BREAKING
November 10, 2025

ထားဝယ်

ကလိန်အောင်က ပတ္တမြားငမောက်သရက်သီး အထွက်နည်း

Dawei Watch

June 10, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့ ဒေသထွက် ပတ္တမြားငမောက်သရက်သီးမှာ ယခင်နှစ်ကထက် ယခုနှစ်အထွက်နည်းကြောင်း ကလိန်အောင်မြို့ခံ တောင်သူအချို့ထံမှ သိရသည်။ ယမန်နှစ်က အပင်ရေ ၁၀၀၀ ရှိ သရက်ခြံတစ်ခြံတွင် ရောင်တန်းဝင်အသီး ၆၀၀၀ ခန့်ရရှိခဲ့သော်လည်း ယခုနှစ်တွင်မူ ၁၀၀၀ လောက်သာရရှိကြောင်း ၎င်းတို့ကပြောသည်။ “အခုနှစ်က သရက်ပန်းတွေ ပွင့်တုန်းကတော့ အများကြီးပဲ။ ပန်းပွင့်နေတုန်း မိုးတစ်ကြိမ်မိသွားတော့ ပန်းတွေ အများကြီးကြွေသွားလို့ ဒီနှစ်အသီးအထွက်နှုန်းက နည်းသွားတာ” ဟု ကလိန်အောင်မြို့မှ ပတ္တမြားငမောက်သရက်သီး ဥယျာဥ်ခြံ ပိုင်ရှင်တစ်ဦးက ပြောသည်။ သို့သော် ခြံတိုင်းအသီးအထွက်နည်းပါးသဖြင့်အဆိုပါ ပတ္တမြားငမောက်သီးမှာ ဈေးကောင်းလျက်ရှိကြောင်း တောင်သူတို့က ပြောဆိုသည်။ ယခင်နှစ်က လက်ကားစျေး သရက်သီးတစ်လုံး လျှင် ၉၀၀ နှင့် ၁၀၀၀ ကျပ်ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ်တွင်မူ တစ်လုံးလျှင် ၁၂၀၀ နှင့် […]

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ် ကနက်သီရိတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထား

Dawei Watch

June 9, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်း လမ်းတွင် တိုက်ခိုက်ခံရပြီးနောက် ကနက်သီရိကျေးရွာတွင် တပ်စွဲကာ ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသခံအချို့က ပြောသည်။ ဝင်းဝနယ်မြေရဲစခန်းဘက်မှ တောင်ကြောလမ်းအတိုင်း လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်က ကမြိုင်ကျေးရွာနှင့် ရငဲရွာကြားတွင် ဇွန်လ ၈ ရက် နံနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့ကြောင်း ကျားရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၈ ဦးခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။ အင်အား ၃ဝခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ကမြိုင်၊ ရငဲ၊ ကျွဲမင်းကုန်း၊ ပိန္နဲကျောင်းရွာဘက်မှတစ်ဆင့် ကနက်သီရိကျေးရွာသို့ ဇွန်လ ၈ရက်က ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ကျွဲမင်းကုန်းရွာသား သုံးဦးကိုလည်း […]

ကလိန်အောင်မြို့ခံ ကုန်မာဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီ ဖမ်းဆီး

Dawei Watch

June 9, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့တွင် ကုန်မာဆိုင်ပိုင်ရှင်အမျိုသမီးတစ်ဦးကို ဇွန်လ ၈ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ အဖမ်းခံရသူမှာ အမှတ် ၃ ရပ်ကွက်တွင်နေထိုင်သူ အသက် ၃၀ ကျော်အရွယ် မချိုချိုဦးဆိုသူဖြစ်သည်။ ည ၁၀ နာရီဝန်းကျင်တွင် ၎င်း၏ကုန်မာဆိုင်သို့ စစ်ကောင်စီတပ်သားများ ရောက်ရှိလာပြီး ဆိုင်တွင် တစ်နာရီကျော်ကြာ ရှာဖွေစစ်ဆေးပြီးနောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။ “ဘယ်မှာဖမ်းထားလဲတောင် မသိသေးဘူး ။ အခုထိလည်းပြန်မလွတ်သေးဘူး “ ဟု မချိုချိုဦး နှင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ယနေ့ နေ့လယ်ပိုင်းကပြောဆိုသည်။ အဖမ်းခံရသည့် အကြောင်းအရင်းကိုလည်း တိတိကျကျမသိရသေးကြောင်း ၎င်းကဆိုသည်။ ပြီးခဲ့သည့် မေလနောက်ဆုံးအပတ်က ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာအခြေစိုက် အမှတ် ၄၀၈ ခြေမြန်တပ်ရင်း ကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က သုံးကြိမ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့အပါအဝင် အနီးတဝိုက်ကို […]

