လောင်းလုံး ကဒက်ငယ်ဆိပ်ရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီး
Dawei Watch
December 1, 2023လောင်းလုံးမြို့နယ် ကဒက်ငယ်ဆိပ်ကျေးရွာတွင် နေအိမ်လေးဆောင် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ နိုဝင်ဘာလ ၃၀ ရက် ည ၉ နာရီဝန်းကျင်တွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဓနိမိုး၊ ထရံကာ နေအိမ်နှစ်ဆောင်၊ သစ်သားအိမ်တစ်ဆောင်၊ နှစ်ထပ်အိမ်တစ်ဆောင် မီးလောက်ပျက်စီးသွားကြောင်း မီးငြှိမ်းသတ်ရာတွင်ပါဝင်သူ လူငယ်တစ်ဦးက ဆိုသည်။ “ဘယ်ကနေ စလောင်တယ်ဆိုတာတော့ သေချာမသိဘူးဗျ။ လူမနေတဲ့အိမ်ကနေ စလောင်တယ်ဆိုတာပဲ သိတယ်” ဟု ၎င်းလူငယ်က ပြောသည်။ မီးလောင်သည့် နေအိမ်တို့မှာ တစ်အိမ်နှင့် တစ်အိမ် နီးနီးကပ်ကပ်ရှိနေကြသဖြင့် မီးကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ရွာအနီးရှိ ရေသယ်ကားတစ်စီးအကူအညီဖြင့် ရွာသားများပူးပေါင်းပြီး ငြှိမ်းသတ်နိုင်ခဲ့သောကြောင့် မီးဆက်လက် ကူးစက် လောင်ကျွမ်းမှု မရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်ညကလည်း ကဒက်ငယ်ဆိပ်ကျေးရွာနှင့် တစ်ရွာကျော်အကွာရှိ ဂေါ့အင်းရွာတွင် နေအိမ်တစ်ဆောင် […]


