ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် ကျောက်ရပ်ရွာတွင် နေအိမ်တစ်လုံး မီးရှို့ခံရ

Dawei Watch

September 1, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ကျေးရွာတွင် ဩဂုတ်လ ၃၁ ရက် ညနေပိုင်းက နေအိမ်တစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။  မီးရှို့ခံရသည့် နေအိမ်မှာ ကိုဖိုးလုံး (ခေါ်) ကိုဇင်ဇင်၏ ဇင်ဇင် ရေခဲမုန့်ဆိုင်ဖွင့်ထားသည့် အိမ်ဖြစ်ကြောင်း၎င်းတို့က ဆိုသည်။ အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက နေအိမ်ကို ဝင်ရောက်ရှာဖွေပြီးနောက် မီးရှို့သွားခြင်းဖြစ်ကြောင်းဒေသခံအချို့က ပြောဆိုသည်။  “၅နာရီ ဝန်းကျင်လောက်က ကျောက်ရပ်ရွာလယ်ဇရပ်ကနေ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ထွက်ကြည့် လိုက်မှ ဇရပ်နားက ရေခဲမုန့်ဆိုင်လည်း မီးခိုးထွက်လာတယ်” ဟု ကျောက်ရပ်ရွာသားတစ်ဦးကပြောသည်။ ကိုဇင်ဇင်သည် ကျောက်ရပ်ကျေးရွာအုပ်စုရှိ ပျူစောထီးအဖွဲ့များအတွက် လစဉ်ကြေး (ဆက်ကြေး) လိုက်လံကောက်ခံပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။  အထက်ပါပြောဆိုချက်အပေါ် Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။  နေအိမ်မီးရှို့ခံရပြီးနောက် ထားဝယ်မြို့က မီးသတ်ကား သုံးစီးဖြင့် လာရောက် မီးငြှိမ်းသတ်ခဲ့ပြီး ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားကိုလည်း ဖြတ်သန်းခွင့် တစ်နာရီနီးပါးပိတ်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။  ဩဂုတ်လ ၃၁ ရက်ညအထိ ပျူစောထီးများ သေနတ်ဖောက်သံကို ကြားနေရသေးကြောင်းလည်း ဒေသခံများက ပြောသည်။ မီးရှို့ခံရသည့်နေအိမ်အရှေ့ဆိုင်ခန်းနေရာ အားလုံးနီးပါး မီးလောင်ကျွမ်းသွားပြီး မီးလောင်ကျွမ်းထားသောကား တစ်စီးလည်း အိမ်ရှေ့တွင် ရှိနေကြောင်း ကျောက်ရပ်ရွာသားများက စက်တင်ဘာလ ၁ရက်နေ့နံနက်ပိုင်း အခြေအနေကို ပြောဆိုသည်။   ယင်းအပြင် စစ်ကောင်စီတပ်သားငါးဦးလည်း သေနတ်ကိုင်ဆောင်ပြီး နေရာယူထားသည်တွေ့ရကြောင်း၎င်းတို့က ဆက်လက်ပြောဆိုသည်။ ကျောက်ရပ်ကျေးရွာအုပ်စုသည် ထားဝယ်မြို့အထွက်တွင် တည်ရှိပြီး ဧပြီလက ပျူစောထီးအဖွဲ့ဝင်တစ်ဦးပစ်သတ် ခံရပြီးနောက် လတိုင်း တစ်အိမ်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ပျူစောထီးထောက်ပံ့ကြေး မဖြစ်မနေထည့်ဝင်နေရကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။ 

ရေဖြူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် ဇနီးပစ်ခတ်ခံရ

Dawei Watch

September 1, 2023

ရေဖြူမြို့နယ် ကျောက်ကညာရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးနှင့် ဇနီးတို့ ပစ်ခတ်ခံရသည်ဟု ဒေသခံများကပြောသည်။ ပစ်ခတ်ခံရသူများမှာအသက် ငါးဆယ်ကျော်အရွယ်ရှိ ကျောက်ကညာရွာ စစ်ကောင်စီခန့်  အုပ်ချုပ်ရေးမှုးဦးစိန်အောင်နှင့် ဇနီးဒေါ်မိစန်းအေးတို့ ဖြစ်ကြောင်းသိရသည်။ မနေ့ (ဩဂုတ် ၃၁) မွန်းလွဲ ၂ နာရီခန့်က ကျောက်ကညာရွာဘုန်းကြီးကျောင်းမှ ဥပုသ်သီလယူပြီးအိမ်အပြန် ကျောက်ကညာရွာတံတားအနီးတွင် လက်နက်ကိုင်လူတစ်စုက ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူတို့ကတော့ဆိုင်ကယ် နဲ့ ပစ်ခံရတဲ့နေရာက လူလည်းပြတ်တယ်” ဟု၎င်းကပြောသည်။ ၎င်းအုပ်ချုပ်ရေးမှုးနှင့် ဇနီးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းရင်းကြောင့် ပစ်ခတ်သွားသည်ဆိုသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အုပ်ချုပ်ရေးမှုး နှင့်ဇနီးတွင်သေနတ်ဒဏ်ရာ ရရရှိခဲ့သော်လည်း စိုးရိမ်ရသည့် အခြေအနေတွင် မရှိကြောင်း၊ ယခုထားဝယ်မြို့ရှိ အမှတ်(၁၂) တပ်မတော်ကုတင် ၁၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထားဝယ်နည်းပညာ တက္ကသိုလ်အနီး စစ်ကောင်စီက ထောင်အသစ်ဆောက်၊ ထောင်အဟောင်းထက် ၅ ဆခန့်ပိုကြီး

Dawei Watch

August 31, 2023

ထားဝယ်နည်းပညာ တက္ကသိုလ်အနီးတွင် စစ်ကောင်စီက အကျဉ်းထောင်အသစ်တစ်ခုကို စတင်ဆောက်လုပ်ရန် လုပ်ဆောင်နေကြောင်း စုံစမ်းသိရသည်။ ယခုဆောက်မည့် ထောင်အသစ်မှာ အုတ်ရိုးပတ်ပတ်လည် အကျယ်အဝန်း ၁၂ ဧက (၇၂၃ ပေပတ်လည်)ခန့် ရှိသည်ဖြစ်ရာ ထောင်ဟောင်း (၂ ဧကခွဲ) ထက် ၅ ဆနီးပါးပိုကြီးကြောင်း တွေ့ရသည်။ ထောင်အသစ်ဆောက်မည့်နေရာမှာ နည်းပညာတက္ကသိုလ်နှင့် ၂ ကီလိုမီတာခန့် (တစ်မိုင်ကျော်)အကွာရှိ ဇီးကျရွာ မှီအုံးတောင်အနီးတွင် ဆောက်လုပ်နေခြင်းဖြစ်ကြောင်း Dawei Watch က ရရှိထားသည့် အချက်အလက်များအရ သိရသည်။ အဆိုပါထောင်အသစ်တွင် ကြိုးတိုက် ၂ ဆောင် အပါအဝင် အကျဉ်းဆောင်၊ အချုပ်ဆောင်များ စသည့် အဆောက်အအုံ ၅၀ ကျော် ပါဝင်သည်ကို တွေ့ရသည်။ ထောင်အသစ်ဆောက်နေသည့်နေရာမှာ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးနှင့် မနီးမဝေးတွင်တည်ရှိပြီး မီးရထားလမ်းနှင့်လည်း ကပ်နေကြောင်း မောင်မယ်ရှောင်ရွာနေ ဒေသခံတစ်ဦးက […]

ရေဖြူရပ်တော်မူဘုရားအနီးရှိ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရ

Dawei Watch

August 31, 2023

ရေဖြူမြို့ ရပ်တော်မူဘုရားအနီး စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ဩဂုတ်လ ၂၉ ရက်က လာရောက်ပစ်ခတ်ပြီးနောက် နှစ်ဖက် မိနစ်အနည်းငယ်ကြာပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီစစ်တပ် ဆေးရေးဂိတ်သည် ရေဖြူ ရပ်တော်မူဘုရားအနီး ကျခတ္တာပင်အင်းရွာ၊ သဗြေဇွန်းရွာ သွားလမ်းဆုံတွင် ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါစစ်ဆေးရေးဂိတ်ကို ဩဂုတ်လ ၂၉ ရက် နံနက် ၉ နာရီခန့်က PDF အဖွဲ့ ခြောက်ဖွဲ့ပူးပေါင်း၍ ဝင်ရောင် တိုက်ခိုက်ခဲ့ကြောင်း Dawei Defense Team -DDT (ထားဝယ်-ပကဖ) အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ နှစ်ဖက်ပစ်ခတ်မှု ဆယ်မိနစ်ခန့် ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိ ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သို့သော် စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုအခြေအနေကို […]

