BREAKING
November 10, 2025

ထားဝယ်

အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဆိုကာ ကားတစ်စီးပစ်ခတ်ခံရ၊ နယ်ထိန်းသမီးနှင့် မိခင်အပါအဝင်သုံးဦးသေဆုံး

diz_admin

April 20, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် အစစ်ဆေးမခံဘဲ မောင်းပြေးသည်ဟုဆိုကာ ကားတစ်စီးပစ်ခတ်ခံရပြီး နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်း၏ သမီးနှင့် မိခင်အပါအဝင် သုံးဦးသေဆုံးကြောင်း စုံစမ်းသိရသည်။ နယ်ထိန်း ဒုရဲအုပ် သက်ဇော်ထွန်းမှာ ထားဝယ်မြို့နယ် ကျောက်မဲတောင်နယ်မြေရဲစခန်းက နယ်ထိန်းဖြစ်သည်ဟု ဆိုသည်။ ထားဝယ်တွင် နေထိုင်သည့် နယ်ထိန်း၏ မိခင်နှင့် သမီးဖြစ်သူကိုသွားကြိုပြီးအပြန် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ဧပြီလ ၁၉ ရက် နံနက်ပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါကားမှာ အသွားခရီးတွင် စစ်ဆေးခံခဲ့ပြီး အမျိုးသားနှစ်ဦး လိုက်ပါလာခဲ့ကြောင်း ဥဩစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဥဩစစ်ကြောင်းမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခြောက်ခုဖြင့် ဖွဲ့စည်းထားသည်။ အပြန်တွင်မူ ကားကို စစ်ဆေးရန် လမ်းဘေးချရပ်ခိုင်းရာ မောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက […]

ကမြောကင်းတံတားတွင် စစ်ဆေးမှုတင်းကျပ်၊ မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရ

diz_admin

April 20, 2023

ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သော ကမြောကင်းတံတားတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာပြီး မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားပြည်သူများက ပြောသည်။ သင်္ကြန်မတိုင်ခင်က တံတားကို ဖြတ်သန်းသွားလာလျှင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တွန်း၍ သွားလာရခြင်း၊ ဆိုင်ကယ်တူးဘောက်ဖွင့် စစ်ဆေးခြင်း၊ ပိုက်ဆံအိတ်များကိုသာ ဖွင့်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ သင်္ကြန်ပွဲတော်အပြီးတွင် မှတ်ပုံတင်ပါ ပြရသည့်အပြင် မှတ်ပုံတင်ပါ ဓာတ်ပုံနှင့် လူမျက်နှာ၊ ကိုယ်ရေး အချက်အလက်များကိုလည်း တိုက်ဆိုင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီနေ့မနက်ကဆိုရင် လမ်းကြောင်းတောင် ခဏပိတ်သွားတယ်။ ကားပေါ်က ခရီးသည်တွေလည်း အကုန်ဆင်းပြရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မှတ်ပုံတင် မပါလာသူများဆိုလျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လှည့်၍ယူခိုင်းခြင်း၊ အချို့ကို နောက်ဆုံးအကြိမ် အဖြစ် သတိပေးကာ ဖြတ်သန်းခွင့်ပြုခြင်းများရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ခရီးသွားပြည်သူအချို့က ပြောပြသည်။ ယင်းသို့ […]

ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သည်ဆိုသူ ငါးဦးကို ဆက်လက်ဖမ်းထားဟု သရက်ချောင်းပကဖဆို

diz_admin

April 20, 2023

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ဧပြီလ ၃ ရက်နေ့က ဖမ်းဆီးမိသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ထိန်းသိမ်းထားဆဲဖြစ်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့(ပကဖ) ထံမှသိရသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကို ဘုရားဖူးသွားသည်ဆိုသော အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးကို ပျူစောထီး၊ စစ်ကောင်စီနှင့်ပတ်သက်သူများဟုဆိုကာ PDF အဖွဲ့က ဧပြီလ ၃ ရက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးလေးဦးကို စစ်ဆေးရာ ပျူစောထီးခေါင်းဆောင် ဦးအောင်စိန်၏ ဇနီးတစ်ဦးအပါအဝင် ပျူစောထီးအဖွဲ့ဝင်နှင့် စစ်ကောင်စီကို သတင်းပေးနေသူများဖြစ်သည်ဟု ဝန်ခံထားပြီးဖြစ်ကြောင်း သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) မှတာဝန်ရှိသူအချို့က ပြောဆိုသည်။ “အခုတော့ လုံခြုံတဲ့တစ်နေရာမှာ ထိန်းသိမ်းထားပြီးတော့ ဖမ်းထားတာပေါ့နော်၊ သတ်ဖြတ်တာတွေတော့ မရှိဘူးပေါ့” ဟု ၎င်းကပြောသည်။ ဖမ်းဆီးခံရသည့် အမျိုးသားမှာ အသက် ၄၀ ကျော် ၅၀ ဝန်းကျင်ခန့်ရှိပြီး အမျိုးသမီးကြီးများမှာ အသက် ၅၀ ကျော်မှ […]

