လောင်းလုံးတရားရုံးမှ စာရွက်စာတမ်းများ သိမ်းဆည်းရမိဟု PDF ထုတ်ပြန်
Dawei Watch
February 6, 2024လောင်းလုံးတရားရုံး၏ တရားရေးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် အသုံးအဆောင်ပစ္စည်းများကို နွေဦးပြောက်ကြားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့က လောင်းလုံးမြို့နယ်၏ လမ်းပိုင်းတစ်နေရာတွင် သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ယနေ့(ဖေဖော်ဝါရီ ၆) နံနက် ၁၀ နာရီ ၅၀မိနစ်တွင် လောင်းလုံးထွေအုပ်ရုံးမှ ထွက်လာသည့် ကားတစ်စီးကိုဖမ်းဆီး စစ်ဆေးခဲ့ရာမှ ယင်းသို့သိမ်းဆည်းမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ကားပေါ်တွင် လောင်းလုံးမြို့နယ်တရာရုံးမှ အကြီးတန်းစာရေးဖြစ်သူ ဒေါ်စန္ဒာစိုးအပါအဝင် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများ စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ “ဖမ်းခံရတယ်လို့တော့ကြားတယ်။ နှစ်ယောက်လုံးက မြို့ခံတွေပါပဲ၊ ကားသမားကတော့ အငှားယာဉ်မောင်းပါ” ဟု မြို့ခံတစ်ဦးကပြောသည်။ နှစ်နာရီခန့် စစ်ဆေးပြီးနောက် မွန်းတည့် ၁၂ နာရီခန့်တွင် ဒေါ်စန္ဒာစိုးနှင့် အငှားယာဉ်မောင်းဖြစ်သူ ကိုခင်ဇော်ဝင်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး တရားရေးဆိုင်ရာ စာရွက်စာတမ်းနှင့် အသုံးဆောင်ပစ္စည်းများကိုမူ သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ […]


