ပုလောတိုက်ပွဲအတွင်း KNDO ရဲဘော်နှစ်ဦးကျဆုံး
Dawei Watch
October 30, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ရဲဘော်နှစ်ဦး ကျဆုံးကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် KNU တပ်ရင်း (၇) တပ်ခွဲ (၂) တွင် မြေမြုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျဆုံးခဲ့သော ရဲဘော်နှစ်ဦးမှာ အသက် ၂၀နှစ်အရွယ် ရဲဘော် သီဟစိုး (ခ) ငယ်လေးနှင့် အသက် ၂၄နှစ်အရွယ် ရဲဘော် ညီညီစိုး (ခ) လူပုတို့ဖြစ်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက KNDO တပ်သားများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက အသေးစိတ် […]