တိုက်ခိုက်ခံရပြီး‌နောက် လောင်းလုံး လဝကရုံးကို ထွေအုပ်ရုံးတွင် ပြောင်းဖွင့်

Dawei Watch

June 9, 2023

လောင်းလုံးမြို့နယ် လဝကရုံး ပစ်ခတ်ခံရပြီးနောက် ရုံးဟောင်းတွင်ပြန်မဖွင့်တော့ဘဲ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးထဲသို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၃ ရက်က လောင်းလုံးလဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ပြီး နှစ်ရက်ခန့်အကြာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးတွင် ပြောင်းရွှေ့ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး(မြို့နယ်အုပ်ချုပ်ရေးမှူးရုံး) မှာ မြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲဝင်လိုက်ပြီး တစ်ဆင့်ချိုးလိုက်ရင် အဲမှာ လဝကဌာနဆိုပြီး ဆိုင်းဘုတ်တပ်ထားတာရှိတယ်” ဟု ကိုယ်တိုင်သွား‌ရောက်ခဲ့သူ တစ်ဦးကဆိုသည်။ ရုံးပြန်ဖွင့်ပြီးနောက် မှတ်ပုံတင်ပြုလုပ်ထားသူများကို ဖုန်းဆက်ခေါ်ယူပြီး မှတ်ပုံတင်ထုတ်ပေးလျက်ရှိကြောင်း ၎င်းကဆိုသည်။ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးရုံးထဲတွင်ဆိုပါက မှတ်ပုံတင်ပြုလုပ်မည့်သူများအတွက် အဆင်ပြေနိုင်မည်မဟုတ်ကြောင်း လောင်းလုံးဒေသခံအချို့ကဆိုသည်။ “မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲ (မှတ်ပုံတင်) သွားလုပ်ရမှာကတော့ ခပ်လန့်လန့်ပဲ။ တော်ကြာ ဒလန်ဆိုပြီးပြောခံနေရဦးမယ်” ဟု လောင်းလုံးဒေသခံတစ်ဦးက ဆိုသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများမှာ ဌာနဆိုင်ရာရုံးများသို့ ကိုယ်တိုင်သွားရောက်ရန် […]

ထားဝယ် ဇလွန်းရွာလယ်လမ်းတွင် နေအိမ်မီးလောင်

Dawei Watch

June 9, 2023

ထားဝယ်မြို့နယ်၊ ဇလွန်းရွာလယ်လမ်းတွင် ယနေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီခွဲက နေအိမ်တစ်လုံးမီးလောင်ကြောင်း ဇမ္ဗူသီရိအဖွဲ့နှင့် ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတို့ထံမှ သိရသည်။ ဇလွန်းရွာရှိ ဒေါ်အေးရီ၏ နေအိမ်အပေါ်တွင်တပ်ဆင်ထားသည့် ဝါယာကြိုးမှ ဝါယာရှော့ဖြစ်ပြီး အပူလွန်ကဲကာမီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း အထက်ပါဌာနတာဝန်ရှိသူများကပြောသည်။ ပေ ၂၀ ပေ ၄၀ခန့်ရှိ သစ်သားအိမ်တစ်လုံး မီးလောင်ပြာကျသွားပြီး မိသားစုဝင်တစ်ဦးဖြစ်သူ အသက် ၂၇ နှစ်အရွယ်ရှိ မသန်းဌေးဆိုသူမှာ မူးမေ့လဲကျကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဌဖြစ်သူဦးနိုင်မျိုးသွင်ကပြောသည်။ မူးမေ့လဲကျသည့်အတွက် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစေပြီး နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “သူကနှလုံးရောဂါအခံရှိလို့ပေါ်နော် မေ့လဲသွားတာ။ အခုတော့ အိမ်ပြန်ပို့ပေးခဲ့ပြီးပါပြီ”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ အဆိုပါမီးလောင်မှုကို ဒေသခံများ က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ကိုးနာရီခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း အထက်ပါတာဝန်ရှိသူများထံမှသိရသည်။ ပြီးခဲ့သည့်မေလ ၂၅ […]

သရက်နှစ်ခွရွာတွင် ‌ကျောင်းပိတ်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေး၊ စစ်ကောင်စီက ဆက်ဖွင့်ရန် ဖိအားပေး

