BREAKING
November 10, 2025

ထားဝယ်

ကံပေါက်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရ

Dawei Watch

May 31, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာထိပ်တွင် ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ကလိန်အောင် – ကံပေါက်လမ်းပိုင်း ကံပေါက်ကျေးရွာအုပ်စု ဆိုင်းဘုတ်စိုက်ထူထားသည့် ပြင်ပို့တောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရရှိသူများကို စစ်တပ်ကားနောက်တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ပြင်ဘို့တောင် အနားမှာ စစ်ကားတစ်စီး မနက်က မိုင်းဆွဲခံရတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။ ထိခိုက်မှုအသေးစိတ်နှင့် မည်သည့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်ကိုမူ မသိရသေးပေ။ ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် တောင်ရင်းအင်းရွာလမ်းဆုံ၊ ပြင်ပို့တောင်၊ ကလိန်အောင်တံတား၊ ကျောက်မတ္တပ်ဘုရားနှင့် ကျောက်ရှပ်ရွာအနီးတွင် စစ်ကောင်စီတပ်သားအများအပြား နေရာယူထားကြောင်း ဒေသခံအချို့က ပြောသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြင်ပို့တောင်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလိန်အောင်-ကံပေါက် […]

သင်္ကန်းတုံးရွာထဲဝင်လာသည့် ကလေးငယ်တစ်ဦးအပါအဝင် စစ်ဘေးရှောင်လေးဦးပစ်ခတ်ခံရ၊ ထိခိုက်သေဆုံးမှုရှိ

Dawei Watch

May 31, 2023

ထားဝယ်မြို့နယ် သင်္ကန်တုံးရွာထဲဝင်လာသည့် ဒေသခံစစ်ဘေးရှောင်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ မေလ ၃၁ ရက် နံနက် ၇ နာရီခန့်တွင် သင်္ကန်းတုံးရွာက စစ်ဘေးရှောင်နေရသူအချို့ လိုအပ်သည့်ပစ္စည်းများ ရွာထဲဝင်ယူသည့်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ လတ်တ‌လော စုံစမ်းမေးမြန်းမှုအရ သေဆုံးသူ နှစ်ဦး၊ ဒဏ်ရာရရှိသူ နှစ်ဦးရှိကြောင်း ဒေသခံအချို့က ပြောဆိုကြပြီး သေဆုံးသူနှစ်ဦးနှင့် ပတ်သတ်၍ အတည်မပြုနိုင်သေးပေ။ ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၄၀ ဝန်းကျင်းအရွယ် ဒေါ်နန်းထွေးဆိုသူနှင့် ၎င်း၏သားဖြစ်သူ အသက် ၁၀ နှစ် ဝန်းကျင်အရွယ် ကလေးငယ်တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ကလေးမှာ ခြေထောက်မှာထိတယ်။ သူ့အမေမှာကတော့ ဒဏ်ရာပြင်းတယ်လို့ပြောတယ်။ အခုထားဝယ်‌ကို ဆေးရုံတင်သွားကြပြီ” ဟု ၎င်းက ဆိုသည်။ သင်္ကန်တုံးရွာ […]

လောင်းလုံးတွင် အဖမ်းခံထားရသူများသဖြင့် အချုပ်ခန်း ပြည့်လျှံနေဟုဆို

Dawei Watch

May 31, 2023

လဝကရုံးနှင့် မြို့မရဲစခန်းအပါအဝင် လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများပြား‌နေသဖြင့် အချုပ်ခန်းပင် ပြည့်လျှံနေကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။ မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် မဆံ့တော့သဖြင့် ဖမ်းဆီးထားသူအချို့ကို ထောင်အချုပ်ကားပေါ်တွင်ပင် ထိန်းသိမ်းထားသည်ကို တွေ့ရကြောင်း ‌၎င်းတို့က ပြောဆိုသည်။ “အပြင်မှာလည်း ဒီလိုပဲပြောနေကြတယ်။ အချုပ်ခန်းတောင် (နေရာ) မလွတ်တော့လို့ ထောင်ကားပေါ်မှာတောင် အယောက်သုံးဆယ်လောက်ရှိတယ်တဲ့။ လက်ထိပ်ခတ်ပြီး (အချုပ်ကားကို) အပြင်ကနေ သော့ခတ်ထားတယ်လို့‌ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်း၊ လဝကရုံးနှင့် စစ်‌ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ခုက ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ပြီး လဝက ဒုဦးစီးမှူးတစ်ဦးသေဆုံးခဲ့သည်။ ယင်းနေ့ညအချိန်တွင်ပင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။ ယင်းနောက် မေလ ၂၆ ရက်က စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကလေးနှင့်အဖွဲ့ကို […]

