ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းမြို့နယ် ဘုတ်တောင်ကို စစ်အာဏာရှင်တပ်က ပေါင် ၂၅၀ ဗုံးတစ်လုံးကြဲဟုဆို

Dawei Watch

March 3, 2026

သရက်ချောင်းမြို့နယ် ဘုတ်တောင်တွင်ရှိသည့် စစ်ဆေးရေးဂိတ်နေရာကို စစ်အာဏာရှင်တပ်က မတ်လ ၂ ရက် ညနေပိုင်းတွင် ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က‌ ပြောသည်။ မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဘုတ်တောင်ခြေတွင် KNLA စစ်ဆေးရေးဂိတ်နှင့် ဘုတ်တောင်ပေါ်တွင် စခန်းရှိပြီး ယင်းနေရာကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါနေရာတွင် KNLA စစ်ဆေးရေးဂိတ်နှင့် စခန်း တပ်ပြန်စွဲထားခြင်း ရှိ၊ မရှိ မသိရသေးပေ။ သို့သော်ယင်းနေရာကို မတ်လ ၂ ရက် (မနေ့က) ညနေ ၃ နာရီ ၅၀ မိနစ်ခန့်တွင် စစ်အာဏာရှင်တပ်က K-8W ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံးတစ်လုံး […]

ထားဝယ် စက်သုံးဆီဆိုင်ကြီးများတွင် တိုးကြိတ်ဝယ်ယူ၊ ဆိုင်အချို့ အကန့်အသတ်ဖြင့်ရောင်း

Dawei Watch

March 3, 2026

ထားဝယ်မြို့ပေါ် စက်သုံးဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းတွင် တိုးကြိတ်ဝယ်ယူနေကြပြီး ဆိုင်အချို့ အကန့်အသတ်ဖြင့် ရောင်းချကြောင်း စက်သုံးဆီလုပ်ငန်းလုပ်သူမြို့ခံအချို့ နှင့် သုံးစွဲသူ မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ်ရှိ DDPC စက်သုံးဆီအရောင်းဆိုင်၊ ရနံ့သစ် ၊ Petro Green နှင့် အခြားဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူများ တန်းစီဝယ်ယူနေကြကြောင်း မြိုခံအချို့က ပြောသည်။ စက်သုံးဆီဆိုင်အချို့တွင် လိုသလောက် ရောင်းချပေးပြီး ဆိုင်အချို့မှာ ကျပ်ငါးထောင်နှင့် တစ်သောင်းကြားသာ အကန့်အသတ်ဖြင့် ရောင်းချပေးကြောင်း စုံစမ်းသိရသည်။ ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီဝယ်ယူသူ မြို့ခံအမျိုးသမီး တစ်ဦးကမူ “လိုသလောက် တော့ရတယ်။ ဆီကတော့ အရနည်းတယ်၊ စျေးတက်လို့လားတော့ မသိဘူး” ဟု ပြောဆိုသည်။ လက်ရှိ ထားဝယ်စျေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် 95 အမျိုးအစား […]

ထားဝယ်နည်းပညာတက္ကသိုလ်အနီး ပစ်ခတ်မှုတွင် စစ်အာဏာရှင်တပ်သား သုံးဦးသေ

Dawei Watch

March 3, 2026

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ ထားဝယ်နည်းပညာတက္ကသိုလ်အရှေ့တွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများကို မတ်လ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားချိန်သည် မိနစ် ၃၀ ခန့် ကြာမြင့်ကာ စစ်အာဏာရှင်တပ်သား သုံးဦးသေဆုံးပြီး သေနတ်သုံးလက်နှင့် ဆက်စပ်ပစ္စည်းများကို ဒူရကစစ်ကြောင်းက သိမ်းဆည်းရမိကြောင်း ရုပ်သံ၊ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည့် ရုပ်သံ၌ ပစ်ခတ်တိုက်ခိုက်မှုတွင် နည်းပညာတက္ကသိုလ် မုခ်ဦးအရှေ့၌ ရပ်နေသည့် စစ်အာဏာရှင်တပ်သားသုံးဦး ကျည်ဆန်ထိမှန်ကာ လဲကျသေဆုံးနေသည်ကို တွေ့ရသည်။ မတ်လ ၁ ရက် ပစ်ခတ်မှုဖြစ်နေစဉ်အတွင်း လမ်းပိုင်းကိုတစ်နာရီခန့် ယာယီပိတ်ခဲ့ပြီး ပြန်ဖွင့်စဉ် ဖြတ်သန်းသွားလာသည့် ခရီးသွားများ၏ ပြောပြချက်အရ နည်းပညာတက္ကသိုလ်မုခ်ဦးအရှေ့ လမ်းမပေါ်၌ သွေးများပေနေသည်ကို တွေ့ရကြောင်း ဆိုသည်။ […]