လောင်းလုံးတွင် အချင်းများရာမှ ပစ်ခတ်မှုဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

diz_admin

April 20, 2023

လောင်းလုံးမြို့နယ်၊ ဝဗျောရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် အမျိုးသားနှစ်ဦး အချင်းများရာမှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများပြောဆိုချက်အရသိရသည်။ သေဆုံးသူမှာ မကျွန်းမော်ရွာသား ဦးတင်စိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဧပြီလ ၁၈ ရက် ညနေပိုင်းက ဝဗျောဈေးအနီးရှိ အရက်ဆိုင်တွင် အချင်းများကြရာမှ အရက်ဆိုင်ရှင် ဦးဘချစ်ခိုင်ဆိုသူက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာကြောင့် ပစ်သတ်တယ်ဆိုတာတော့ မသိရဘူး။ ဘချစ်ခိုင်ကတော့ ထွက်ပြေးသွားပြီလို့သိရတယ်” ဟု အထက်ပါ ဒေသခံက ပြောဆိုသည်။ အချင်းများကြသည်ဟုသာ သိရပြီး မည်သည့်အကြောင်းအရင်းကြောင့် အချင်းများကြသည်ကိုမူ သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ပစ်ခတ်ခံရပြီနောက် ဦးတင်စိုးကို ထားဝယ်ဆေးရုံသို့ အရေးပေါ်ကားဖြင့် သယ်ဆောင်သွားစဉ် လမ်းခရီးတွင် သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးတင်စိုးမှာ လောင်းလုံးမြို့နယ် […]

သင်္ကြန်အပြီး ထားဝယ်တွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုပြန်တင်းကျပ်

diz_admin

April 20, 2023

ထားဝယ်မြို့ပေါ်၌ သင်္ကြန်ကာလတွင် ဆိုင်ကယ်စစ်ဆေးဖမ်းဆီးမှုများ မရှိခဲ့သော်လည်း သင်္ကြန်ကာလကျော်သည်နှင့် ပုံမှန်အတိုင်းပြန်လည်စစ်ဆေးတင်းကျပ်လာကြောင်း မြို့ခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်မြို့တွင် ဆိုင်ကယ်ဦးထုပ် မဆောင်းသူများ၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့သော အထောက်အထားစာရွက်စာတမ်းမရှိဘဲ ‌‌မော်တော်ယာဉ်မောင်းနှင်ခြင်းတို့ကို တင်းတင်းကျပ်ကျပ် စစ်ဆေးဖမ်းဆီးခဲ့သည်။ ယင်းအပြင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်းအတူမစီးရ၊ အမျိုးသမီးနောက်တွင် အမျိုးသားလိုက်ပါ မစီးနင်းရ စသည့် မော်တော်ယာဉ် ဥပဒေတွင်မပါသည့် စည်းကမ်းအချို့ကိုလည်း ထုတ်ပြန်ခဲ့သည်။ ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကပါ မြို့အတွင်းလှည့်ပတ်သွားလာက စစ်ဆေးတင်းကျပ်နေပြီး တစ်ခါတရံ ပစ်ခတ်ဖမ်းဆီးခြင်းပင် ပြုလုပ်လေ့ရှိသည်။ သင်္ကြန်ကာလတွင်မူ ‌မော်တော်ဆိုင်ကယ်နှင့်ပတ်သက်ပြီး စစ်ဆေးမှု မပြုလုပ်တော့ကြောင်း မြို့ခံအချို့က ပြောသည်။ သင်္ကြန်အတွင်း ဆိုင်ကယ်ဦးထုပ်မဆောင်းဘဲ မြို့ထဲဆိုင်ကယ်မောင်းနှင်နေသူများကို တွေ့ရပြီး သင်္ကြန်မဏ္ဍပ်သို့လည်း အမျိုးသားနှစ်ဦး ဆိုင်ကယ်စီးပြီး ရေပက်ခံနေသည်ကိုတွေ့ရကြောင်း မြို့ခံအချို့က ဆိုသည်။ “မဏ္ဍပ်ရှေ့မှာ မော်တော်ပီကယ်ရှေ့မှာ ကိုယ်တိုင်ပဲ စီးနေကြတာ။ […]

