ထားဝယ်တွင် ကျောင်းအပ်သူများ၍ ပြင်ပဈေးကွက်တွင် ပုံနှိပ်စာအုပ်ဈေးနှစ်ဆတက်
Dawei Watch
June 7, 2023ထားဝယ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများတွင် ယခုပညာသင်နှစ်(၂၀၂၃-၂၀၂၄)တွင် ကျောင်းအပ်သူ များပြားလာသည့်အတွက်ကြောင့် ပြင်ပဈေးကွက်တွင် အတန်းစုံအခြေခံပညာ ပုံနှိပ်စာအုပ်များ ဈေးနှစ်ဆ တက်လာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ် အရောင်းဆိုင်များထံမှသိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် KG မှ G 12 အထိ အခြေခံပညာ ပုံနှိပ်စာအုပ်များ၏တန်ဖိုးမှာ အတန်းပေါ်မူတည်ပြီး ကျပ်သုံးထောင်မှ ကျပ်တစ်သောင်းခွဲ နီးပါးအထိသာရှိရာမှ ယခုနှစ် ၂၀၂၃ -၂၀၂၄ ပညာသင်နှင့်တွင် ကျပ် ခုနှစ်ထောင်မှ ကျပ်သုံးသောင်းအထိ ရှိလာသည်ဟု ထားဝယ်မြို့ရှိ ကျောင်းသုံးစာအုပ်နှင့် စာရေးကိရိယာ အရောင်းဆိုင် ပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ “ဈေးတက်တယ် ထက်ဝက်လောက်ကိုတက်တယ်။ ဒီနှစ်က ကျောင်းတက်တဲ့သူတွေ တော်တော်များတယ်”ဟု သူမကပြောသည်။ အခြေခံပညာကျောင်းများတွင် ပုံနှိပ်စာအုပ်များ အခမဲ့ပေးလေ့ ရှိသော်လည်း ထားဝယ်ဒေသတွင် ကျောင်းမဖွင့်မီကတည်းကပင် ကျောင်းသားအများစုက ပုံနှိပ်စာအုပ်များဝယ်ယူ၍ ပြင်ပ ဆရာများထံတွင် ကြိုတင်သင်ကြားလေ့ရှိသည်။ ယခုပညာသင်နှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ […]