Dawei Watch

June 8, 2023

သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် ကျောင်းဆက်လက် မဖွင့်ရန် လက်နက်ကိုင်အဖွဲ့တစ်ခုက သတိပေးပြောဆိုထားသလို စစ်ကောင်စီကမူ ကျောင်းဆက်ဖွင့်ထားရန် ဖိအားပေးခိုင်းစေနေကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်က သရက်နှစ်ခွရွာ အထက်တန်းကျောင်းခွဲသို့ အရပ်ဝတ်ဖြင့် လက်နက်ကိုင် ၁ဝခန့် ဝင်ရောက်လာပြီး ဆရာမများနှင့် ကျောင်းသားမိဘများကို ခေါ်ယူကာ ကျောင်းဆက်လက် မဖွင့်ရန် ပြောဆိုခဲ့ကြောင်း ဒေသခံအချို့နှင့် ဆရာမအချို့က ဆိုသည်။ “ကျောင်းမဖွင့်ဖို့ပြောတယ်။ အခုတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ဖြစ်ပါစေ။ နောက်ထပ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးပြောတယ်။ တို့တွေအားလုံးကို မှတ်တမ်းယူဆောင်သွားပြီလေ။ ဆရာမတွေ အားလုံးက သွားမရဲတော့ဘူးလို့ပြောတယ်။ ကိုယ့်အသက်ထက် အရေးမကြီးဘူးလေ” ဟု သရက်နှစ်ခွရွာကျောင်းက ဆရာမတစ်ဦးက ပြောသည်။ ယင်းသို့ ပြောဆိုပြီးနောက် ဆရာများက ကျောင်းဆက်မဖွင့်ရဲတော့သလို မိဘများလည်း […]

လောင်းလုံး ကျေးရွာအချို့တွင် ညဖက်ကင်းလှည့်၊ ကင်းပုန်းဝပ်မှုများကြောင့် ဒေသခံများစိုးရိမ်မှုမြင့်တက်

Dawei Watch

June 7, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာအချို့တွင် ဇွန်လ ၁ ရက်ကစပြီး စစ်ကောင်စီတပ်က ညဖက်ကင်းလှည့်ခြင်း ကင်းပုန်း ဝပ်ခြင်းများ နေ့စဉ်ဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံများကြား စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြစ်ကမ်းဘေးတွင်ရှိသည့် သာယာကုန်း၊ သဲပုံ၊ အင်းဝန်း၊ ကမြောကြီး ကျေးရွာတို့တွင် ယင်းသို့ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ မေလ ၃၁ ရက်တွင် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း စစ်ကောင်စီ ဝန်ကြီးများအိမ်ရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အထက်ပါရွာများတွင် ကင်းလှည့်ခြင်း၊ ကင်းပုန်းဝပ်ခြင်းများ လုပ်ဆောင်လာကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့ ကညဖက်ဆို မြေတင်ကားတွေနဲ့လာတယ်။ အရင်က ကိုယ်ရွာနဲ့ကိုယ်ဆိုတော့ ညဖက်အပြင်ထွက်ရင် ထွက်လို့ရသေးတယ်။ အခုက ထွက်လို့မရဲတော့ဘူး။ သူတို့က ရွာထဲမှာတော့ ဖမ်းတာဆီးတာမျိုးမလုပ်ဘူး။ တစ်ခါတလေ […]

သရက်ချောင်းက ကျေးရွာလေးရွာထက်မနည်းကို စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ရှာဖွေ

Dawei Watch

June 7, 2023

သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့တွင် ကျေးရွာ လေးရွာထက်မနည်းကို ဆက်လက်ဝင်ရောက်ရှာဖွေစစ်ဆေးကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၆ ရက် နံနက် ၅ နာရီခန့်က သရက်နှစ်ခွရွာမှ ဥတ္တူရွာဘက်ကို စစ်ကြောင်းထိုးလာကြောင်း ဒေသခံတို့က ဆိုသည်။ ဥတ္တူရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ ယင်းသတင်းကို Dawei Watch က ဇွန်လ ၆ရက်က သတင်းဖော်ပြပြီးဖြစ်သည်။ ထိုမှတစ်ဆင့် ယနေ့ ဇွန်လ ၇ရက်တွင် ကျောက်လှေကား၊ ဟင်းဘုတ်ချောင်း၊ အင်းပြား၊ ကြာအင်းကျေးရွာများကို ရွာစဉ်တစ်လျှောက် ဆက်လက်ဝင်ရောက်ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲခန့်က အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကြာအင်းရွာသို့ […]