တောင်မင်းပြောင်ရွာတွင် နေအိမ် ၃ ဆောင်မီးလောင်ပြီး အိမ် ၅၀ ကျော်ဖျက်ဆီးခံရ
Dawei Watch
July 25, 2023စစ်ကြောင်းထိုးခံရသည့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် တောင်မင်းပြောင်ရွာတွင် နေအိမ်သုံးဆောင်မီးရှို့ခံရပြီး လူမရှိသည့် နေအိမ် ငါးဆယ်ခန့်မှာလည်း ဖျက်ဆီးခံထားရသည်ဟု ဒေသခံများထံမှသိရသည်။ ဇူလိုင်လ ၂၂ ရက်က ခမောင်းတောင်ရွာနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက တောင်မင်းပြောင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်သုံးဆောင် မီးရှိုခံရတယ်။ ဖျက်ဆီးခံရတာက လမ်းမတန်းအိမ်တွေချည်းပဲ ညဘက်မှာ ဝင်သွားတာထင်တယ်။ ကျွန်တော်တို့အိမ်မှာဆို မီးတွေပွင့်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ စစ်ကြောင်းဝင်လာသည့်အတွက် ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဒေသခံများ၏ နေအိမ်တံခါးများကို ရိုက်ဖျက်ပြီး အသုံးဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ဖျက်ဆီးသွားခြင်းဖြစ်ဟု ဒေသခံများကဆိုသည်။ ယင်းအပြင်နေအိမ်အချို့တွင်လည်း အသုံးဆောင်ပစ္စည်းအချို့၊ ရွှေနှင့် ပိုက်ဆံများ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့ကဆိုသည်။ ထားဝယ်ခရိုင်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ရေးအရှိန်မြင့်လာနိုင်သည့်အတွက် လောင်းလုံးနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာရှစ်ရွာမှ ဒေသခံပြည်သူများ စစ်ဘေးရှောင်ထွက်ပြေးနေကြရသည်။ ယင်းဒေသများမှ စစ်ဘေးရှောင်ရသူ […]


