BREAKING
November 8, 2025

ထားဝယ်

ရေဖြူတွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုဖြစ်၊ ဒေသခံများထွက်ပြေး

Dawei Watch

September 21, 2023

ရေဖြူမြို့နယ်တွင် ထားဝယ်ရေနက်ဆိပ်ကမ်းဒေသကို ယနေ့ နံနက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့က ပြောသည်။ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ခမောင်းချောင်းကျေးရွာ တွင် ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၁ဝနာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ရေနက်ဆိပ်ကမ်းနယ်မြေ၊ ဒေသအခေါ် ရှမ်းလမ်း ကင်းတံတားဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဒေသကာကွယ်ရေးတပ် PDF တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ရေဖြူမြို့နယ်တွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ “ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ မကြားရသေးဘူး” ဟု ၎င်းက ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေသဖြင့် ရေနက်ဆိပ်ကမ်းနယ်မြေရှိ ရှမ်းလမ်း၊ ကင်းတံတားအနီးက ကျေးရွာများနှင့် ဝဇွမ်းတော၊ ရငဲ၊ ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်းရွာက ဒေသခံများမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြကြောင်း […]

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ဝင်ပစ်

Dawei Watch

September 21, 2023

လောင်းလုံးမြို့ (ဃ) ရပ်ကွက် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် အစောပိုင်းတွင် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ကြောင်း အဆိုပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။ ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၆နာရီကျော်တွင် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “ဆယ့်ငါးချက်လောက် ရှိမယ်။ ကြားရတယ် အတိုင်းသား။ နှစ်ဖက်ညှပ်တိုက်တယ်။ ကျောင်းဝင်းထဲမှာလည်း ပေါက်ကွဲသံကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါစစ်ဆေးရေးဂိတ်ကို Dawei Defense Team -DDT တပ်ခွဲ (၃) ထားဝယ်-ပကဖနှင့် Guerrilla Dawei -ထားဝယ်မြို့ပြ‌ ပျောက်ကြားတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်‌သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပြီးနောက် […]

စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပခပ်ရွာသားငါးဦးပြန်လွတ်လာပြီ

Dawei Watch

September 20, 2023

ထားဝယ်မှ အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့သည့် ပခပ်ရွာသားငါးဦး ယနေ့ စက်တင်ဘာလ ၂ဝရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ပခပ်ရွာနှင့် အနီးဝန်းကျင်ရွာက ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပခပ်ရွာက ဒေသခံငါးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ကို ရမ္မဇူရွာအထိ ရိက္ခာနှင့် ပစ္စည်းများကို သယ်ခိုင်းသည်ဟုသိရကြောင်း ပခပ်ရွာသားတစ်ဦးက ဆိုသည်။ “(ရိုက်နှက်တာ) ဘာမှမလုပ်ဘူး။ သူတို့ပစ္စည်းတွေတော့ ပိုးခိုင်းတယ်လို့ပြောတယ်” ဟု ၎င်းက ပြန်လည်လွတ်မြောက်လာသူများ ပြောဆိုချက်ကို ကိုးကားက ပြန်လည်ပြောဆိုသည်။ ထီးခီး-မေတ္တာဘက်က လာသည့် စစ်ကြောင်းနောက်တစ်ကြောင်းမှာ ကျောက်မဲတောင်ရွာတွင် တစ်ညအိပ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း […]

သရက်ချောင်း ကျောက်ဆည်ရွာ ပျူစောထီးခေါင်းဆောင်ဆိုသူနှင့်ဇနီးတို့ ပစ်သတ်ခံရ

Dawei Watch

September 20, 2023

သရက်ချောင်းမြို့နယ် ကျောက်ဆည်ရွာ ပြည်သူ့စစ် (ပျူစောထီး) ခေါင်းဆောင်ဆိုသူနှင့် ဇနီးဖြစ်သူတို့ ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၉ ရက် ည ၈ နာရီခန့်တွင် အသက် ၅၀ ကျော်အရွယ်ရှိ ကျောက်ဆည်ရွာ ပျူစောထီး ခေါင်းဆောင်ဆိုသူ ဦးတိုးဝင်းသည် ဇနီးဖြစ်သူနှင့်အတူ ထမင်းစားနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူက လူသစ်စုဆောင်းတာတွေ လုပ်တယ်။ ပဲဒက် (ရွာ) က ပျူစောထီးအဖွဲ့‌တွေနဲ့ ချိတ်ဆက်ပြီး နေတယ်။ သူမှာ အာဏာရှိတယ်ဆိုပြီး မောက်မာပြောဆိုလေ့ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းသို့ လာရောက်ပစ်ခတ်စဉ် ဦးတိုးဝင်း၏ အစ်ကို ဖြစ်သူ ဦးသောင်းစိန်ဆိုသူကိုလည်း ရိုက်နှက်ပြီး ထားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးတိုးဝင်းတို့ ဇနီးမောင်နှံကို […]

ရန်တောင်ရွာစာသင်ကျောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာ လာရေးထားသဖြင့် ကျောင်းပိတ်လိုက်ရ

