ထားဝယ်အရှေ့တောဒေသကို ထပ်မံစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ဒေသခံသုံးဦးကိုဖမ်းဆီး
Dawei Watch
August 22, 2023ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို ထပ်မံစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဒေသခံရွာသားသုံးဦးကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံအချို့က ပြောသည်။ ဩဂုတ်လ ၂၁ ရက် နံနက် ၄ နာရီခန့်က ပခပ်ရွာသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် သင်္ကန်းတုံးရွာဖက်သို့ ထွက်လာစဉ် ရမ္မဇူရွာသားတစ်ဦးနှင့် သရက်ငုတ်ရွာသားတစ်ဦးတို့ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ဆိုသည်။ သင်္ကန်းတုံးရွာတွင် ညအိပ်ကာ စခန်းချခဲ့ပြီးနောက် ယနေ့ ဩဂုတ်လ ၂၂ရက် နံနက်တွင် ဒေသအခေါ် လားတောင် ဖက်မှ ဝကုန်းရွာဖက်သို့ လာစဉ် တောလမ်းမှာတွေ့သည့် ခြံလုပ်ငန်းလုပ်ကိုင်သူ ဝကုန်းရွာသားတစ်ဦးကို ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဝကုန်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ဝကုန်းရွာဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသဖြင့် ဘုန်းကြီးကျောင်းက ရဟန်းများလည်း ထွက်ပြေးနေရကြောင်း ၎င်းက ဆိုသည်။ အထက်ပါအမျိုးသမီးသည်လည်း […]