လောင်းလုံးတွင် PDF နှင့် မူးယစ်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့ နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်

diz_admin

April 19, 2023

လောင်းလုံးမြို့နှင့်အနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်အဖွဲ့၊ ပျူစောထီးအဖွဲ့တို့နှင့် နှစ်ရက်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပထမအကြိမ်မှာ ဧပြီလ ၁၇ ရက်တွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (Dawei Defense Team DDT တပ်ခွဲ ၃) နှင့် လောင်းလုံးမြို့ရှိ ပျူစောထီးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားကြောင်း DDT က သတင်းထုတ်ပြန်ထားသည်။ DDT တပ်ဖွဲ့ဝင်တို့ ခရီးသွားနေစဉ် ပျူစောထီးအဖွဲ့ဝင် ၅ ဦးက အသင့်စောင့်ဆိုင်းပြီး ပစ်ခတ်ဖမ်းဆီးရန် လုပ်ဆောင်လာသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ပစ်တာက မြို့ထဲမှာတော့ မဟုတ်ဘူး။ မြို့အပြင်မှာဖြစ်ကြတာ။ အဲဒီလောက်ပဲသိတယ်။ အသေးစိတ်တော့မသိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ နောက်တစ်ရက် ဧပြီလ ၁၈ ရက်ညတွင်မူ လောင်းလုံးမြို့နှင့်ကပ်လျက်တည်ရှိသည့် ညင်းမော်ရွာရှိ မူးယစ်ဆေး အဖွဲ့နှင့် […]

သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး သရက်ချောင်းဘုတ်တောင်တွင် အဖမ်းခံရ

diz_admin

April 19, 2023

ပုလောမြို့မှ ထားဝယ်မြို့သို့ သင်တန်းတက်ရန်လာသည့် ကျောင်းဆရာမတစ်ဦး ဧပြီလ ၁၈ ရက်က သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင် ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ အဖမ်းခံရသူမှာ ပုလောမြို့နယ်၊ ခန္ဒီကျေးရွာမှ အလယ်တန်းပြဆရာမဖြစ်ပြီး ထားဝယ်မြို့တွင် ပညာရေးဘွဲ့(B.Ed) သင်တန်းတက်ရန် လာခြင်းဖြစ်ကြောင်း တိုင်းပညာရေးမှုးရုံး တာဝန်ရှိသူတစ်ဦးကပြောသည်။ ပုလောမြို့မှ ထားဝယ်သို့အလာ သရက်ချောင်းမြို့နယ် ဘုတ်တောင်အရောက်တွင် အမည်မသိ လက်နက်ကိုင်များက ခရီးသည်တင်ကားပေါ်ပါလာသည့် ကျောင်းဆရာမ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူကပြောသည်။ စစ်‌ဆေးပြီးနောက် ကျန်ကျောင်းဆရာမသုံးဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းဆရာမတစ်ဦးကို ယနေ့ ဧပြီလ ၁၉ ရက်အထိ ပြန်မလွှတ်ပေးသေးကြောင်း ၎င်းပြောကြားသည်။ “မြို့နယ်ရုံးကို ဖုန်းလှမ်းဆက်တော့ မလွှတ်လာသေးဘူးလို့ပြောတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အဲဒါလဲမသိရဘူး” ဟု ၎င်းကဆိုသည်။ ဒေသခံအချို့ကမူ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ခိုင်လုံသည့် အကြောင်းပြချက်ရှိသဖြင့် […]

ထားဝယ်မြို့တွင် နေအိမ်ထဲဝင်ခိုးသည်ဆိုသည့် လူငယ်တစ်ဦး ပစ်သတ်ခံရ

diz_admin

April 18, 2023

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဝင်ခိုးခဲ့သည်ဟုဆိုသည့် အသက် ၂ဝအရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်လိုက်ကြောင်း မြို့ခံအချို့က ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် ညနေက ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် သူခိုးဝင်သည့်အတွက် ရပ်ကွက်နေသူများက လိုက်လံဖမ်းဆီးခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ ထိုသို့ လိုက်လံဖမ်းဆီးနေစဉ် စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီးနောက် သူခိုးဟုဆိုသူကို ပစ်ခတ်ဖမ်းဆီးရာမှ ခန္ဓာကိုယ်အပေါ်ပိုင်းတွင် သေနတ်ဒဏ်ရာများရပြီး သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ “ဝင်ခိုးတာ လိုက်ဖမ်းကြရင်း ဟိုလူတွေ (စစ်ကောင်စီတပ်သားတွေ) သိသွားလို့ လာကြတာလို့ထင်တယ်” ဟု အဆိုပါ မြို့ခံအမျိုးသားက ပြောသည်။ သူခိုးဟုဆိုသူမှာ ရပ်ကွက်နေသူများလိုက်ဖမ်းသဖြင့် ထွက်ပြေးရာမှ ကြက်စားပြင်ရပ်ကွက်ရှိ အခြားနေရာတစ်ခုတွင် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခြားမြို့ခံတစ်ဦးက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားမှာ ယခင်က […]