ထားဝယ်ဒေသတွင် စစ်ကောင်စီတပ်နယ်မြေရှင်း၊ နေအိမ် ၂၀ကျော်မီးရှို့ခံရပြီး အရပ်သားတစ်ဦးအသတ်ခံရ
Dawei Watch
October 21, 2023ထားဝယ်ခရိုင် ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းနေသည့် လေးရက် အတွင်း နေအိမ် ၂၀ ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦး အသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် ထားဝယ်မြို့ မြောက်ဘက်ရှိ ရေဖြူမြို့နယ်နှင့် တောင်ဘက်ရှိ သရက်ချောင်းမြို့နယ်တို့ကို အောက်တိုဘာလ ၁၇ ရက်နေကစပြီး စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနယ်မြေရှင်းနေသည်ဟု ဆိုသည်။ ယင်းသို့ ရှင်းလင်းစဉ် ရေဖြူမြို့နယ်တွင် နေအိမ် အဆောင် ၁၇လုံး မီးရှို့ခံခဲ့ရပြီး အရပ်သားတစ်ဦး ပစ်သတ်ခံရကာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာသုံးရွာက နေအိမ် ၆ လုံး မီးရှိုခံခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ရေဖြူမြို့ အနောက်ဖက်ကမ်းကိုဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းမှ ကင်းရွာ ချောင်းထဲတွင် ပိုက်ထောင်နေသည့် ဦးသီးဝင်းဆိုသူကို ဖမ်းဆီးသွားပြီး […]


