ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် မောင်မယ်ရှောင်ရွာသားသုံးဦးကို စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး

Dawei Watch

October 2, 2023

ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁ရက် မွန်းလွဲပိုင်းက ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူသုံးဦးမှာ အသက် ၁၄ နှစ်အရွယ်ရှိ ယောင်္ကျားလေးတစ်ဦး၊ အသက် ၃၀ နှစ်ဝန်းကျင်အရွယ်ရှိ ကိုမျိုးဆွေနှင့် ကိုသားဂန်းတို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၃၀ ရက်က ရေဝိုင်းရွာသွားလမ်းပေါ်ရှိ ရထားလမ်းအနီးတွင် ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး နောက်တစ်ရက် အောက်တိုဘာလ ၁ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်သည် မောင်မယ်ရှောင် ရွာကို မြေတင်ကား ၃ စီးဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ စစ်ကြောင်းဝင်ရောက်လာသောကြောင့် ရွာသားအချို့ထွက်ပြေးကြရာမှာ မောင်မယ်ရှောင်ရွာအရှေ့ဘက် ချောင်းအနီး တွင် ပုန်းနေသည့် အထက်ပါဒေသခံသုံးဦး ‌ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူတို့က ရွာသားတွေ။ ကျောင်းသားလေးက တစ်ယောက်ပါတယ်။ […]

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရပြီး အကျဉ်းသားငါးဦးထွက်ပြေးလွတ်မြောက်

Dawei Watch

October 2, 2023

ထားဝယ်အကျဉ်းထောင်ဝန်ထမ်းနှစ်ဦး စက်တင်ဘာလ ၃၀ ရက်က အသတ်ခံရပြီး အကျဉ်းသားငါးဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယနေ့ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး၊ အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးတို့က ပြောသည်။ ရေဖြူမြို့နယ်၊ ဇီးကျကျေးရွာအနီးမှာ အကျဉ်းထောင်သစ်ဆောက်လုပ်သည့်နေရာတွင် အလုပ်လုပ်ရန်အတွက် အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးနှင့် အကျဉ်းသားငါးဦး ထွက်သွားပြီးနောက် ထောင်ဝန်ထမ်းနှစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဝန်ထမ်းနှစ်ယောက်ရဲ့ အလောင်းပြန်ရသွားပြီ။ အကျဉ်းထောင်မှာ အသုဘလုပ်နေတယ်။ အလုပ်လုပ်ဖို့ ခေါ်ဆောင် တယ်ဆိုတာက အခြားအမှုတွေလောက်ပဲ ခေါ်ဆောင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မခေါ်ဆောင် တတ်ဘူး။ အဲဒီလို ပြင်ပကိုခေါ်ဆောင်တာတွေက လနည်းနည်းကျတဲ့ အကျဉ်းသားတွေကိုပဲ ခေါ်ဆောင်တတ်တယ်” ဟု ယနေ့လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ယနေ့ အောက်တိုဘာလ ၂ရက်တွင် အသုဘကျင်းပနေပြီး အကျဉ်းသားငါးဦး ထွက်ပြေးလွတ်မြောက်သည်မှာ မှန်ကန်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ […]

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌအပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး ပြန်လွတ်

Dawei Watch

October 2, 2023

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး လွတ်ရက်စေ့ပြီး ယနေ့ အောက်တိုဘာလ ၂ရက် နံနက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးက ပြောသည်။ ပြန်လည်လွတ်မြောက်လာသူတို့မှာ ကိုအောင်ဝေယံကျော်၊ ကိုသုတင်စိုး (ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ဥက္ကာရှိုင်းအောင် (ခ) ပုတု၊ ကိုဝေယံဌေးတို့ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN က ထုတ်ပြန်ထားသည်။ လက်ရရှိထားသည့်စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၁ ဦး၏အမည်များကိုသာ DPPN က ထုတ်ပြန်ထားပြီး နောက်ထပ် လေးဦး၏ အမည်ကိုမူ Dawei Watch က ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ ယနေ့ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားတို့သည် လျှော့ရက်ဖြင့် လွတ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း […]