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး

Dawei Watch

May 31, 2023

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး မေလ ၃ဝရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ မေလ ၃၀ ရက် ည ၉ နာရီခွဲခန့်က ဘုံမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံဘက်က သေနတ်သံများ အချက်ရေ ၅၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။ “ညက သေနတ်သံ ဖောင်း… ဖောင်း… ဆိုပြီး နှစ်ချက်ကြားတယ်။ ပြီးမှ သေနတ်သံတွေ ထပ်ကြားတယ်ပေါ့နော်” ဟု ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ လမ်းဘေးခွေးများကို ခွေးစာကျွေးရန် ဆိုင်ကယ်ဖြင့် သွားသည့် အမျိုးသားနှစ်ဦးသည် စစ်ကောင်စီလှည့်ကင်းနှင့် တွေ့ပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။ သေဆုံးသူတစ်ဦးမှာ ထားဝယ်မြို့ ဇရစ်ရပ်တွင် နေထိုင်သည့် အသက် ၃၇ နှစ်ခန့်ရှိ […]

ရေဖြူ ကျောက်ကညာရွာက ကုန်စုံဆိုင်အချို့ကို ရက်ကန့်အသတ်မရှိ ရောင်းခွင့်ပိတ်

Dawei Watch

May 30, 2023

ရေဖြူမြို့နယ် ကျောက်ကညာရွာက အနည်းဆုံးကုန်စုံဆိုင်ကြီးနှစ်ဆိုင်ကို စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ရောင်းချခွင့်ပိတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၃ ရက်က ကျောက်ကညာရွာတွင် စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံရွာသား ၂၀ ခန့်ကို ဖမ်းဆီးခဲ့ပြီး အနည်းဆုံးကုန်စုံဆိုင်နှစ်ဆိုင်ကိုလည်း ရောင်းချခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ကျန်ကုန်စုံဆိုင်တွေလည်း ဖွင့်လှစ်ရောင်းချခြင်းမရှိကြောင်း ၎င်းတို့က ပြောဆိုသည်။ “လောလောဆယ်တော့ ပိတ်ထားတာ နှစ်ဆိုင်လို့သိရတယ်။ ကျန်တဲ့ဆိုင်တွေကတော့ ပိတ်ထားတာလား၊ မဖွင့်ရဲလို့ မဖွင့်တာလား မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ ‌ဖမ်းဆီးခံရထားရသည့် ဒေသခံများအနက် အချို့မှာလည်း ယနေ့အချိန်အထိ ပြန်လည် မလွတ်မြောက်လာသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ကားမှာ ဈေးရောင်းခွင့်ပိတ်ခံရသည့် နေရာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်က အရာရှိအဆင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် […]

ကလိန်အောင်၊ ကျောက်ရှပ်ရွာအနီးက စစ်ကောင်စီတပ်ရင်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

