သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦး ရော်ဘာခြစ်သွားစဉ် မိုင်းနင်းမိ
Dawei Watch
February 12, 2024သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာက အမျိုးသမီးတစ်ဦးသည် ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ရော်ဘာခြစ်သွားစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ မိုင်းနင်းမိသည့် အသက် ၄၀ ကျော်အရွယ် ဒေါ်မြင့်သန်း၏ ရော်ဘာခြံမှာ ကြာအင်းရွာအနီးက ပန်းတော့ရွာအလွန်တွင် တည်ရှိကြောင်း ကြာအင်းကျေးရွာက အမျိုးသားတစ်ဦးက ဆိုသည်။ “ခြေဖဝါးရှေ့က တစ်ပိုင်းတော့ ပြတ်ထွက်သွားတယ်။ ခြေနင်းမိုင်းပါ၊ ဆေးရုံ ပို့ထားတယ်” ဟု ၎င်းက ပြောသည်။ မြေမြှုပ်မိုင်းမှာ ပန်းတော့ရွာအနီး ရော်ဘာခြံသွားသည့် လူသွားလမ်းတွင် နင်းမိခြင်းဖြစ်ပြီး မည်သည့်အဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ မသိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၂ရက် နေ့လယ်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းလာရှင်းပေးရာ မိုင်းတစ်လုံး ထပ်တွေ့ကြောင်း ဒေသခံအချို့က ဆိုသည်။ […]


