ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင် တောင်တက်လမ်းမြေပြို
Dawei Watch
July 31, 2023တနင်္သာရီတိုင်းတွင် ထင်ရှားသည့် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်တက်လမ်း ဇူလိုင်လ ၃၀ ရက် နံနက်ပိုင်းက မြေပြိုကျကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းသဖြင့် မြေသားပြိုကျပြီး ကိုးနာရီကြာ လမ်းပိတ်ဆို့ခဲ့ကြောင်း ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ သတင်းရ ရချင်း မနက် ၈နာရီလောက်ကစပြီး ရှင်းလင်းရေးစလုပ်တယ်။ လူအင်အားနဲ့မနိုင်လို့ ဘက်ဟိုးတစ်စင်းခေါ်ပြီး ထပ်ရှင်းတယ်။ ညနေ ၄ နာရီလောက်မှာ အကုန်ရှင်းပြီးလို့ လမ်းရှင်းသွားတယ်။ သွားလို့ရသွားပါပြီ” ဟု ၎င်းက ဆိုသည်။ ယနေ့ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းက ကလိန်အောင်မြို့၊ အမှတ် ၄ ရပ်ကွက်တွင် ကားလမ်းမပေါ် ရေ သုံးပေခန့်ကျော်နေသဖြင့် ဆိုက်ကယ်စီးသွားရန် အဆင်မပြေကြောင်း ဒေသခံတို့ကထံမှ သိရသည်။ ဇူလိုင်လ ၂၈ ရက်ကစပြီး […]


