ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူတွင် စစ်ကောင်စီတပ်က ယာဉ်များနှင့် လုပ်ငန်းများကို ဝင်စစ်ပြီး ဒဏ်ကြေးဟုဆိုကာ ငွေတောင်း

Dawei Watch

October 11, 2023

စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ဇီးကျရွာသို့ ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ယာဉ်များကို စစ်ဆေး၍ ဒဏ်ကြေးဟုဆိုကာ ငွေတောင်းခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မနေ့(အောက်တိုဘာ ၁၀) မနက်ပိုင်းက ဇီးကျရွာရှိ လူနေအိမ်များကိုဝင်ရောက် စစ်ဆေးမေးမြန်းပြီး လိုင်စင်သက်တမ်းလွန်နေသည့် မော်တော်ဆိုင်ကယ်၊သစ်စက်၊ အိမ်သုံးမီးသွေးဖုတ်လုပ်ငန်းလုပ်သူများကို ဒဏ်ကြေးတောင်းသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မနက်စောစော မူးရူးပြီး လာကြတာ၊ ဆိုင်ကယ်တွေကို အိမ်အထဲထိဝင်စစ်တယ်၊ စိတ်ကောင်းရှိတဲ့ စစ်သားတွေ နဲ့တွေ့တဲ့အိမ်ဆိုရင်လည်း ဘာမှမပြောဘူး”ဟု ၎င်းကပြောသည်။ ဇီးကျရွာဒေသခံများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ကျော် ဒဏ်ကြေးပေးလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိပ်ကပ်ထဲ ထည့်ထားတဲ့ ကိုးထောင်တောင် မချန်ဘူး ပေးလိုက်ရတာ “ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယင်းကဲသို့စစ်ဆေးပြီးနောက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သေနတ် ပစ်ဖောက်ပြီး […]

စစ်ကောင်စီတပ်ဖမ်းသွားသည့် မောင်မယ်ရှောင်ရွာသားတစ်ဦး၏အလောင်း ထားဝယ်မြစ်ထဲပြန်တွေ့

Dawei Watch

October 10, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ‌မောင်မယ်ရှောင်ရွာသားသုံးဦးအနက်တစ်ဦး၏ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲတွင် ပြန်တွေ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၃၀ နှစ်အရွယ်ရှိ ကိုသားဂန်း၏ဖြစ်ပြီး လည်ပင်းတွင် စုတ်ပြဲဒါဏ်ရာများဖြင့် ညောင်ဇင်ရွာ၏ အနောက်ဘက် ထားဝယ်မြစ်တစ်နေရာတွင် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပေါ်နေတဲ့ အလောင်းက သားဂန်းနဲ့တူနေတယ်ဆိုပြီး ဖုန်းဆက်ပြောလာလို့ သွားကြည့်ပြီး အတည်ပြုခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ကျန်ဒေသခံနှစ်ဦးမှာလည်း အဆက်အသွယ်မရသေးကြောင်း နီးစပ်သည့်ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ဝရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အကျဉ်း‌ထောင်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ် မောင်မယ်ရှောင်ရွာကို ဝင်ရောက်ခဲ့သည်။ မောင်မယ်ရှောင်ရွာသား ကိုသားဂန်း၊ ကိုမျိုးဆွေ၊ […]

ရေဖြူမြို့နယ် ရလိုင်နှင့် ပုဂေါဇွန်းရွာတို့တွင် စစ်ကောင်စီတပ် နေအိမ်မီးရှို့

Dawei Watch

October 10, 2023

ရေဖြူအနောက်ဘက်ကမ်းရှိ ရလိုင်နှင့် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရလိုင်ရွာက နေအိမ်တစ်လုံး မီးရှို့ခံရပြီး အောက်တိုဘာလ ၉ ရက် ကလည်း ပုဂေါဇွန်းရွာက နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ “မီးခိုးလုံးတွေ တက်နေတယ်။ ရလိုင်တံတားထိပ်နားကလို့တော့ လောလောဆယ် သိထားရတယ်” ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့ကို စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်စွဲထားသည့် ရေဖြူမြို့ပေါ်ရှိ ရပ်တော်မူဘုရား အနီး စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် ၅ ရက်အကြာ […]

သရက်ချောင်း ရငဲရွာတွင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

October 9, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက နေအိမ်အချို့ကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံနေရပြီး မီးခိုးများတက်နေသည်ကို မြင်တွေ့နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများက ပြောသည်။ “ရငဲရွာလယ်ဘုန်းကြီးကျောင်းနားလောက်က အိမ်တွေလို့ထင်တယ်။ အဝေးကပဲ မြင်နေရတော့ ဘယ်သူ့အိမ်ဆိုတာ သေချာမပြောနိုင်ဘူး။ နှစ်လုံးလောင်နေတယ်လို့ သိတယ်” ဟု တိမ်းရှောင်နေသည့် ရငဲရွာခံတစ်ဦးက ဆိုသည်။ မင်းဒပ်ရွာဘုန်းကြီးကျောင်းတွင် သုံးရက်ကြာတပ်စွဲပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ကားနှစ်စီးဖြင့် သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာများကို ဝင်ရောက်လာပြီးနောက် ရငဲရွာက နေအိမ် အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကြောင်း ဝင်ရောက်လာသဖြင့် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်သားများသည် Vigo အမျိုးအစားကားတစ်စီး နှင့် […]

