ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရန်တောင်ရွာစာသင်ကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာ လာရေးထားသဖြင့် ကျောင်းပိတ်လိုက်ရ

Dawei Watch

September 19, 2023

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်သွားကားလမ်းဘေးရှိ ရန်တောင်ကျေးရွာ မူလွန်ကျောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာ လာရောက်ရေးသားထားသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကျောင်းဖွင့်ချိန်တွင် ကျောင်းခန်းနံရံများနှင့် ကျောက်သင်ပုန်းပေါ်တွင် စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေးအလိုမရှိ စသော စာများ ရေးသားထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ရေးထားတဲ့စာတွေကို အဝေးကနေတောင် မြင်နေရတယ်။ စပရေးနဲ့ ဖျန်းပြီးတော့ ရေးထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောင်းကို သွားသည့်အချိန်တွင် အထက်ပါစာများကို မြင်တွေ့သဖြင့် ကျောင်းအုပ်ကြီးက ကျောင်းတစ်ပတ် ပိတ်လိုက်ကြောင်း ရန်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဲဒီလိုဆိုရင်တော့ ဆရာကြီးက ကျောင်းတစ်ပတ် ပိတ်မှရမယ်ဆိုပြီး ကျောင်းသားတွေကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါစာကို မည်သူတို့က […]

ထားဝယ်အရှေ့တောဒေသတွင် KNU စခန်းကို ကော်သူးလေတိုက်ခိုက်

Dawei Watch

September 19, 2023

ထားဝယ်အရှေ့တောဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်စခန်း တစ်ခုကို ကော်သူးလေတပ်မတော် KTLA က တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်အတည်ပြုချက်အရ သိရသည်။ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာရှိ KNLA စခန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းတွင် KNU ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သားနှစ်ဦးရှိပြီး KTLA က အင်အား ၃၀ ခန့်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ငါတို့ ပြန်ခုခံပစ်ကြတာပေါ့နော်။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ ကျွန်တော်တို့အဖွဲ့က ဘာမှထိခိုက်မှု မရှိဘူး။ KTLA အဖွဲ့က ပြန်ဆုတ်ခွာသွားတယ်” […]

ကျောက်ရပ်ရွာသားတစ်ဦး ဖမ်းခံရပြီး တစ်ပတ်ကြာအထိအဆက်သွယ်မရသေး

Dawei Watch

September 18, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၁၂ ရက်ညကတည်းက အဖမ်းခံရပြီး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ဦးမျိုးဝင်းဆိုသူဖြစ်ပြီး ၎င်းကို ကျောက်ရပ် ရွာလယ်ဇရပ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ ဦးမျိုးဝင်းသည် ယခင်က ဆံသလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း CDM ပြုလုပ်ထားသည့် သားဖွားဆရာမဖြစ်ကြောင်း ဒေသခံရွာသားတို့ကထံမှ သိရသည်။  စက်တင်ဘာလ ၁၂ ရက် ညက ကျောက်ရပ်ရွာတွင် နေအိမ်အချို့ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ ကြောင်း ဒေသခံတို့က ပြောဆိုသည်။  “ဦးမျိုးဝင်းက မိသားစုနဲ့လည်း အဆက်သွယ်ပြတ်နေတယ်။ တစ်ပတ်ကြာတဲ့အထိ ဘာမှပြန်မကြားရသေးဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။ ဩဂုတ်လ ၃၁ ရက်တွင် ကျောက်ရပ်ရွာက […]

ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို LPDF အဖွဲ့တစ်ခုကဖမ်းဆီး၊ ပြန်လွှတ်ပေးရန် ပအဖညှိနှိုင်း

Dawei Watch

September 17, 2023

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး(ကြယ်တောင်) ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ “အရေးပေါ်ကားတွေကို လမ်းမှာတားပြီး ကိုနိုင်မျိုးသွင်ကို စစ်ဆေးစရာရှိလို့ဆိုပြီး အေးအေးဆေးဆေး ရယ်ရယ်မောမောပဲ ပြောပြီးခေါ်သွားတာ။ မှည့်တစ်ပေါက် မစွန်းစေရဘူးလို့လည်း ပြောသွားတယ်” ဟု ဇမ္ဗူသီရိနှင့် နီးစပ်သူက ပြောသည်။ ထိုသို့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့နံနက်တွင်မူ ဦးနိုင်မျိုးသွင်က ၎င်း၏ဇနီးဖြစ်သူထံ ဖုန်းဆက်လာကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။ “သူ့မိန်းမဆီ ဖုန်းဆက်ပြီး အားလုံးအဆင်ပြေတယ်။ အားလုံးအေးဆေးပဲလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း […]

