လောင်းလုံးအောက်ဖက် သကျက်တောရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေ
Dawei Watch
July 15, 2023လောင်းလုံးမြို့မှ အောက်ဘက် ၁၇ မိုင်ခန့်အကွာ သကျက်တောကျေးရွာသို့ စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းမှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြောင်း ဒေသခံအချို့ကပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်များ အဆက်မပြတ်ပစ်ခတ်ပြီး ရွာထဲဝင်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယခုည ၈ နာရီကျော်မှစပြီး ပစ်ခတ်သံများမကြားရတော့ဘဲ ငြိမ်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ကျွန်တော်တို့က နေ့လယ်ကတည်းက သတင်းတွေကြားနေတာ။ ဒီကို (သကျက်တောရွာကို) လာမယ်ဆိုပြီး။ အဲဒီကတည်းက ရွာထဲမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေကြတာ” ဟု ၎င်းက ပြောသည်။ မည်သည့်အကြောင်းအရင်းကြောင့် စစ်ကြောင်းထိုးဝင်ရောက်လာသည်ကို မသိရဟုလည်း ဆိုကြသည်။ ထားဝယ်သပိတ်ကော်မတီကလည်း အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ရဘဲကျေးရွာမှတစ်ဆင့် သကျက်တောကျေးရွာသို့ ဝင်ရောက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေကြောင်း ထုတ်ပြန်ထားသည်။ အနီးအနားရှိ […]