စစ်ကြောင်းထိုးနေသောကြောင့် ရေဖြူနှင့် လောင်းလုံး ဒေသခံထောင်ချီထွက်ပြေးနေရ

Dawei Watch

October 9, 2023

ရေဖြူမြို့အနောက်ဘက်ကမ်းက ကျေးရွာများနှင့် လောင်းလုံးမြို့ အနောက်မြောက်ဘက်က ကျေးရွာများကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးနေကြရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ ရေဖြူမြို့အ‌နောက်ဘက်ကမ်းရှိ သဗြေဇွန်း၊ မင်းဒပ်၊ ပုဂေါဇွန်း‌ ကျေးရွာများဘက်ကို စစ်ကြောင်းတစ်ကြောင်းနှင့် လောင်းလုံးမြို့နယ်ရှိ ‌စခန်းကြီးကျေးရွာအုပ်စုထဲက ကျေးရွာများဘက်ကို တစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။ “လက်ကြီးသုံးချက်ပစ်တယ်။ ဒေသခံတွေကတော့ ထွက်ပြေးတဲ့သူတွေ ပြေး။ နေတဲ့သူတွေ နေကျန်ခဲ့တာပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ‌ရေဖြူအနောက်ဘက်ကမ်းရှိ သဗြေဇွန်း၊ ပုဂေါဇွန်းရွာသားများ အဖမ်းခံထားရကြောင်းလည်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ဖမ်းဆီးခံထားရသည့် ဒေသခံ အရေအတွက်နှင့် အခြေအနေအသေးစိတ်ကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ စစ်ကောင်စီတပ်က ပြီးခဲ့သည့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 7, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ၂နှစ်ခွဲကျော်ကာလမှာ ကလေးငါးရာနီးပါး သေဆုံးခဲ့ရ အာဏာသိမ်းပြီး ၂နှစ်ခွဲကျော်ကာလမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေး ၄၉၁ဦး သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောပါတယ်။ အောက်တိုဘာလ ၄ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ဘက်က အခုလို ပြောဆိုလိုက်တာပါ။ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အများဆုံးသေဆုံးခဲ့ရသလို ကျေးရွာတွေကို စီးနင်းချိန်နဲ့ စစ်ကျန်လက်နက်တွေ ပေါက်ကွဲတာတွေကြောင့်လည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်တာ ပိုမိုများပြားလာပြီး အခုနှစ်အတွင်းမှာ စာသင်ကျောင်း ၁၂၀ နီးပါး၊ ဆေးခန်း ၃၉၀ […]

စစ်ကောင်စီ ဖမ်းထားသည့် ခမောင်းချောင်းဒေသခံ သားအဖ အလောင်းသာပြန်တွေ့

Dawei Watch

October 6, 2023

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရေဖြူမြိုနယ် ခမောင်းချောင်းရွာက သားအဖ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၄ ရက်နေ့တွင် ဦးသန်း၏ရုပ်အလောင်းကို ခမောင်းချောင်းရွာအနီး တောင်ကြောတွင်တွေ့ရပြီး၊ ၎င်း၏သားဖြစ်သူ ကိုသားငယ်၏ ရုပ်အလောင်းကို စီးနှင်းခံရသည့် PDF စခန်းတစ်ခုအနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြန်တွေ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ” သားဖနှစ်ယောက် အလောင်းတွေက တစ်နေရာစီမှာ တွေ့ရတယ် “ဟု ၎င်းကပြောသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အထူးပွားရေးဇုန်‌ဒေသဖြစ်သည့် ခမောင်းချောင်း ရွာကို ဝင်ရောက်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ၁ဝ ဦးမှာ ခမောင်းချောင်းရွာအနီး ဥယျာဉ်ခြံတစ်တစ်ခုတွင် စစ်ဘေးရှောင်ရင်း ဦးသန်းတို့သားအဖနှစ်ဦးနှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက် […]

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

Dawei Watch

October 6, 2023

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ၊ ရေဝိုင်းကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအုပ်စု ၊ ပခပ်အင်းရွာတို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။ “ ကျသွားတဲ့တစ်ယောက်က အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရတယ်။ ပခပ်အင်းမှာကျသွားတာပါ “ ကျဆုံးသွားသည့် ရဲဘော်နှင့်နီးစပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထားဝယ် ပကဖ အဖွဲ့တစ်ခုဖြစ်သည့် DGRF အဖွဲ့မှ ရဲဘော်တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ DGRF အဖွဲ့ […]