ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲ

Dawei Watch

August 29, 2023

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရဘဲ ဖြစ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ဩဂုတ်လ ၂၈ ရက်ကစပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ ကားတစ်စီးလျှင် ကျပ်တစ်သောင်းဝန်းကျင် စသည့်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဆိုသည်။ “ကမ်းနားဆီဘောမှာသွားဝယ်ရင်တော့ ပုံးတွေနဲ့ နဲနဲပါးပါး ရောင်းပေးတာတော့ရှိတယ်။ မြို့ထဲက ဆီဆိုင်ကြီးတွေ ဥပမာ DPPC ဆိုင်မှာဆို ပုံးနဲ့ဝယ်ရင်မရောင်းပေးဘူး။ ဆိုင်ကယ်ထဲ ဆီအပြည့်ထည့်ချင်ရင် ဟိုဆိုင်မှာ ငါးထောင်၊ ဒီဆိုင်မှာ ငါးထောင် လိုက်ထည့်ရင်တော့ရတယ်” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၉ ရက် နေလယ် ၂ နာရီခန့်က ပြောဆိုသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့ကို ဆက်သွယ်မေးမြန်းရာ အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး အချို့ကမူ ကန့်သတ်မထားဘဲ ရောင်းချပေးနေကြောင်း […]

လောင်းလုံး တီဇစ်ရွာကို စစ်ကြောင်းထိုးနေသဖြင့် လူထောင်ချီထွက်ပြေး၊ ဒေသခံဆယ်ချီအဖမ်းခံရ

Dawei Watch

August 27, 2023

လောင်းလုံးမြို့နယ် တီဇစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံထောင်နှင့်ချီ ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်အင်အား ၆၀ ခန့်သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြိုသို့ ရောက်ရှိလာ ပြီးနောက် ညနေပိုင်းတွင် မြို့၏ အနောင်တောင်ဘက် စမ်းလှမ်းရွာမှတစ်ဆင့် ထပ်ကုန်းပြင်၊ ဖိုးလမော်၊ တီဇစ်ရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညနေသုံးနာရီလောက်ရှိပြီ သူတို့လာတာ။ ကုန်းကြောင်းအတိုင်းပဲလာတာ။ လမ်းက ဖမ်းလာတဲ့သူက သုံးဆယ်နီးပါး လောက်ရှိတယ်လို့ ကြားရတယ်။ ရွာကလူတွေနဲ့ပါဆို ခြောက်ဆယ်လောက်ရှိမယ်။ ညကတဲ့က တီဇစ် အထက် ကျောင်း (ဘုန်းကြီးကျောင်း) မှာ ဖမ်းထားတဲ့သူတွေနဲ့အတူ သူတို့ တပ်စွဲနေထိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။ စစ်ကြောင်းဝင်လာချိန်မှ ယနေ့ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းအထိ […]

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူအမျိုးသမီး သေဆုံး

Dawei Watch

August 27, 2023

ရေဖြူမြို့ အနောက်ဘက်ကမ်း ရပ်တော်မူဘုရားလမ်းဆုံအနီးတွင် စစ်‌ကောင်စီတပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးမှာ မနေ့(သြဂုတ် ၂၆)ညပိုင်းတွင် သေဆုံးသွားသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ သေဆုံးသူမှာ ရေဖြူမြို့နေ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်သွယ်သွယ်ဝင်းဆိုသူဖြစ်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က ရေဖြူရပ်တော်မူဘုရားလမ်းဆုံးအနီးတွင် စစ်ကောင်စီတပ်က ဖမ်းလာသူတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် ဒေါ်သွယ်သွယ်ဝင်း အပါအဝင် ဒေသခံလေးဦး ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်သွယ်သွယ်ဝင်းသည် သေနတ်ထိမှန်ပြီးနောက် ရှစ်ရက်အကြာ ဩဂုတ်လ ၂၆ ရက် ည ၇ နာရီ ခွဲခန့်တွင် မက်ဒီလန်းဆေးရုံ၌ သေဆုံးသွားသည်ဟု ‌ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “ထိတာက ဒူးခေါင်းမှာတစ်ချက်၊ ပေါင်ရင်းဆီးအိမ်နားမှာ တစ်ချက်၊ ဆီးအိမ် ချုပ်လိုက်ရတယ်။ အူမ နှစ်ချက်ထိတယ်။ ဒူးခေါင်းကကျည်ဆံလည်း မထုတ်ရသေးဘူး”ဟု ၎င်းကပြောသည်။ […]