ဝန်ထမ်းများကို ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်

Dawei Watch

September 30, 2023

နိုင်ငံ့ဝန်ထမ်းများနှင့် စစ်ကောင်စီတပ်သားများကို လစဉ်ထောက်ပံ့ကြေး သုံးသောင်းကျပ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာလ ၃၀ ရက် တွင် ထုတ်ပြန်သည်။ နိုင်ငံတာဝန်ထမ်းဆောင်နေသူများ စားဝတ်နေရေးသက်သာ ချောင်လည်မှုရရှိစေရန်အတွက် ခံစားခွင့်ပြုခြင်းဖြစ်ကြောင်း ဆိုသည်။ သို့သော် ထောက်ပံ့ကြေးခေါင်းစဉ်ဖြင့် ပေးသည့် ငွေမှာ အချိန်ကာလတစ်ခုအထိသာ ပေးခြင်းဖြစ်သဖြင့် လစာတိုးပေးရန်သာ လိုလားကြောင်း လက်ရှိတာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။ “ထောက်ပံ့ကြေးဆိုတာကတော့ ဝမ်းမသာနိုင်ဘူး။ တစ်လပေးပြီးလည်း သူတို့မပေးချင်တဲ့အချိန် မပေးလို့ရတယ်။ ရှေ့မှာ ပေးခဲ့ဖူးတဲ့ ထောက်ပံ့ကြေးတွေလည်း ဒီလိုပဲ ခေါင်းစဉ်တပ်တာပဲ။ တစ်ခါမှ လစဉ်မရဖူးဘူး” ဟု ၎င်းက ပြောဆိုသည်။ ထို့ကြောင့် ထောက်ပံ့ကြေး ပေးခြင်းထက် လစာတိုးမြင့်ပေးခြင်းကိုသာ ဝန်ထမ်းအများစုက ပိုမိုလိုလားကြသည်ဟု လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းအချို့က‌ ဆိုသည်။ အစိုးရဌာနများနှင့် ဝန်ထမ်းအဖွဲ့အစည်းများရှိ […]

ရေခဲချောင်း လိုက်ရောင်းသည့် ကျောက်နီမော်ရွာသား ပျောက်ဆုံးနေ

Dawei Watch

September 29, 2023

ရေခဲချောင်းထွက်ရောင်းသည့် လောင်းလုံးမြို့နယ် ၊ကျောက်နီမော်ရွာသား ဦးသံခဲဆိုသူ ပျောက်ဆုံးနေသည်မှာ ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့ဆိုလျှင် ၅ရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဦးသံခဲဆိုသူသည် အသက် ၅၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး စက်တင်ဘာလ ၂၅ ရက်နေ့က  ဆိုင်ကယ်ဖြင့် အောက်ကျောက်ဝပ်ရွာ၊ ညောပြင်ရွာတို့တွင် ရေခဲချောင်းလိုက်ရောင်းရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူမိသားစုကတော့ လိုက်ရှာနေကြတယ်။ ‌တော်တော်ရိုးသားတဲ့သူ၊ လည်လည်ဝယ်ဝယ်လည်းမဟုတ်ဘူး၊ ပျောက်ဆုံးသွားတယ်ဆိုတာကို တော်တော်အံ့ဩရတယ်”ဟု ၎င်းကပြောသည်။ ၎င်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားကြောင်း သတင်းထွက်နေသော်လည်း  မည်သည့်အဖွဲ့က မည်သည့်အကြောင်းယင်းကြောင့် ဖမ်းဆီးထားကြောင်း မသိရသေးပေ။ ဖမ်းဆီးထားသည်ဆိုသော သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကလည်း ထုတ်ပြန် ထားသည်ကို မတွေ့ရသေးပေ။ ဦးသံခဲသည် ရေဖြူမြို့နယ် ကံပေါက် ဒေသ ဇာတိဖြစ်ပြီး ကျောင်နီမော်ရွာတွင် အိမ်ရာထူထောင်ပြီး နေထိုင်သည်မှာ နှစ်ပေါင်း ၃၀ ထက်မနည်းရှိပြီ […]

