ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ
Dawei Watch
August 10, 2023ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။ ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ပျိုးမအောင်ဖြစ်ခဲ့ရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့ကပြောဆိုသည်။ “တော်တော်များများ လယ်သမားတွေ ပျိုးလိုက်ရှာနေကြတယ်။ မိုးကြီးတုန်းကသေသွားတာတွေကို စိုက်ဖို့၊ ဖာဖို့ပေါ့” ဟု ထားဝယ်မြို့ စောမိညိုကွင်းက လယ်သမားတစ်ဦးက ပြောသည်။ ယင်းနည်းတူ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင်လည်း ရေကြီးသဖြင့် စပါးပင်များ ပျက်စီးသေဆုံးမှုများကြောင်း ဒေသခံလယ်သမားတို့က ပြောဆိုကြသည်။ “ပျိုး (ပျိုးပင်ပေါက်) ပင်က ဝယ်ရတအားခက်တယ်။ အခုက လူတိုင်းနီးပါး (စပါး) သေကြတော့ ပျိုးလိုတဲ့သူကများနေတာကိုး” ဟု သရက်ချောင်းမြို့နယ် ကဇိကျေးရွာက လယ်သူမတစ်ဦးက ဆိုသည်။ ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကမည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးပေ။ […]