ထားဝယ်တွင် စက်သုံးဆီ ဈေးတက်၊ ဆိုင်ကြီးများ အရောင်းရပ်

Dawei Watch

March 2, 2026

ထားဝယ်မြို့အပါအဝင် ကျေးရွာများတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်သွားပြီး မြို့ထဲရှိ စက်သုံးဆီဆိုင်ကြီးများ အရောင်းရပ်လိုက်ပြီဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ ထားဝယ်မြို့တွင်းရှိ စက်သုံးဆီဆိုင်ကြီးများ၊ ကမ်းနားလမ်းရှိ ဆီဘောများတွင် ယနေ့ နေ့လယ်ပိုင်းမှစပြီး စက်သုံးဆီ တိုးဝှေ့ဝယ်ယူနေကြပြီးနောက် ယင်းသို့ ပိတ်လိုက်ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “ဆီဆိုင်တွေပိတ်လိုက်ပြီ။ ကမ်းနားလမ်းမှာ သွားတိုးနေတဲ့သူတွေလည်း မရလို့ ပြန်လှည့်လာကြတယ်” ဟု ထားဝယ်မြို့ခံတစ်ဦးက ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် ပြောဆိုသည်။ နယ်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စက်သုံးဆီရောင်းချနေသူတစ်ဦးကလည်း ကမ်းနားလမ်းရှိ စက်သုံးဆီဘောတွင် ဝယ်ယူမရတော့ကြောင်း ပြောဆိုသည်။ နယ်ကျေးရွာတို့တွင်မူ စက်သုံးဆီတစ်လီတာကို ကျပ် ၃၂၀၀ မှ ၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး လိုသလောက် ဝယ်ယူမရတော့ကြောင်း ဒေသခံများက ပြောဆိုသည်။ “မနက် ၁၀ နာရီလောက်တုန်းက […]

ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော်လွတ်

Dawei Watch

March 2, 2026

စစ်အုပ်စု၏ လွတ်ငြိမ်းဖြင့် ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသူ တစ်ရာရှစ်ဦးခန့် ယနေ့ (မတ် ၂) လွတ်မြောက်လာကြောင်း ကာယကံရှင်များနှင့် မိသားစုများထံမှ သိရသည်။ “နိုင်ငံရေးအမှုများတယ်။ အမျိုးသမီး နှစ်ဆယ့်ခြောက်ယောက်မှာ နှစ်ယောက်ပဲ အခြားအမှုပါတယ်။ ကျန်တာအကုန် နိုင်ငံရေးအမှုတွေချည်းပဲ” ဟု လွတ်မြောက်လာသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။ နံနက် ဆယ့်တစ်နာရီဝန်းကျင်တွင် တစ်ကြိမ်၊ ညနေ ငါးနာရီဝန်းကျင်တွင် တစ်ကြိမ်၊ နှစ်ကြိမ်ခွဲ လွှတ်ပေးခြင်းဖြစ်သည်။ ထောင်မှလွှတ်ပေးပြီးနောက် ကားများဖြင့် ထားဝယ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားကာ ခံဝန်ထိုးခိုင်းပြီးမှ သွားခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ တပေါင်းလပြည့်နေ့ (မတ်လ ၂ ရက်) တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား တစ်သောင်းကျော်ကို လွတ်ငြိမ်းခွင့်ပြုကာ တရားစွဲဆိုခံထားရသူ တစ်သောင်းနှစ်ထောင်ကျော်ကိုလည်း အမှုပိတ်ကြောင်း စစ်အုပ်စုက ကြေညာသည်။ ယင်းတို့အနက် အကြမ်းဖက်မှု […]

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးသည့် ရော်ဘာတော၌ အရပ်သားခုနစ်ဦး ပစ်သတ်ခံထားရ

