ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ မူးဒူးရွာတွင် စစ်အာဏာရှင်တပ် လူဦးရေစာရင်းထပ်ကောက်

Dawei Watch

November 7, 2025

ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင် စစ်အာဏာရှင်တပ်က လှည့်ကင်းပတ်ပြီး ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်ပိုင်းမှစတင်ကာ လူဦးရေစာရင်း ထပ်မံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရှိ ယာယီစစ်စခန်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်သည် မူးဒူးရွာသို့ နိုဝင်ဘာလ ၄ ရက်တွင် ရောက်ရှိပြီး နိုဝင်ဘာလ ၅ ရက် ညနေပိုင်းအထိ လူဦးရေစာရင်း ကောက်ယူကာ ယာယီစစ်စခန်းသို့ ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။ စစ်အာဏာရှင်တပ် ကျေးရွာသို့ ရောက်ရှိလာချိန် ဒေသခံများ တိမ်းရှောင်ခဲ့ကြပြီး စစ်အာဏာရှင်တပ် ပြန်လည် ထွက်ခွာပြီး နောက်တစ်ရက် နိုဝင်ဘာလ ၆ရက်တွင် ဒေသခံများလည်း ကျေးရွာသို့ ပြန်လာကြကြောင်း ၎င်းတို့က ဆိုသည်။ နိုဝင်ဘာလ ၆ ရက် ည ၁၁ နာရီခန့်တွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် […]

လောင်းလုံးတွင် လျှပ်စစ်ဓာတ်အား ပြန်ရမည့်အချိန် မပြောနိုင်သေးဟုဆို

Dawei Watch

November 7, 2025

လောင်းလုံးမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်နေသည်မှာ ရက်ပေါင်းလေးဆယ်နီးပါး ရှိလာပြီဖြစ်သော်လည်း ဓာတ်အားပြန်လည်ဖြန့်ဖြူးနိုင်မည့်အချိန် အတိအကျ မပြော‌နိုင်သေးကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။ လောင်းလုံးမြို့ပေါ်တွင် စက်တင်ဘာလ ၃၀ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းပစ်ခတ်ခဲ့သည့် ကျည်ဆန်အချို့က မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှိ 5 MVA Transformer ကို ထိမှန်ကာ အပေါက်ဖြစ်သွားကြောင်း ထားဝယ်ခရိုင်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌နေသည့် Petro & Tran ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ လတ်တလောတွင် ‌အ‌ပေါက်ဖြစ်သွားသည့် 5 MVA Transformer နေရာတွင် အသစ်ဝယ်ယူအစားထိုးနိုင်ခြင်းမရှိသဖြင့် ယင်း Transformer ကိုပင် ပြုပြင်နေကြောင်း မြို့နယ်လျှပ်စစ်မှူးက ပြောဆိုသည်။ “ဒီပစ္စည်း( 5 MVA Transformer) ကို ပြန်ဖာနေတယ်ဗျ။ အသစ်ကမလဲနိုင်ဘူးလေ။ ပေါက်တဲ့ပစ္စည်းကိုပဲ အင်ဂျင်နီယာနဲ့ပြန်ဖာဖို့လုပ်နေပါတယ်” ဟု ၎င်းက […]

ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်၊ ရဟန်းတစ်ပါး ဒဏ်ရာရ

Dawei Watch

November 6, 2025

ရေဖြူမြို့နယ်၊ညင်းထွေးကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် တပ်စွဲထားသော စစ်အာဏာရှင်တပ်ကို နိုဝင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဟန်တစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ညင်းထွေးကျောင်းသစ် ဘုန်းကြီးကျောင်းသို့ နိုဝင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် စစ်အာဏာရှင်တပ်က လာရောက်တပ်စွဲထားခြင်းဖြစ်ပြီး ည ၇ နာရီ ကျော်အချိန်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဒရုန်းဖြင့် လာရောက်ဗုံးချတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံတို့ကပြောသည်။ စစ်အာဏာရှင်တပ် တပ်စွဲထားသည့် ညင်းထွေးကျောင်းသစ်ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ ဗုံးသီး ၄ လုံးတပ် ဒရုန်းဖြင့် နှစ်ကြိမ် ဗုံးချတိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ဗုံးသီး ၈ လုံး ကျရောက်ပေါက်ခွဲခဲ့သည်ဟု ဆိုသည်။ ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်း အဆောက်အအုံအချို့ ထိမှန်ပျက်စီးကာ၊ သက်တော် ၅၀ ကျော် ဝါတော် ၆ ဝါ […]