သဘော့ဆိပ်ရွာက လူငယ်တစ်ဦး ခွေးရူးပြန်ရောဂါဖြင့်သေဆုံး

Dawei Watch

August 29, 2023

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ရွာက အသက် ၁၆ နှစ်အရွယ် လူငယ်ယောက်ျားလေးတစ်ဦး ခွေးရူးပြန်ရောဂါဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဩဂုတ်လ ၂၈ ရက်က သေဆုံးကြောင်း နာရေးကူညီမှုအသင်း-ထားဝယ်ထံမှ သိရသည်။ အဆိုပါလူငယ်သည် ခွေးကိုက်ခံရပြီးနောက် မေးခိုင်ကာကွယ်ဆေးထိုးကာ လှေလိုက်သွားရာ ၂လအကြာတွင် ခွေးရူးပြန်ရောဂါဖြစ်ပြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း အထက်ပါအသင်း ၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။ “ခွေးကိုက်ခံထိပြီးမှာ အဲ့ဒီလူနာက မေးခိုင်းကာကွယ်ဆေးထိုးပြီးတော့ လှေနဲ့ ပင်လယ်ထွက်သွားတယ်ဆိုပြောတယ်။ အနာကောင်းသွားတယ်ဆိုတော့ ဒီတိုင်းပဲနေ နေတာပေါ့။ ပြီးမှ အခုမှပြန်ပြီးဖြစ်လာတာပေါ့” ဟု ၎င်းက ဆိုသည်။ သေဆုံးသွားသည့် လူငယ်ရုပ်အလောင်းကို မိသားစုက ရွာကိုပြန်သယ်လိုသော်လည်း ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ဆေးရုံနှင့် ပရဟိတအဖွဲ့က ခွင့်မပြုသဖြင့် ထားဝယ်မြို့ရှိ ဇဟာသုသန်တွင် မီးသင်္ဂြိုဟ် လိုက်ကြောင်း ပရဟိတအသင်းအဖွဲ့အချို့၏ […]

ထားဝယ်တွင် စက်သုံးဆီဝယ်ယူရ ခက်ခဲ

Dawei Watch

August 29, 2023

ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရဘဲ ဖြစ်နေကြောင်း မြို့ခံအချို့ကဆိုသည်။ ဩဂုတ်လ ၂၈ ရက်ကစပြီး ဆိုင်ကယ်တစ်စီးလျှင် ငါးထောင်ကျပ်၊ ကားတစ်စီးလျှင် ကျပ်တစ်သောင်းဝန်းကျင် စသည့်ဖြင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း ဆိုသည်။ “ကမ်းနားဆီဘောမှာသွားဝယ်ရင်တော့ ပုံးတွေနဲ့ နဲနဲပါးပါး ရောင်းပေးတာတော့ရှိတယ်။ မြို့ထဲက ဆီဆိုင်ကြီးတွေ ဥပမာ DPPC ဆိုင်မှာဆို ပုံးနဲ့ဝယ်ရင်မရောင်းပေးဘူး။ ဆိုင်ကယ်ထဲ ဆီအပြည့်ထည့်ချင်ရင် ဟိုဆိုင်မှာ ငါးထောင်၊ ဒီဆိုင်မှာ ငါးထောင် လိုက်ထည့်ရင်တော့ရတယ်” ဟု ထားဝယ်မြို့ခံ တက္ကစီသမားတစ်ဦးက ယနေ့ ဩဂုတ်လ ၂၉ ရက် နေလယ် ၂ နာရီခန့်က ပြောဆိုသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့ကို ဆက်သွယ်မေးမြန်းရာ အချို့က အကန့်အသတ်ဖြင့်သာ ရောင်းချပေးပြီး အချို့ကမူ ကန့်သတ်မထားဘဲ ရောင်းချပေးနေကြောင်း […]

