ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိရောက်ရှိ
Dawei Watch
June 15, 2023ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သုံးဆယ့်တစ်သိန်းကျော်အထိရောက်ရှိ လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့ ပေါက်ဈေးအရ ရွှေတစ်ကျပ်သားလျှင် ၃၁၁၅၀၀၀ (သုံးဆယ့်တစ်သိန်းတစ်သောင်းငါးထောင် ကျပ်) အထိ ဈေးတက်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့် ရက်များကမူ တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်ဝန်းကျင်ဖြင့် ဈေးဖွင့်ထားခြင်းဖြစ်သည်။ လက်ရှိကမ္ဘာ့ရွှေဈေးမှာ ဆက်တိုက်ကျနေသော်လည်း ကျပ်ငွေတန်ဖိုးဆက်ကျနေသည့်အတွက် ပြည်တွင်းရွှေဈေး ထိုးတက်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “မြန်မာ့ရွှေဈေးကကို တက်နေတာရှင်။ ကမ္ဘာ့ရွှေဈေးက ကျနေသေးတယ်”ဟု ၎င်းက ပြောသည်။ ယနေ့ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၅ ရှိသည်။ ပြီးခဲ့သည့် လများကမူ တစ်အောင်စလျှင် ဒေါ်လာနှစ်ထောင်ကျော်အထိ ဈေးတက်ခဲ့ဖူးပြီး ယင်းအချိန်က ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်းသုံးဆယ်အောက်တွင်သာ ပေါက်ဈေးရှိသည်။ လက်ရှိတွင်မူ ပြည်တွင်းရွှေဈေးတက်နေသည့်အတွက် စစ်ကောင်စီက ရန်ကုန်မြို့ရှိ […]