Dawei Watch

February 28, 2026

နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် သရက်ချောင်းမြို့နယ်တွင် အရပ်သားခုနစ်ဦး သတ်ဖြတ်ခံထားရကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ ကလိန်အောင်အခြေစိုက် ခမရ (၄၀၉) ခြေမြန်တပ်ရင်း စစ်ကြောင်းသည် သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းဘက်သို့ ဦးတည် စစ်ကြောင်းထိုးလာစဉ် စုံစင်ဖျားရွာမီးသတ်ရုံအနီးရှိ ရော်ဘာ တောထဲတွင် တွေ့ရှိသည့် အရပ်သားခုနစ်ဦးကို ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ပစ်သတ်ခံထားရသည့် ရုပ်အလောင်းများကို ဖေဖော်ဝါရီလ ၂၇ရက်က တွေ့ရှိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်း အမြစ်အချို့နှင့် ဒေသခံအချို့က ပြောဆိုသည်။ အသတ်ခံရသူများတွင် အမျိုးသမီးငါးဦး၊ အမျိုးသားနှစ်ဦးဖြစ်ပြီး ၎င်းတို့မှာ စစ်ဘေးရှောင်ပြည်သူများဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။ နားထင်ကို ပစ်ခတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြခြင်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။ Dawei Watch […]

သရက်ချောင်းက ကျေးရွာများကို ယခုလတွင်း လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၁၁ ရက်မြောက်အထိရှိလာ

Dawei Watch

February 27, 2026

သရက်ချောင်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်အာဏာရှင်တပ်က ယခုဖေဖော်ဝါရီလအတွင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ ယနေ့တွင် ၁၁ ရက်မြောက်အထိ ရှိလာကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။ သရက်ချောင်းမြို့နှင့် ပလောက်မြို့ကြား ပြည်ထောင်စုလမ်းတစ်လျှောက်ကို စစ်အာဏာရှင်တပ်က ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စစ်အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲများစတင်ဖြစ်ပွားသည်။ အဆိုပါလမ်းပေါ်ရှိ စစ်အာဏာရှင်တပ်၏ ဝင်းဝစခန်းကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာမှ တိုက်ပွဲများ ပြင်းထန်နေသည်။ စစ်အာဏာရှင်တပ်သည် သရက်ချောင်းမြို့နယ် သဲချောင်းကြီးကျေးရွာကို ဖေဖော်ဝါရီလ ၁၀ ရက်တွင် လေယာဉ်အသုံးပြုပြီး စတင်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ဖေဖော်ဝါရီလ ၁၂ရက်၊ ၁၇ရက်၊ ၁၈ရက်၊ ၁၉ရက်၊ ၂၀ရက်၊ ၂၃ရက်၊ ၂၄ရက်၊ ၂၅ ရက်၊ ၂၆ရက်နှင့် ယနေ့ ၂၇ ရက်တို့တွင်လည်း […]

ဒေသထွက်ကုန်အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လည်ပတ်ရန်ခက်ခဲ

Dawei Watch

February 27, 2026

တိုက်ပွဲများကြောင့် လမ်းပိတ်ဆို့ကာ ယခုလအတွင်း ဒေသထွက်ကုန်များ အဝင်နည်းသဖြင့် ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းအချို့ လုပ်ငန်းလည်ပတ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ပွဲရုံလုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။ ဖေဖော်ဝါရီ ပထမအပတ်ကစပြီး မြိတ်-ထားဝယ်လမ်းပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် ကုန်းလမ်းများ ပိတ်ဆို့ကာ ကုန်စည်စီးဆင်းမှုပြတ်တောက်နေကြောင်း ၎င်းတို့က ပြောသည်။ ထို့ကြောင့် ထားဝယ်မြို့ရှိ ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စေ့ ပွဲရုံလုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ရန် အခက်တွေ့နေခြင်း ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “အခုသီဟိုဠ်ဆိုရင် ပုလော၊ သရက်ချောင်းဘက်က ပစ္စည်းအကုန်လုံး လမ်းပိုင်းမှာ ပိတ်နေတယ်။ တက်လာလို့မရဘူး။ ရှိတဲ့ ပစ္စည်းကလည်း အခုအခြောက်လှန်းပြီး အခု ထခွဲလို့ မရဘူးဆိုတော့ တစ်ပတ်၊ နှစ်ပတ်လောက် ရုံပိတ်ရဖို့ အခြေအနေရှိ နေတယ်” ဟု ၎င်းက ပြောဆိုသည်။ ဒေသထွက်ကုန်ပစ္စည်းများကို […]