ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 13, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက် ၆နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားရကြောင်း မြို့ခံအချို့က ဆိုသည်။ “အိပ်ရာကတောင် မနိုးကြသေးဘူး၊ တိုက်ပွဲ စဖြစ်တယ်။ အိမ်အောက်မှာ အားလုံးဆင်းဝပ်နေကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ နှစ်ဖက်စလုံး တော်တော်ပစ်ကြတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောဆိုသည်။ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ […]

ထားဝယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲလာ၍ လုပ်ငန်းရှင်များ အခက်တွေ့

Dawei Watch

January 13, 2026

ထားဝယ်မြို့ရှိ ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ ဘဏ်တွင် အပ်ထားသည့်ငွေနှင့် လွှဲလိုက်သည့်ငွေကို တစ်လုံးတစ်ခဲတည်း ထုတ်ယူ၍မရတော့ဘဲ ဘဏ်အပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းသာ ထုတ်ခွင့်ရနေကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်း ထုတ်ပေးသည့်ဘဏ်ရှိသလို ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ပေးသည့် ဘဏ်များလည်း ရှိနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီက ဖွင့်ထားသည့် ဘဏ်အကောင့်များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေသားထုတ်ခွင့်ရပြီး ကျပ်သိန်း ၁၀၀ အထိ ထုတ်ခွင့်ရနေကြောင်း ထားဝယ်မြို့ရှိ ဘဏ်များတွင် အမြဲတမ်းငွေထုတ်နေရသည့် ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုသို့ တစ်ကြိမ် ထုတ်ယူပြီးပါက တစ်ပတ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း၊ ငွေသွင်းခြင်း မလုပ်ဆောင်နိုင်တော့ကြောင်း […]

ကမြောကင်းဂိတ်တွင် လူငယ်ခြောက်ဦးထက်မနည်း စစ်မှုထမ်းဖမ်းဆီးခံရ၊ ထားဝယ်မှာ လူငယ်များကို ဆက်တိုက်လိုက်ဖမ်း

Dawei Watch

January 10, 2026

ထားဝယ်မြို့နှင့် လောင်းလုံးမြို့နယ်ကို ဆက်သွယ်ထားသည့် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင် တပ်က ယနေ့ လူငယ်အမျိုးသား ခြောက်ဦးထက်မနည်းကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးလိုက်ကြောင်း မြို့ခံများနှင့် ခရီးသွားများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၀ ရက် ယနေ့ နံနက် ၈ နာရီခန့်မှစ၍ စစ်အာဏာရှင်တပ်သည် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အနီးရှိ မြို့အဝင်အထွက်ပေါက် နှစ်ပေါက်စလုံးကို ပိတ်ဆို့ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း မြို့ခံခရီးသွားအမျိုးသမီးတစ်ဦးက ပြောသည်။ “အခုဖမ်းတာက ခါတိုင်းဖမ်းတာနဲ့ မတူဘူး။ (တံတား) အတက်ရော၊ အဆင်းရော အင်အားအများအပြားနဲ့ ပိတ်ဆို့ ဖမ်းတာ။ လုံခြုံရေးအပြည့်နဲ့” ဟု ၎င်းက ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းက ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရသည့် လူငယ် ခြောက်ဦးထက် မနည်းရှိကြောင်း Dawei Watch က စုံစမ်းသိရသည်။ […]

ရွေးကောက်ပွဲအကြိုနေ့ KNU လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ဗုံးကြဲ၊ ကလေးတစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Dawei Watch

January 10, 2026

ထားဝယ်ခရိုင်၊ အရှေ့တောဒေသ၊ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်နယ်မြေအတွင်းရှိ လယ်ဒိုစိုးမြို့နယ်ရုံးကို စစ်အာဏာရှင်တပ်က ယနေ့ ဇန်နဝါရီလ ၁၀ ရက်၊ နေ့လယ်ပိုင်းတွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့ကြောင်း ဒေသခံများနှင့် KNU သတင်းအရင်းအမြစ်များထံမှ သိရသည်။ နေ့လယ် ၁ နာရီ ၄၀ မိနစ်အချိန်တွင် စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာဖြင့် လယ်ဒိုစိုးမြို့နယ်ရုံးကို ဗုံးကြဲခဲ့ကြောင်း KNU (မြိတ်-ထားဝယ်ခရိုင်) အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောကြားသည်။ “ဗုံးကြဲခံရမှုအတွင်း ၂ နှစ်အရွယ် ကလေးတစ်ယောက် ဆုံးတယ်။ ပြီးတော့ လူကိုးယောက် ဒဏ်ရာရတယ်ပေါ့နော်” ဟု ပဒိုစောအယ်နားက ပြောသည်။ ဗုံးကြဲခံရသည့် ဧရိယာဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိကြောင်း ဒေသခံတို့က ပြောပြသည်။ “သင်္ကန်းတုံးရွာနားမှာ (ဇန်နဝါရီလ ၅ ရက်က) ပစ်ခတ်မှုပြီးကတည်းက အရှေ့တောမှာ ဘာတိုက်ပွဲမှ […]

ရွေးကောက်ပွဲ အကြိုနေ့ ညနေပိုင်း ထားဝယ်တွင် လူငယ်အများအပြားဖမ်းဆီးခံရ

Dawei Watch

January 10, 2026

ထားဝယ်မြို့၊ ကျန်းမာရေးလမ်း (ခ) လမ်းမသစ်၌ ယနေ့ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် အမျိုးသား အများအပြားကို စစ်အာဏာရှင်တပ်သားများက အချုပ်ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရသည့် မြို့ခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများက အချုပ်ကားအပါအဝင် ကားခြောက်စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။ “ထန်းပင်တန်း ထန်းရည်ခါးတဲ (ဆိုင်) မှာရှိတဲ့ လူတွေရော လမ်းမှာသွားနေတဲ့ ယောင်္ကျားလေးတချို့ရော အချုပ်ကားနဲ့ တစ်ခါတည်း ဆွဲတင်သွားတယ်။ ငါးဖမ်းနေတဲ့ ကလေးကသုံးယောက်ပါတယ်။ အားလုံး တစ်ဆယ်ကျော်တယ်” ဟု ၎င်းက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။ ဇန်နဝါရီလ ၈ ရက် ညကလည်း ထားဝယ်မြို့ရှိ ရပ်ကွက်အချို့တွင် လူငယ်ဆယ်နှင့်ချီ၍ ညဘက်နေအိမ်၌ ဖမ်းဆီး စစ်မှုထမ်းစုဆောင်းခံခဲ့ရကြောင်း ကာယကံရှင်မိသားစုများထံမှ […]

ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်

Dawei Watch

January 10, 2026

ထားဝယ်မြို့၏ စားဖိုဆောင်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းများ ပြတ်လုနီးပါးဖြစ်ကာ ဈေးမြင့်တက်လျက်ရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တတိယပတ်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီအဟောင်းတစ်ပိဿာ ၂၅၀၀ကျပ်သာ ရှိရာမှ ဒီဇင်ဘာလ ၂၈ ရက်တွင် ၃၀၀၀ကျပ်၊ ဇန်နဝါရီလ ၇ ရက်တွင် ၃၅၀၀ ကျပ်၊ ဇန်နဝါရီလ ၁၀ရက်တွင် ၄၅၀၀ကျပ်သို့ ဈေးဆက်တိုက် တက်လာသည်ကို တွေ့ရှိရသည်။ ကြက်သွန်နီအသစ်များမှာ ဒီဇင်ဘာလအတွင်း ထွက်လေ့ရှိပြီး ရန်ကုန်‌ဈေးကွက်သို့ ကြက်သွန်နီအသစ်များ နယ်စုံမှ ဝင်ရောက်နေပြီဖြစ်၍ ဈေးကွက်တွင် လက်ကျန်ကြက်သွန်နီအဟောင်းများ ဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ထားဝယ် မြို့ရှိ စားသုံးကုန်စည် လက်လီ၊ လက်ကားဈေးကွက်ထံမှ သိရသည်။ ထို့ကြောင့် သုံးပတ်အတွင်း ကြက်သွန်နီ အဟောင်းတစ်ပိဿာလျှင် ၂၀၀၀ကျပ် ဈေးတက်သွားကြောင်း စျေးကွက်အတွင်းမှ သိရသည်။ “(ကြက်သွန်နီအဟောင်း သိပ်) […]