May 29, 2023

ရေဖြူမြို့နယ် ကျောက်ရှပ်ရွာအနီးတွင် ယနေ့(မေ ၂၉)မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ကျောက်ရှပ်ရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လာရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ နှစ်ဖက်အပြန်အလှန်တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။ “မနက် ၅ နာရီလောက်ကနေ ၆ နာရီလောက်အထိ လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ကျောက်ရှပ်ရွာသည် ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်တွင် တည်ရှိပြီး စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၄၀၈၊ ၄၀၉၊ ၄၁၀ တို့ အခြေစိုက်သည်။ ယင်းတပ်ရင်းများအနက် မည်သည့်တပ်ရင်းကို လာရောက်တိုက်ခိုက်သည်ကိုမူ အတည်မပြုနိုင်သဖြင့် ဆက်လက်မေးမြန်း စုံစမ်းနေဆဲသာရှိသေးသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက်တွင်မူ မောရဝတီရေတပ်မှ စစ်ကားတစ်စီးနှင့် ကျည်းတပ်မှစစ်ကားတစ်စီး ကလိန်အောင်မြို့ပေါ်တွင် ကင်းလှည့်နေကြောင်း မြိုခံအချိူ့ကပြောသည်။ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းအသုံးပြုသည့် ယာဥ်များမှာလည်း တိုက်ပွဲကြောင့် ရှေ့ဆက်မရဘဲ လမ်းခတ္တပိတ်သွားခဲ့ပြီး မနက် […]

ထားဝယ်တွင် ကြက်သွန်ဈေးတက်

Dawei Watch

May 9, 2023

ထားဝယ်ဈေးကွက်တွင် မေလ ပထမပတ်အတွင်း ကြက်သွန်ဈေးတက်လာကြောင်း ထားဝယ်မြို့ရှိ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ဧပြီလ ၂၈ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ဝကျပ်ခန့် ဈေးရှိရာမှ မေလ ၉ရက်တွင် တစ်ပိဿာ ၂၈၀ဝကျပ် ဖြစ်လာကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက်ဆိုင်ဖွင့်လှစ်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဈေးကွက်ထဲမှာတော့ ကြက်သွန်တွေ ပြည်ပတင်ပို့နေတာများလာလို့ ဈေးတက်တယ်” ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ထားဝယ်ဈေးကွက်တွင် ဧပြီလ ၂၈ ရက်မှ မေလ ၉ ရက်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်ရှစ်ရာခန့် ဈေးတက်သွားခြင်းဖြစ်ကြောင်း ကုန်စုံဆိုင်ဖွင့်လှစ်ရောင်းချသူများထံမှ သိရသည်။ ထားဝယ်ဒေသသည် ကြက်သွန်စိုက်ပျိုးထုတ်လုပ်သည့် ဒေသမဟုတ်သည့်အတွက်ကြောင့် ရန်ကုန်၊ မော်လမြိုင်ဈေးကွက်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။ ရန်ကုန်နှင့် မော်လမြိုင် ဈေးကွက်တွင် ဈေးနှုန်းအပြောင်းလဲပေါ်မူတည်၍ ထားဝယ်ဒေသ၏ ကုန်ဈေးနှုန်းများမှာလည်း […]

စစ်ကောင်စီကားနှစ်စီး သုံးဘီးနောက်လိုက်လာပြီး သောကြာပြင်ရွာသားကိုဖမ်းဆီး

Dawei Watch

May 9, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က မေလ ၈ ရက် နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ‌ပြောသည်။ အဖမ်းခံရသူမှာ သောကြာပြင်ကျေးရွာ မာလီလတ်ကုန်စုံဆိုင်မှ ဦးနိုင်နိုင်ခေါ် ဦးသက်နိုင်ထွန်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်မြို့မှ လောင်းလုံးမြို့ဘက်ကို မောင်းနှင်လာသည့် သုံးဘီးတစ်စီးကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးပြီးနောက် ယင်းသုံးဘီးကားနှင့်အတူ စစ်ကောင်စီကားနှစ်စီးလိုက်ပါလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “လာဖမ်းတဲ့ကားက ရိုးရိုးအိမ်စီးကားပဲ။ ကားအမဲကတစ်စီး အဖြူကတစ်စီး။ သုံးဘီးကို အလယ်မှာထားပြီး အဲဒီကားက ရှေ့ကတစ်စီး နောက်ကတစ်စီး ညှပ်ပြီးတော့လိုက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသုံးဘီးမှာ ပစ္စည်းပို့နေသူဟုယူဆရပြီး သုံးဘီးအပေါ်တွင် အဝတ်အစားထုပ်နှင့် အခြားပစ္စည်းများ တင်ထားသည်ကို တွေ့ရ‌ကြောင်း ဒေသခံအချို့က ဆိုသည်။ “အဓိကကတော့ […]