ကလိန်အောင်တွင် ရွှေလုပ်သားသုံးဦးအသတ်ခံရမှုကို ဖြေရှင်းချက်ပေးရန် မိသားစုဝင်များတောင်းဆို
Dawei Watch
January 16, 2024ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ ၊ နတ်အိမ်တောင်ဒေသ ၊ ကျောက်လုံးကြီးရွာတွင် လက်လုပ်လက်စား ရွှေလုပ်သား အမျိုးသားသုံးဦး သတ်ဖြတ်ခံရမှုအတွက် သက်ဆိုင်သည့်အဖွဲ့က ဖြေရှင်းချက်ပေးရန် ကျန်ရစ်သည့်မိသားစုဝင်များက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပန်းမချောင်း (ပင်းမချောင်း) ဘက်သို့ ရွှေကျင်ရန်သွားရောက်ပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်သွားကြောင်း ကျန်ရစ်သူမိသားစုများဝင်များက ပြောသည်။ ပျောက်ဆုံးသွားသူ သုံးဦးသည် ပဲခူးတိုင်း၊ ဝေါမြို့နယ် ဇာတိဖြစ်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေဖြစ်သည့် ကျောက်လုံးကြီးရွာတွင် လွန်ခဲ့သည့် ၃ နှစ်ကတည်းက ပြောင်းရွှေ့လာကာ ရွှေကျင်သည့် လုပ်ငန်း လုပ်ကိုင်သူများဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။ ၎င်းတို့မှာ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်၊ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး (ခေါ်) ဦးသိကြားမင်းနှင့် ၎င်း၏ […]