ထားဝယ်တွင် ကြာသပတေးနေ့ညက လူငယ်အများအပြား စစ်မှုထမ်းရန် စုဆောင်းခံရ

Dawei Watch

January 10, 2026

ထားဝယ်မြို့တွင် ဇန်နဝါရီလ ၈ ရက် (ကြာသပတေး)နေ့ညက အသက် ၂၀ ဝန်းကျင် လူငယ်အများအပြားကို စစ်အာဏာရှင်တပ်က စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးသွားကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။ ည ၁၂ နာရီမှ မနက် ၁ နာရီအကြားတွင် ကားသုံးစီးဖြင့် မြို့ပတ်၍ နေအိမ်များအတွင်း ဝင်ရောက်ကာ စစ်မှုထမ်းရန် စုဆောင်းခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ဆိုသည်။ ကြက်စားပြင်၊ ဘုမ္မော်၊ ဝဲကျွန်း ရပ်ကွက်များရှိ နေအိမ်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများလည်း စစ်အာဏာရှင်တပ်သားများနှင့်အတူ ပါဝင်လာကြောင်း ဒေသခံများက ဆိုသည်။ ယင်းသို့ စုဆောင်းခံရသူများထဲတွင် ထားဝယ်မြို့၌ ပြီးခဲ့သည့်နှစ် သီတင်းကျွတ်ကာလမှစကာ တိုင်းစစ်ကော်မရှင်၏ အစီအစဉ်ဖြင့် ပြုလုပ်နေသည့် ပွဲလမ်းသဘင်များကို လူမှုကွန်ရက်တွင် မျှဝေလေ့ရှိသော ထားဝယ်မြို့အခြေစိုက် ပရဟိတအသင်းတစ်ခု၏ ဥက္ကဋ္ဌတစ်ဦးလည်း […]

လောင်းလုံးမြို့အနောက်ဘက်တွင် တောမီးလောင်နေပြီး ရော်ဘာခြံများအနီးသို့ ကူးစက်

Dawei Watch

January 8, 2026

လောင်းလုံးမြို့အနောက်ဘက်တွင် ယနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှ စတင်ကာ တောမီးလောင်ကျွမ်းနေပြီး ရော်ဘာခြံများအနီးသို့ ကူးစက်လာနေကြောင်း ဥယျာဉ်ခြံပိုင်ရှင်အချို့ထံမှ သိရသည်။ လောင်းလုံးမြို့၊ ပန်းတောဝဘုန်းကြီးကျောင်းမှ ပညစ်ကျေးရွာဘက်သို့ သွားသည့်လမ်း၊ ဒေသအခေါ် သရက်ငါးပင်နေရာတွင် တောမီးလောင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ အဆိုပါနေရာအနီးတွင် ဒေသခံများ၏ ရော်ဘာခြံ ဧကအမြောက်အမြားရှိနေပြီး ရော်ဘာစေးခြစ်နေကြသည်။ မည်သည့်နေရာမှ စတင်လောင်ကျွမ်းသည်ကို မသိရသေးသည့် အဆိုပါတောမီးမှာ လောင်းလုံးမြို့ဘက်ခြမ်းသို့ ဦးတည်နေပြီး လက်ရှိတွင် ရော်ဘာခြံများအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဥယျာဉ်ခြံပိုင်ရှင်တစ်ဦးက ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် ပြောကြားသည်။ “မီးကတော့ တော်တော်ပြင်းတယ်။ ကျွန်တော်တို့ ရော်ဘာခြံနဲ့ဆိုရင် သုံးလေးခြံခြားလောက်ကို (တောမီး) ရောက်နေပြီ” ဟု ၎င်းက ဆိုသည်။ မီးငြိမ်းသတ်ရန် မဖြစ်နိုင်သဖြင့် ဥယျာဉ်ခြံပိုင်ရှင်များ စုပေါင်းကာ မီးလမ်းဖြတ်ခြင်းများ ဆောင်ရွက်နေကြကြောင်း […]