လောင်းလုံး ဂေါ့အင်းရွာတွင် စားသောက်ကုန်ပို့သည့်ကား တိမ်းမှောက်
Dawei Watch
September 26, 2023လောင်းလုံးမြို့နယ် ဂေါ့အင်းရွာ ကြယ်တောင်အနီးတွင် ယနေ့ စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီကျော်က စားသောက်ကုန်ပို့သည့်ကားတစ်စီး တိမ်းမှောက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အလုံပိတ် ကွန်တိန်နာဒိုင်နာ ကားအမျိုးစားဖြစ်ပြီး လမ်းမကြီးပေါ် တုံးလုံးလဲနေသည်ကိုတွေ့ရကြောင်း ၎င်းက ဆိုသည်။ ကားတွင် ကားမောင်းသူနှင့် အကူတစ်ဦးတို့ လိုက်ပါလာပြီး နှစ်ဦးစလုံး ဒဏ်ရာအနည်းငယ်ရကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။ ကားမှာ မထိန်းနိုင်ဘဲ ပွတ်ဆွဲလာသည့်အရာသည့် အရာများ လမ်းတွင် ပေနှစ်ရာနီးပါးလောက်ရှိသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။


