သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်
Dawei Watch
April 6, 2024စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ ရက်နံနက် ၈ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး မွန်းလွဲ ၁နာရီခန့်တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ စခန်းသိမ်းပိုက်ရာတွင် ၁၂၂ လက်နက်ကြီး နှစ်လက် ၊ ၁၂၀လက်နက်ကြီး နှစ်လက်အပါအဝင် အခြားလက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းကျည်ပစ္စည်းများမြောက်များစွာသိမ်းဆည်းရရှိကြောင်း ဆိုသည်။ သင်္ဃန်းညီနောင်မြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇နှင့် ရဲစခန်းတို့ကို KNLAနှင့် ပူးပေါင်းတပ်တို့က မတ်လ ၇ ရက်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ခမရ […]


