တိုင်းအတွင်း ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးပြတ်လပ်နေ
Dawei Watch
August 3, 2023တနင်္သာရီတိုင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးပြတ်လပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ အသက် ၉ လမှ ၁၅နှစ်အတွင်း အရွယ်ကလေးငယ်များကို ထိုးနှံပေးသည့် ပုံမှန်ကာကွယ်ဆေးတစ်မျိုးဖြစ်သည်။ လောင်းလုံးမြို့နယ်တွင်မူ အဆိုပါကာကွယ်ဆေး မထိုးရသည်မှာ သုံးလဆက်တိုက်ရှိနေပြီဖြစ်ကြောင်း ကလေးမိခင်တစ်ဦးက ပြောသည်။ “အခြားကာကွယ်ဆေးတွေအပြည့်ထိုးရတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါတစ်ခုပဲ မထိုးရတာ။ တစ်ခါသွားရင် တစ်ခါ မရှိဘူးပြောပြောလိုက်တာ။ အခုဆို သုံးလရှိပြီ” ဟု ဇူလိုင်လ ၃၁ ရက်က လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးသွား ထိုးပေးသည့် မိခင်တစ်ဦးက ဆိုသည်။ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြတ်လပ်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမည်မဖော်လိုသည့် သတင်းရင်းတစ်ဦးက ပြောဆိုသည်။ “ဗဟိုမှာတောင်မှ ပြတ်လပ်နေတာပါ” ဟု ၎င်းက ပြောသည်။ တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံ မေးမြန်းရာတွင်မူ ဂျပန်ဦးနှောက်ရောင်ရောင်ရောဂါကာကွယ်ဆေး မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ဖြေကြားသည်။ တနင်္သာရီတိုင်းတွင် လသားအရွယ်ကလေးများကို […]


