ထားဝယ်တွင် လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခံရသည့် ဒေသခံများ ပြန်လွတ်
Dawei Watch
August 4, 2023ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာမှ ဒေသခံများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေပိုင်းတွင် ရေဖြူဘက်မှလာသည့် စစ်ကောင်စီတပ်ကားမှာ မောင်မယ်ရှောင်ရွာအနီးတွင် တိုက်ခိုက်ခံရသဖြင့် မောင်မယ်ရှောင်ရွာသား နှစ်ဆယ်ဝန်းကျင်ခန့်ကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မောင်မယ်ရှောင်ရွာမှ နှစ်မိုင်ခန့်အကွာ ဇာဟာရွာအရောက် ညနေ ၆ နာရီခန့်တွင် အားလုံးပြန်လွှတ် ပေးလိုက်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိမ်ထဲကယောက်ျားတွေ အကုန်ထွက်လို့ ခေါ်တယ်။ ပစ်ခံရမှာစိုးလို့ ထွက်ကြရတယ်။ အဲ့လူတွေ အကုန်ခေါ်သွားတာပဲ။ အားလုံးညနေပိုင်းမှ ပြန်လွတ်လာကြတယ်”ဟု ၎င်းကပြောသည်။ မောင်မယ်ရှောင်ရွာသားများနှင့်အတူ ဖမ်းဆီးခံရသည့် ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသားသုံးဦးမှာ ပြန်လွတ်မလွတ် မသိရသေးပေ။ ၎င်းတို့သုံးယောက်ကို လက်နှောင်ကြိုးတုတ်၍ သီးသန့်ခေါ်ယူသွားသည်ဟုဆိုသည်။ အဆိုပါကျောင်းသားသုံးဦးမှာ ထားဝယ်နည်းပညာတက္ကသိုလ်တွင် အဆောင်နေကျောင်းသားအဖြစ် […]