ထားဝယ်ထောင် ဝန်ထမ်းများကို လူသစ်များဖြင့် အစားထိုးဟုဆို

Dawei Watch

August 26, 2023

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းအားလုံးနီးပါးကို စစ်ကောင်စီက လူသစ်များဖြင့် အစားထိုးထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့၏ အဆိုအရသိရသည်။ ထားဝယ်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးနှင့် မိုဘိုင်းဖုန်းများဖမ်းမိပြီးနောက် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ၊ ထောင်အရာရှိများနှင့် ထောင်မှူးတို့ကို စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု အတွင်းသတင်းများအရ သိရသည်။ “ဝန်ထမ်းဟောင်းတွေက သုံးလေးယောက်လောက်ပဲကျန်တယ်၊ ကျန်တာအကုန်လုံးက ဝန်ထမ်းအသစ်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။ ထားဝယ်အကျဉ်းထောင်၏ ထောင်ဝင်စာ ရိက္ခာပို့သည့်နေရာတွင် ဝန်ထမ်းအသစ်များကိုတွေ့ရပြီး ဟင်းနှင့်အကြော်အလှော် ပါဆယ်ထုတ်များကို လင်ဗန်းထဲသွန်ချ၍ ဇွန်းဖြင့် တဇွန်းချင်းပြန်ခပ်ထည့်ကာ အသေးစိတ် စစ်ဆေးနေသည်ဟု ထောင်ဝင်စာပို့နေသူ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ “အခုက ထောင်ဝင်စာပို့ရတာ မလွယ်တော့ဘူး၊ အချိန်ပေးရတာပေါ့နော်၊ တစ်ယောက်ကို တစ်နာရီလောက်ကြာတယ်၊ အသေးစိတ်ကို စစ်တာ၊ အဓိကတော့ ဖုန်းတွေ မူးယစ်ဆေးတွေပါလားဆိုပြီး စစ်တာဖြစ်သွားပြီ” ဟု […]

ကွမ်းသီးပင်ပေါ်မှ ပြန်မဆင်းနိုင်သည့်ကြောင်ကို ထားဝယ်မီးသတ်ကယ်ဆယ်ခဲ့ရ

Dawei Watch

August 25, 2023

ထားဝယ်မြို့၊ ခုံဝင်းဒပ်ရပ်၊ စံပယ်လမ်းတွင် ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက်ပိုင်းက ကွမ်းပင်ပေါ်တက်ပြီး ပြန်မဆင်းနိုင်တော့သည့် ကြောင်တစ်ကောင်ကို ကယ်ဆယ်ခဲ့ရကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်သည်။ ယနေ့ နံနက် ၈ နာရီခန့်က ကြောင်ပိုင်ရှင်၏ အကူညီတောင်းခံချက်အရ ဒုဦးစီးမှူးဦးမောင်မောင်အေးနှင့် တပ်ဖွဲ့ဝင် ငါးဦး သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါ ရွှေဝါရောင်ကြောင်မှာ လမ်းမဘေးရှိ နေအိမ်ခြံထောင့်တွင်ရှိသော ကွမ်းသီးပင်၏ ထိပ်တွင်တက်ရောက်နေခြင်းဖြစ်သည်။ အဆိုပါကြောင်အား မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ကား၊ လှေကားတို့အသုံးပြုကာ ကယ်ဆယ်ခဲ့ရပြီး ပိုင်ရှင်ထံပြန်လည်အပ်နှံပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ထားဝယ်မြို့နယ် မီးသတ်တပ်ဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ရှစ်လအတွင်း မီးလောင်မှု ၁၄မှု၊ သဘာဝဘေးခြောက်မှုတို့ကို ဒေသခံပရဟိအဖွဲ့များနှင့် ပူးပေါင်း၍ ကူညီ‌ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ […]

ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချ

Dawei Watch

August 25, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ တရားရုံးမှ ပုဒ်မ ၅၀၅(က) ဖြင့် ဩဂုတ်လ ၂၃ ရက် က ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်ပြီဟုဆိုသည်။ “အဓိက ကတော့ စစ်ကောင်စီက ၅၀၅(က) နဲ့ တရားစွဲတယ်။ အဲဒီပုဒ်မရဲ့ပြဌာန်းချက်တွေအရလည်း အဖေက ဘာတစ်ခုမှ ကျူးလွန်ထားတာမျိုးမရှိဘူး“ ဟုကိုမင်းလွင်ဦးကပြောသည်။ စစ်ကောင်စီက ပြည်သူလူထု တစ်ရပ်လုံးအပေါ် အခွင့်အရေး ချိုးဖောက်နေသည်မှာ ယခုလုပ်ရပ်က ပိုမိုမြင်သာထင်သာရှိသွားကြောင်း ၎င်းကဆိုသည်။ ဦးအောင်ဖေမှာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လေ့မရှိဘဲ အေးအေးချမ်းချမ်းနေသူ တစ်ဦးဖြစ်ကြောင်း၊ သားဖြစ်သူကို မမိသဖြင့် ဖခင်ကိုဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာနေအိမ်တွင် ဇွန်လ ၁၉ ရက်က […]

သရက်ချောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်

Dawei Watch

August 25, 2023

သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က ညနေပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့က ပြောသည်။ တောင်ပျောက်တိုက်နယ် ဝင်းကဖော်အနောက်ကမ်းမှ ပြန်ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဝင်းဝရွာဘက်မှ မင်းဒပ်၊ ကမြိုင်၊ ရငဲရွာဘက်ကို ခြေလျှင်ခရီးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။ ညနေ ၃ နာရီခန့်တွင် ကမြိုင်ရွာနှင့် ရငဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မိုင်းဆွဲခံရပြီးတဲ့နောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်၊ ပစ်ခတ်မှုဖြစ်တာ ၁ နာရီလောက်ကြာတယ်” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၂ ရက်မှစပြီး ရငဲရွာမြွေတောင်တွင် နှစ်လကျော်ကြာတပ်စွဲနေထိုင်ခဲ့သည့် […]

ကလိန်အောင်တွင် ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိပြီး အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

August 24, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် ဆံတော်ရှင်ဘုရားတောင်တက်လမ်းအနီး၌ ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိသဖြင့် ဆိုင်ကယ်မောင်းသူ သေဆုံးကြောင်း မြို့ခံများက ပြောသည်။ ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်းမဘေးတွင် နေထိုင်သည့် အသက်၆၅ နှစ်အရွယ် ဦးသိန်းဝင်းဆိုသူသည် ဆံတော်ရှင်ဘုရားတောင်ခြေရှိ ၎င်း၏ဥယျာဉ်ခြံမှ ဩဂုတ်လ ၂၃ရက် နံနက် ၉နာရီခန့်တွင် ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ယာဉ်တိုက်မှုဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ယာဉ်တိုက်မှုဖြစ်တဲ့နေရာက တောင်အဆင်းနဲ့ လမ်းသုံးခွ ဆုံချက်နေရာ။ သူ့ဆိုင်ကယ်မှာကလည်း ကွမ်းသီးအိတ်က ရှေ့တစ်အိတ်၊ နောက်တစ်အိတ်တင်လာတယ်။ တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားတဲ့ဒိုင်နာကားနဲ့ ဝင်တိုက်မိပြီး ပွဲချင်းပြီးဆုံးသွားတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။ ဒိုင်နာကားယာဉ်မောင်းကိုမူ ယမန်နေ့က ရဲစခန်းက ခေါ်ယူစစ်ဆေးပြီးနောက် ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လကလည်း ကလိန်အောင်မြို့တွင် သဲတင်ကားနှင့် မော်တော်ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်တွင် […]