လောင်းလုံး ညင်းမော်ရွာတွင် စစ်ကောင်စီတပ်က ရွှေ၊ ပိုက်ဆံနှင့် ဆိုင်ကယ်များသိမ်းယူ
Dawei Watch
December 14, 2023စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာရှိ နေအိမ်များကို ဒီဇင်ဘာလ ၁၃ ရက် ညသန်းခေါင်အချိန်တွင် ဝင်ရောက်ရှာဖွေပြီး ရွှေ၊ပိုက်ဆံနှင့် ဆိုင်ကယ်များကို သိမ်းယူသွားကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ည ၁၁ နာရီကျော်အချိန်တွင် လောင်းလုံးမြို့ပေါ်မှ ကားငါးစီးဖြင့် ကပ်လျက်ရှိ ညင်းမော်ကျေးရွာသို့ ရုတ်တရက်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ ယင်းနောက် ရွာလမ်းမကြီးတစ်လျှောက်ရှိ နေအိမ်များအတွင်း အဓမ္မဝင်ရောက်ကာ ရွှေ၊ ပိုက်ဆံ၊ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများကို သိမ်းဆည်းယူဆောင်သွားကြောင်း သိမ်းဆည်းခံရသည့် ဒေသခံများကပြောသည်။ “ရွှေပါတဲ့သူပါ၊ ပိုက်ဆံပါတဲ့သူပါ၊ ဆိုင်ကယ်ပါတဲ့သူပါ တော်တော်များများပါသွားကြတယ်။ ( ကျပ်) သိန်း ၆၀ လောက်အထိပါတဲ့သူလည်းရှိတယ်။ ကျွန်မတို့မှာတော့ ဆိုင်ကယ်တစ်စီးနဲ့ ဖုန်းတစ်လုံးပါတယ်” ဟု သိမ်းဆည်းခံရသူတစ်ဦးဖြစ်သည့် လူငယ်အမျိုးသမီးတစ်ဦးက ဆိုသည်။ လိုင်စင်မရှိဟုဆိုကာ ဆိုင်ကယ်အစီးရေ အနည်းဆုံးဆယ်စီးကို သိမ်းဆည်းသွားပြီး သိမ်းဆည်းထားသည့်ဆိုင်ကယ်ကို […]