ကံပေါက်ရွာအဝင်လမ်း ပြန်လည်သွားလာခွင့်ရ

Dawei Watch

September 28, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာ အဝင်လမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ရပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ကံပေါက်ရွာအဝင်ရှိ သစ်တောရုံးလမ်းဆုံ နှင့် ဆင်ကိုးရပ် ရေတံခွန်အဝင်လမ်း အနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များအနီးတွင် စက်တင်ဘာလ ၂၅ ရက် ညပိုင်းတွင် ပေါက်ကွဲပစ်ခတ်သံများထွက်ပေါ်ပြီးနောက် လမ်းပိတ်ထားခြင်းဖြစ်သည်။ စက်တင်ဘာလ ၂၇ ရက် မွန်းတည့်ပိုင်းကစပြီး စစ်ကောင်စီတပ်က ပြန်လည်သွားလာခွင့်ပြုကြောင်း ဒေသခံများကပြောသည်။ “ မနေ့ ညနေပိုင်းကတည်းက ပိတ်မိနေတဲ့ကားတွေ ဝင်လာတယ်။ အခုမနက်တော့ အားလုံးသွားနေကြပြီ။ ဂိတ်မှာတော့ စစ်သားတွေ အင်အားပိုတိုးထားတယ်“ ဟု စက်တက်ဘာလ ၂၈ ရက် မနက်ပိုင်းက ကံပေါက်သစ်တောရုံးစစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် ကားသမားတစ်ဦးကပြောသည်။ ကံပေါက်ဒေသမှ ခရီးသည်တင်ယာဉ်လိုင်းများ နှင့် ကုန်စည်ပို့ဆောင်သည့်ယာဉ်လိုင်းများလည်း ပုံမှန်သွားလာနေကြပြီဖြစ်ကြောင်း ၎င်းယာဉ်လိုင်းများထံက သိရသည်။ စက်တင်ဘာလ ၂၅ ရက် ပေါက်ကွဲပစ်ခတ်မှုများဖြစ်ပြီးနောက် […]

စစ်ကောင်စီတပ်က ဖမ်းထားသည့် လောင်းလုံးမြို့ခံ နှစ်ဦး ပြန်လွတ်လာ

Dawei Watch

September 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ‌လောင်းလုံးမြို့ (ဂ)ရပ်ကွက်တွင်နေထိုင်သော ကို‌‌အောင်ကိုဝင်း နှင့်ကိုကျော်စိုးနိုင်တို့ နှစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှသိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က နေအိမ်များတွင် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးမြို့မ ရဲစခန်းနှင့် စအဖရုံး တို့တွင် သီးခြားစီစစ်ဆေးခံရပြီးနောက် ယနေ့(စက်တင်ဘာ ၂၆) ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ စက်တင်ဘာလ ၂၁ ရက်‌နေ့က လောင်းလုံးအထက်တန်းကျောင်းရှေ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်က ပစ်ခတ်ခံရပြီးနောက် တစ်ရက်အကြာတွင် အထက်ပါအမျိုးသား နှစ်ဦး ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ငါးရက်ကြာ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာခြင်းလည်းဖြစ်သည်။

ရေဖြူ ဧကနိရွာသား စစ်ဘေးရှောင်တစ်ဦး ပစ်ခတ်ခံရ

Dawei Watch

September 26, 2023

ရေဖြူမြို့နယ် ဧကနိရွာသား အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး စက်တင်ဘာလ ၂၅ ရက်နေ့က စစ်ဘေးရှောင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ဒဏ်ရာရကြောင်း ဧကနိရွာသားအချို့က ပြောသည်။ ပစ်ခံရသူမှာ ဦးသောင်းနိုင်ဆိုသူဖြစ်ပြီး ဧကနိရွာအနီးတွင် စစ်ဘေးရှောင်နေစဉ် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လက်မှာ ရှပ်ထိသွားတယ်။ ဒဏ်ရာကတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ပြောဆိုသည်။ သေနတ်ဒဏ်ရာရရှိသည့် ဦးသောင်းနိုင်မှာ လက်ရှိတွင် ဆေးကုသခံယူနေရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧကနိနှင့် ဝါးဇွမ်းတောရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး ယနေ့ မွန်းလွဲပိုင်းအထိ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာလ၂၁ ရက်နေ့ကစပြီး ခမောင်းချောင်းရွာကို စစ်ကြောင်းထိုးစတင်ဝင်ရောက်ပြီး […]