လောင်းလုံး တီဇစ်ရွာကို စစ်ကြောင်းထိုးနေသဖြင့် လူထောင်ချီထွက်ပြေး၊ ဒေသခံဆယ်ချီအဖမ်းခံရ

Dawei Watch

August 27, 2023

လောင်းလုံးမြို့နယ် တီဇစ်ရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံထောင်နှင့်ချီ ထွက်ပြေး‌တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်အင်အား ၆၀ ခန့်သည် ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြိုသို့ ရောက်ရှိလာ ပြီးနောက် ညနေပိုင်းတွင် မြို့၏ အနောင်တောင်ဘက် စမ်းလှမ်းရွာမှတစ်ဆင့် ထပ်ကုန်းပြင်၊ ဖိုးလမော်၊ တီဇစ်ရွာသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ညနေသုံးနာရီလောက်ရှိပြီ သူတို့လာတာ။ ကုန်းကြောင်းအတိုင်းပဲလာတာ။ လမ်းက ဖမ်းလာတဲ့သူက သုံးဆယ်နီးပါး လောက်ရှိတယ်လို့ ကြားရတယ်။ ရွာကလူတွေနဲ့ပါဆို ခြောက်ဆယ်လောက်ရှိမယ်။ ညကတဲ့က တီဇစ် အထက် ကျောင်း (ဘုန်းကြီးကျောင်း) မှာ ဖမ်းထားတဲ့သူတွေနဲ့အတူ သူတို့ တပ်စွဲနေထိုင်လိုက်တယ်” ဟု ၎င်းကပြောသည်။ စစ်ကြောင်းဝင်လာချိန်မှ ယနေ့ ဩဂုတ်လ ၂၇ ရက် နေ့လယ်ပိုင်းအထိ […]

ရေဖြူတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားသူအမျိုးသမီး သေဆုံး

Dawei Watch

August 27, 2023

ရေဖြူမြို့ အနောက်ဘက်ကမ်း ရပ်တော်မူဘုရားလမ်းဆုံအနီးတွင် စစ်‌ကောင်စီတပ်က ပစ်ခတ်သော ကျည်ဆန်ထိမှန်ကာ ဒဏ်ရာရသွားသည့် အမျိုးသမီးတစ်ဦးမှာ မနေ့(သြဂုတ် ၂၆)ညပိုင်းတွင် သေဆုံးသွားသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ သေဆုံးသူမှာ ရေဖြူမြို့နေ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်သွယ်သွယ်ဝင်းဆိုသူဖြစ်သည်။ ဩဂုတ်လ ၁၉ ရက်နေ့က ရေဖြူရပ်တော်မူဘုရားလမ်းဆုံးအနီးတွင် စစ်ကောင်စီတပ်က ဖမ်းလာသူတစ်ဦး ထွက်ပြေးသည်ဟုဆိုကာ လိုက်လံပစ်ခတ် ဖမ်းဆီးစဉ် ဒေါ်သွယ်သွယ်ဝင်း အပါအဝင် ဒေသခံလေးဦး ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ ဒေါ်သွယ်သွယ်ဝင်းသည် သေနတ်ထိမှန်ပြီးနောက် ရှစ်ရက်အကြာ ဩဂုတ်လ ၂၆ ရက် ည ၇ နာရီ ခွဲခန့်တွင် မက်ဒီလန်းဆေးရုံ၌ သေဆုံးသွားသည်ဟု ‌ဆွေမျိုးတော်စပ်သူတစ်ဦးကပြောသည်။ “ထိတာက ဒူးခေါင်းမှာတစ်ချက်၊ ပေါင်ရင်းဆီးအိမ်နားမှာ တစ်ချက်၊ ဆီးအိမ် ချုပ်လိုက်ရတယ်။ အူမ နှစ်ချက်ထိတယ်။ ဒူးခေါင်းကကျည်ဆံလည်း မထုတ်ရသေးဘူး”ဟု ၎င်းကပြောသည်။ […]