် ‘ယ’ နံပါတ်ရှိမှသာ ဝယ်ယူကြပြီး ကလစ်ဆိုင်ကယ်ကို အဓိကထား ဝယ်ယူကြခြင်းဖြစ်သည်။ ပြီးခဲ့သည့်နှစ်က ၂၁၀၅ ခုနှစ်ထုတ် တစ်ပတ်ရစ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် ၁၅ သိန်းဝန်းကျင်နှင့် ၂၀၁၆ ခုနှစ်ထုတ် တစ်စီးလျှင် ၁၇ သိန်းဝန်းကျင် ပေါက်ဈေးရှိခဲ့သည်။ လက်ရှိတွင်မူ ၂၀၁၅ ခုနှစ်ထုတ်တစ်စီးလျှင် ၂၂ သိန်းကျော်နှင့် ၂၀၁၆ ခုနှစ်ထုတ်တစ်စီးလျှင် ၂၅ သိန်းကျော်အထိ ပေါက်ဈေး ရှိနေကြောင်း […]