Dawei Watch

September 19, 2023

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်သွားကားလမ်းဘေးရှိ ရန်တောင်ကျေးရွာ မူလွန်ကျောင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေးစာ လာရောက်ရေးသားထားသဖြင့် ကျောင်းပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းကျောင်းဖွင့်ချိန်တွင် ကျောင်းခန်းနံရံများနှင့် ကျောက်သင်ပုန်းပေါ်တွင် စစ်အာဏာရှင် အလိုမရှိ၊ စစ်ကျွန်ပညာရေးအလိုမရှိ စသော စာများ ရေးသားထားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “ရေးထားတဲ့စာတွေကို အဝေးကနေတောင် မြင်နေရတယ်။ စပရေးနဲ့ ဖျန်းပြီးတော့ ရေးထားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျောင်းကို သွားသည့်အချိန်တွင် အထက်ပါစာများကို မြင်တွေ့သဖြင့် ကျောင်းအုပ်ကြီးက ကျောင်းတစ်ပတ် ပိတ်လိုက်ကြောင်း ရန်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဲဒီလိုဆိုရင်တော့ ဆရာကြီးက ကျောင်းတစ်ပတ် ပိတ်မှရမယ်ဆိုပြီး ကျောင်းသားတွေကို အဲဒီနေ့မှာပဲ ပြန်လွှတ်ပေးလိုက်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါစာကို မည်သူတို့က […]

ထားဝယ်အရှေ့တောဒေသတွင် KNU စခန်းကို ကော်သူးလေတိုက်ခိုက်

Dawei Watch

September 19, 2023

ထားဝယ်အရှေ့တောဒေသရှိ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၄) လက်အောက်ခံ KNLA တပ်စခန်း တစ်ခုကို ကော်သူးလေတပ်မတော် KTLA က တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်အတည်ပြုချက်အရ သိရသည်။ ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ပျဉ်းသားတောရွာရှိ KNLA စခန်းကို စက်တင်ဘာ ၁၆ ရက် နံနက် ၆ နာရီခွဲခန့်တွင် ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းစခန်းတွင် KNU ရဲတပ်ဖွဲ့ဝင်လေးဦးနှင့် စစ်သားနှစ်ဦးရှိပြီး KTLA က အင်အား ၃၀ ခန့်ဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ “ငါတို့ ပြန်ခုခံပစ်ကြတာပေါ့နော်။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ ကျွန်တော်တို့အဖွဲ့က ဘာမှထိခိုက်မှု မရှိဘူး။ KTLA အဖွဲ့က ပြန်ဆုတ်ခွာသွားတယ်” […]

ကျောက်ရပ်ရွာသားတစ်ဦး ဖမ်းခံရပြီး တစ်ပတ်ကြာအထိအဆက်သွယ်မရသေး

Dawei Watch

September 18, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၁၂ ရက်ညကတည်းက အဖမ်းခံရပြီး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ဦးမျိုးဝင်းဆိုသူဖြစ်ပြီး ၎င်းကို ကျောက်ရပ် ရွာလယ်ဇရပ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ ဦးမျိုးဝင်းသည် ယခင်က ဆံသလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း CDM ပြုလုပ်ထားသည့် သားဖွားဆရာမဖြစ်ကြောင်း ဒေသခံရွာသားတို့ကထံမှ သိရသည်။  စက်တင်ဘာလ ၁၂ ရက် ညက ကျောက်ရပ်ရွာတွင် နေအိမ်အချို့ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ ကြောင်း ဒေသခံတို့က ပြောဆိုသည်။  “ဦးမျိုးဝင်းက မိသားစုနဲ့လည်း အဆက်သွယ်ပြတ်နေတယ်။ တစ်ပတ်ကြာတဲ့အထိ ဘာမှပြန်မကြားရသေးဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။ ဩဂုတ်လ ၃၁ ရက်တွင် ကျောက်ရပ်ရွာက […]

ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို LPDF အဖွဲ့တစ်ခုကဖမ်းဆီး၊ ပြန်လွှတ်ပေးရန် ပအဖညှိနှိုင်း

Dawei Watch

September 17, 2023

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး(ကြယ်တောင်) ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ “အရေးပေါ်ကားတွေကို လမ်းမှာတားပြီး ကိုနိုင်မျိုးသွင်ကို စစ်ဆေးစရာရှိလို့ဆိုပြီး အေးအေးဆေးဆေး ရယ်ရယ်မောမောပဲ ပြောပြီးခေါ်သွားတာ။ မှည့်တစ်ပေါက် မစွန်းစေရဘူးလို့လည်း ပြောသွားတယ်” ဟု ဇမ္ဗူသီရိနှင့် နီးစပ်သူက ပြောသည်။ ထိုသို့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့နံနက်တွင်မူ ဦးနိုင်မျိုးသွင်က ၎င်း၏ဇနီးဖြစ်သူထံ ဖုန်းဆက်လာကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။ “သူ့မိန်းမဆီ ဖုန်းဆက်ပြီး အားလုံးအဆင်ပြေတယ်။ အားလုံးအေးဆေးပဲလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း […]