လောင်းလုံးလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရ

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြား လမ်းပိုင်းတစ်နေရာတွင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရကြောင်း လုယက်ခံရသည့်အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဇာတိရွာမှ ထားဝယ်သို့ ဆိုင်ကယ်ဖြင့်လာစဉ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြားရှိ လူပြတ်သည့် နေရာတွင် စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသားသုံးဦး နောက်ကလိုက်လာပြီး ဆိုင်ကယ်ရပ်ရန်ပြောဆိုသဖြင့် ဆိုင်ကယ်ရပ်လိုက်စဉ် ဘေးလွယ်အိပ်ထဲမှ ငွေသားနှစ်သိန်းကျော်ကို ဦးစွာယူ၍ ဓားဖြင့် ခန္ဓာကိုယ်ကိုထောက်ကာ ဆွဲကြိုးတစ်ကုံးကိုပါ လုယူသွားကြောင်း ကာယကံရှင်အမျိုးသမီးနှင့် နီးစပ်သူက ပြောဆိုသည်။ “ဓားက ခလုတ်နှိပ်ရင်ထွက်လာတဲ့ ဓားပါ။ လက်စွပ်ကို ဖြုတ်ဖို့လုပ်နေတုန်းမှာ ဆိုင်ကယ်တစ်စီးရောက်လာတာမြင်လို့ ထွက်ပြေးသွားတယ်။ လွယ်အိတ်ထဲက သကြားလုံးပါ မကျန် ယူသွားတယ်လို့ ပြောတယ်” […]

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။ “အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး […]

လောင်းလုံး အင်းဇောက်ရွာတွင် နားရေးကူညီမှုအဖွဲ့ဝင် လူငယ်နှစ်ဦးဖမ်းဆီးခံရ

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် စက်တင်ဘာလ ၁၄ ရက် ညနေပိုင်းက အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ အင်းဇောက်ရွာ အရေးပေါ်လူနာတင်ယာဉ်နှင့် နာရေးကူညီမှုအဖွဲ့ဝင်များဖြစ်သည့် ကိုတောက်တောက်နှင့် ကိုငယ်ငယ် (ခေါ်) ကိုအောင်နိုင်ရှိန်ဆိုသူတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ညနေ ၅ နာရီခန့်တွင် အင်း‌ဇောက်ရွာလယ်ရှိ နေအိမ်အနီးတွင် ကိုတောက်တောက်ကို အမည်မသိလက်နက်ကိုင် လူတစ်စုက ဆိုင်ကယ် သုံးစီးဖြင့်လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် နာရီပိုင်းအကြာတွင် ကိုငယ်ငယ် (ခ) ကိုအောင်နိုင်ရှိန်ကို ပြည်လုံးချမ်းသာဘုရားလမ်းရှိ ၎င်း၏နေအိမ်တွင်လာ‌‌ ရောက်ဖမ်းခေါ်သွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “သူတို့နှစ်ယောက်က သူငယ်ချင်းတွေ။ တစ်ယောက်က မြေတင်ကားမောင်းတယ်၊ တစ်ယောက်ကတော့ ပန်းရံသမားပေါ့။ သူတို့နှစ်ယောက်လုံးက အရေးပေါ်ကားလည်း မောင်းပေးနေတဲ့သူတွေ ဖြစ်တယ်” […]

ကျောက်နီမော်ရွာတွင် မြေပြိုပြီး နေအိမ်နှစ်လုံးပျက်စီး

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာ ကားလမ်းဘေးရှိ တောင်ကမ်းပါးယံ မြေပြိုကျမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်ဆက်မိုးကြီးပြီးနောက် ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြေပြိုကျခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပျက်စီးသည့် နေအိမ်နှစ်လုံးက ဒေသခံ ၁၀ဦးနှင့် နောက်ထပ် ထပ်မံပြိုကျနိုင်သည့် နေအိမ်နှစ်လုံးက ဒေသခံခုနစ်ဦးတို့ကို ဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အိမ်ထဲကနေ လူတွေပြေးထွက်လာတာကိုမြင်ရတော့ ဘာဖြစ်တာလဲဆိုပြီး ကားကို ရပ်ချလိုက်ပြီး ကြည့်လိုက်တာမှာ အိမ်က မြေပြိုကျနေပြီ။ ပစ္စည်းတွေတော့ နည်းနည်းပါးပါး ယူထုတ်လို့ ရသွားတယ်။ လူတွေလည်း လွတ်သွားတယ်” ဟု အောက်ကျောက်ဝပ်ရွာသို့ ရုပ်အလောင်းတစ်ခု ပို့ဆောင်ပြီးအပြန်တွင် မျက်မြင်တွေ့ရသည့် အခြေအနေကို ၎င်းက […]