လောင်းလုံးနှင့် ရေဖြူတွင် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် လူဦးရေစာရင်းကောက်

Dawei Watch

November 6, 2025

လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့က ကျေးရွာအချို့တွင် စစ်အာဏာရှင်တပ်က အင်အားအများအပြားအသုံးပြုပြီး လူဦးရေစာရင်း လိုက်လံကောက်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်အာဏာရှင်တပ်သားများ ရှေ့ပြေးရောက်ရှိလာပြီးနောက် ယနေ့ နိုဝင်ဘာလ ၆ရက် နံနက်ပိုင်းကစပြီး လောင်းလုံးမြို့နယ်၊ ကမြောကင်းကျေးရွာအုပ်စုတွင် တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေနှင့် အိမ်ထောင်စုစာရင်း လိုက်လံစစ်ဆေး ကောက်ယူ နေကြောင်း ဒေသခံအမျိုးသားတစ်ဦး ပြောသည်။ “အဖွဲ့စုံပဲ။ လဝကလည်း ပါတယ်။ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ မရှိတဲ့သူတွေကျတော့ ဘယ်သွားလဲလို့ မေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် ရေဖြူမြို့နယ်၊ မူးဒူးကျေးရွာတွင်လည်း စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၄ ရက်နှင့် နိုဝင်ဘာလ ၅ ရက် နှစ်ရက်ကြာ လူဦးရေစာရင်း စစ်ဆေးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူတို့က ဘုန်းကြီးကျောင်းမှာ […]

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် တစ်သိန်းကျော်ဈေးတက်၊ ကော့သောင်း လေယာဉ်လက်မှတ်ပြတ်နေ

Dawei Watch

November 5, 2025

ရန်ကုန်မြို့နှင့် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့များသို့ ပြေးဆွဲသည့် လေယာဉ်လက်မှတ်ဈေးနှုန်းများ မြင့်တက်နေပြီး ယင်းအနက် ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်စျေးမှာ အမြင့်ဆုံးဖြစ်နေကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ လလယ်ခန့်က ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ်တစ်သိန်းခွဲ နီးပါးအထိ မြင့်တက်သွားကြောင်း လေယာဉ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ လလယ်ခန့်က ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ် နှုန်းထားမှာ ကျပ် ၃၆၀၀၀၀ ဝန်းကျင်သာ ရှိသော်လည်း လက်ရှိတွင်မူ အမြင့်ဆုံး ၅၁၀၀၀၀ ကျပ်အထိ ရှိနေကြောင်း ၎င်းတို့က ဆိုသည်။ “(ရန်ကုန်-ထားဝယ်က) ဈေးနှစ်မျိုးရှိတယ်။ လေးသိန်းကျော်က တစ်မျိုး၊ ငါးသိန်းကျော်က တစ်မျိုး။ ဆယ်လပိုင်းထဲမှာ ဈေးတွေ တက်သွားတာ” ဟု ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချသူတစ်ဦးက ပြောသည်။ ထားဝယ်-ရန်ကုန် လက်မှတ်ဈေးလည်း […]

ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ မစတင်နိုင်သေး

Dawei Watch

November 4, 2025

ပွင့်လင်းရာသီ စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ လုပ်ငန်းမစတင်နိုင်သေးကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။ နှစ်စဉ် သီတင်းကျွတ်လတွင် ဆားကွင်းပြင်ခြင်း၊ ရေငန်တားတမံ မြေဖို့ခြင်းများ လုပ်ကိုင်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် လုပ်ငန်းများ နှောင့်နှေးနေကြောင်း ဆားလုပ်တောင်သူအချို့က ဆိုသည်။ “မိုးနဲ့ဆိုတော့ အလုပ်မဖြစ်ဘူး။ သုံးလေးရက်လောက်ပဲ လုပ်ရသေးတယ်။ ပြန်နားနေကြရတယ်” ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်တောင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA)အရှိန်နှင့် အရှေ့အရပ်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်များကြောင့် တိုင်းနှင့် ပြည်နယ်အားလုံးတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား […]

မောင်းမကန်၊ ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းခြင်းမပြုရန် စစ်အာဏာရှင်တပ် တားမြစ်

Dawei Watch

November 4, 2025

လောင်လုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သော မောင်းမကန်ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် စစ်အာဏာရှင်တပ်က တားမြစ်ထားကြောင်း ဒေသခံများထံမှသိရသည်။ မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ၆ ရက်အကြာဖြစ်သည့် ‌နိုဝင်ဘာလ ၁ ရက်နေ့ တွင် အိုးဝေ(သုံးဘီး) အငှားယာဉ်တစ်စီးသည် ထားဝယ်မြို့ဘက်မှ ပန်းတင်အင်း ကျေးရွာဘက်သို့ ယင်းလမ်းပိုင်းကို ဖြတ်သန်း၍ လာစဉ် စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း၊ ယာဉ်မောင်းကိုရပ်တန့်စစ်ဆေးပြီးနောက် ယင်းလမ်းပိုင်းကို ဖြတ်သန်းအသုံးမပြုကြရန် ပြောဆိုလိုက်ကြောင်း သုံးဘီးမော်တော်ယာဉ်မောင်းသူနှင့် နီးစပ်သည့် ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။ ယင်းလမ်းပိုင်းမှာ မောင်းမကန်ရေပူစန်းမှ မောင်းမကန်းကျေးရွာရှိ ဆေးရုံအနီးသို့ ဖောက်လုပ်ထားပြီး မောင်းမကန်ရဲစခန်း၏ အနောက်ဘက်တွင်ရှိသည့် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သည်။ မောင်းမကန်ရဲစခန်းကို ရှောင်ကွင်းသွားလာလိုသည့် ခရီးသွားများမှာ ယင်းလမ်းပိုင်းကို အများဆုံး အသုံးပြုကြကြောင်း ဒေသခံများထံမှသိရသည်။ “အခုက အဲဒီလမ်းပိုင်းကို လုံးဝပေးမသွားဘူး။ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းသွားလာသူတွေကိုလည်း […]

လောင်းလုံး၊ စခန်းကြီးရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်လာ၍ ရွာသားများထွက်ပြေး

Dawei Watch

November 4, 2025

လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ စခန်းကြီးရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ရွာသားအများစု ထွက်တိမ်းရှောင်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စိုက်ပျိုးရေးသိပ္ပံကျောင်းဘက်မှ စခန်းကြီးရွာသို့ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ထိုသို့ စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်လာသည့်အတွက် ရွာသူရွာသားအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့သာနေအိမ်တွင်ကျန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ “သန်းခေါင်စာရင်းကောက်တဲ့ပုံစံလား မသိဘူး။ အိမ်မှာရှိတဲ့သူတွေကိုခေါ်ထုတ်ပြီး စာရွက်နဲ့မှတ်တယ်။ ဓါတ်ပုံလည်းရိုက်တယ်” ဟု မတိမ်းရှောင်ဘဲ ရွာတွင်ကျန်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများက စခန်းကြီးရွာ အနောက်ကျောင်းဟုခေါ်သည့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာပတ်ဝန်းကျင်တွင် ကင်းပုန်းများချထားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နေ့လယ်ပိုင်း မေးမြန်းချက်အရ အဆိုပါစစ်အာဏာရှင်တပ်စစ်ကြောင်းက ဘုန်းကြီးကျောင်းတွင်ပင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက […]