ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်စာသင်ကျောင်း ပေါက်ကွဲမှုဖြစ်၊ ဒဏ်ရာရသူများကြောင်း ကနဦးသိရ

Dawei Watch

June 4, 2024

ထားဝယ်မြို့အဝင်တွင်ရှိသည့် အိမ်ရှေ့ပြင်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း တွင် ယနေ့(ဇွန် ၄) နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှသိရသည်။ နေလယ်ပိုင်းထမင်းစား လွှတ်ပြီးနောက် ကျောင်း ပြန်မတက်မီအချိန်တွင် ပေါက်ကွဲမှုဖြစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများလည်း ထိခိုက်မှုရှိသည်ဟု သိရကြောင်း ‌မြို့ခံတစ်ဦးကပြောသည်။ ” မနက် ကျောင်းဆင်းချိန် နဲ့ နေ့လယ်ကျောင်းတက်ချိန်ကြားမှာဖြစ်တာ” ဟု ၎င်းကပြောသည်။ ယနေ့ မွန်းလွဲ ၁ နာရီ အချိန် ‌Dawei Watch ၏ ဆက်သွယ်မေးမြန်းချက်အရ ကျောင်းသားများ ထိခိုက်မှုများပြီး အရေးပေါ်ကားများလည်း အခေါက်ပေါင်းများစွာ လူနာလာသယ်နေကြကြောင်း ဒေသခံကပြောသည်။ အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ဆက်လက်ဖော်ပြပေးသွားပါမည်။

ထားဝယ်မြို့ပေါ် စာသင်ကျောင်း ပေါက်ကွဲမှု ကျောင်းသားတစ်ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရ

Dawei Watch

June 4, 2024

ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ရပ်ကွက်တွင်ရှိသော အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့ ဇွန်လ ၄ ရက် နေ့လယ်ပိုင်း က ပေါက်ကွဲမှုဖြစ်ရာ တတိယတန်းကျောင်သားတစ်ဦး သေဆုံးပြီး ကျောင်းသား၊ ကျောင်းသူ ၂၆ ဦး ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ နေ့လယ်ပိုင်း ထမင်းစားနားချိန် ကျောင်းသား အချို့သည် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ဟု ယူဆရသည့်အရာကို ဆော့ကစားရာမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ကျောင်းအနားကပဲ တွေ့လာတယ်လို့ပြောတယ်။ ကျောင်းဝရံတာ အင်္ဂတေ အခင်းပေါ် ကျပြီးပေါက်ကွဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သို့သော် Dawei Watch အနေဖြင့်မူ ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၁၅ […]

တိုက်ပွဲဖြစ်ခဲ့သည့် ကနက်သီရိနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်းတွေ့၊ အိမ် ၅၀ ကျော်မီးလောင်ပျက်စီး

Dawei Watch

June 4, 2024

တိုက်ပွဲများဖြစ်ပွားခဲ့သည့် သရက်ချောင်းမြို့နယ် ကနက်သီရိကျေးရွာနှင့် ကျွဲမင်းကုန်းရွာတွင် ရုပ်အလောင်း ၁၀လောင်း တွေ့ရှိပြီး နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီးကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။ မေလ ၁၄ ရက်မှ ၂၀ ရက်အထိ ကနက်သီရီရွာတွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF တော်လှန်ရေး ပူးပေါင်းတပ်တို့ကြား နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်များ ပြန်လည်ထွက်ခွာချိန် ကျွဲမင်းကုန်းရွာတွင်လည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ် ပြန်ထွက်သွားပြီးနောက် မေလ ၂၇ ရက်နောက်ပိုင်းတွင် ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ရွာထဲသို့ ဝင်ရောက်ရှင်းလင်းရာ ကနက်သီရိကျေးရွာတွင် ရုပ်အလောင်း ရှစ်လောင်းတွေ့ရပြီး နေအိမ် ၄၈ လုံး မီးလောင် ပျက်စီးနေသည်ကိုတွေ့ရကြောင်း ဒေသခံများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတို့က […]

ကံပေါက်ဒေသခံငါးဦး အကြမ်းဖက်ပုဒ်မဖြင့်ထောင်ချခံရ၊ မေလအတွင်း ထောင်ချခံရသူကိုးဦးအထိရှိလာ

Dawei Watch

June 3, 2024

ရေဖြူမြို့နယ်၊ ကံပေါက်၊ အုန်းပင်ကွင်းနှင့် ဖောင်းတောရွာတို့တွင်နေထိုင်သည့် ဒေသခံအမျိုးသား သုံးဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို စစ်ကောင်စီက ထောင်ဒဏ်ချမှတ်ကြောင်း ၎င်းတို့၏ မိသားစုနှင့် ရင်းနှီးသူများက ပြောသည်။ မေလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ထားဝယ်ခရိုင်တရားရုံးက ထောင်ဒဏ်များချမှတ်ခဲ့ခြင်း ဖြစ်သည်။ ကံပေါက်ဒေသ၊ လှည်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ရတနာ-ဇောတိကစီမံကိန်း၏ ယာဉ်မောင်းဖြစ်သူ ဦးကိုနိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) တို့ဖြင့် မေလ ၂၈ ရက်တွင် ထောင်ဒဏ် ၁၀နှစ်ချကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ဆိုသည်။ “ဆရာမတွေနဲ့ အတူတူပဲ တစ်ရက်တည်းအမိန့်ချလိုက်တယ်။ ထောက်ပို့လုပ်တဲ့အမှုနဲ့ ထောင်ချလိုက်တာပါ” ဟု ၎င်းက ပြောသည်။ အဆိုပါနေ့တွင် ကံပေါက်ဒေသခံ CDM ဆရာမနှစ်ဦးဖြစ်သည့် […]

ထားဝယ်-မောင်မယ်ရှောင်လမ်းပိုင်းတွင် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရ၊ အမျိုးသားတစ်ဦးသေ

Dawei Watch

June 2, 2024

ထားဝယ်မြို -မောင်မယ်ရှောင် လမ်းပိုင်းတစ်နေရာတွင် ဇွန်လ ၁ ရက်နေ့က ရေဖြူဘက်မှ မောင်းလာသည့် အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။ သေဆုံးသူမှာ စစ်ကောင်စီတပ်ရင်းတစ်ခုမှ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောဆိုကြသည်။ အဆိုပါအိမ်စီးကားမှာ ရေဖြူဖက်မှ ထားဝယ်ဖက်သို့ မောင်းနှင်လာပြီး မောင်မယ်ရှောင်ရွာအထွက် လမ်းပိုင်းတစ်နေရာတွင် ကားတစ်စီးလုံးမှာသေနတ်ကျည်ဆန် ပေါက်များစွာဖြင့် သစ်ပင်တိုက်ကာ တိမ်းမှောက်နေသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးကပြောသည်။ အဆိုပါအိမ်စီးကားပေါ်လိုက်ပါလာသည်ဟု ယူဆရသည့်အသက် ၄၀ အရွယ်ရှိအမျိုးသားမှာ လမ်းပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေရကြောင်း ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “ကားက သစ်ပင်တိုက်ပြီး မှောက်နေတယ် လူကတော့ အပြင်မှာ သေနေတာ တွေ့ရတယ်” ဟု ၎င်းကပြောသည်။ သို့သော် သေဆုံးသူမှာ စစ်ကောင်စီ အရာရှိ ဟုတ်မဟုတ်နှင့် မည်သည့်လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုခြင်းကို […]

ကလိန်အောင် – ရေဖြူလမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွား

Dawei Watch

June 2, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီး ကျောက်ရှပ်ရွာ အခြေစိုက် ခမရ ၄၀၈ တပ်ရင်းအနီးတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ မေလ ၃၁ ရက်က ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ကလိန်အောင် ဒေသခံများထံကသိရသည်။ ကလိန်‌အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ရွှေဘီလုံးအဖွဲ့ နှင့် KTLA ၊ DNLA တပ်ဖွဲ့များ က ကလိန်အောင်-ရေဖြူလမ်းပိုင်း၌ လမ်းပိုင်းစစ်ဆေးမှုပြုလုပ်နေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စတင် ပစ်ခတ်ခဲ့၍ ပူးပေါင်းတပ်ဖွဲ့များ ၄ဝ မမလေးလုံးအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ယနေ့ (ဇွန်၂) တွင် သတင်းထုတ်ပြန်သည်။ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။ ” သောကြာနေ့က PDFတွေ လမ်းပိုင်းစစ်ဆေးနေလို့ ကျောက်ရှပ် ၊နွယ်လီ […]

စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ထိုင်းကော့တောင်ကျွန်းတွင် ပြုလုပ်

Dawei Watch

June 1, 2024

ထိုင်းနိုင်ငံ ၊ ကော့တောင်ကျွန်းတွင် မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ရန်ပုံငွေ ဘောလုံးပွဲကို မေလ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့သည်။ ကော့တောင်ကျွန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများ ပါဝင်သည့် ဘောလုံးအသင်း ၁၅ သင်းတို့က Koh Tao Athletic Sport Complex အားကစားကွင်းတွင် တစ်ရက်တည်း ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ဘောလုံးအသင်းတစ်သင်းလျှင် အသင်းဝင်ကြေးအဖြစ် ဘတ် ၃၅ဝဝ ထည့်ဝင်ရပြီး ယင်းထည့်ဝင်ငွေကို စစ်ဘေးရှောင်ရန်ပုံငွေအတွက် အသုံးပြုမည်ဟု ပွဲစီစဉ်သူများထံက သိရသည်။ စစ်ဘေးရှောင်ရန်ပုံငွေအတွက် ဘတ် ၂ဝဝ တန် ကံစမ်းမဲလက်မှတ်များကို ရောင်းချခဲ့ပြီး ဇူလိုင် ၁၀ ရက်တွင် ပထမဆု မော်တော်ဆိုင်ကယ်အပါအဝင် ဆုမဲအမျိုးအစား သုံးဆယ်ကျော်ကို ကံစမ်းမဲဖွင့်မည်ဖြစ်သည်။ ယခုကျင်းပသည့် ဘောလုံးပွဲမှာ ကော့တောင်ကျွန်းတွင် တတိယအကြိမ်ကျင်းပသည့် ရန်ပုံငွေဘောလုံးပွဲဖြစ်ပြီး […]

ထားဝယ်တွင် စားသောက်ကုန်များ စျေးတက်

Dawei Watch

June 1, 2024

ကျပ်ငွေတန်ဖိုး ထိုးကျမှု၊ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ထားဝယ်စျေးကွက်တွင် ယခုရက်ပိုင်းအတွင်း စားသောက်ကုန်များ စျေးတက်နေပြီး ပစ္စည်းပြတ်လပ်မှုများလည်းရှိကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။ မေလ ၃၀ရက်တွင် ယိုးဒယား ပုစွန်ဆီတစ်လီတာတစ်ဘူး ကျပ်ကိုးရာ စျေးတက်လာပြီး ဆန်တစ်အိတ်လျှင် ကျပ်ခုနစ်ထောင် စျေးတက်လာကြောင်း ထားဝယ်မြို့ရှိ စားသောက်ကုန်စည် လက်လီ၊ လက်ကားရောင်းဝယ်ကြသူများက ပြောသည်။ ယခင်အပတ်က ယိုးဒယား ပုစွန်ဆီတစ်လီတာလျှင် ၅၇၀၀ ကျပ် စျေးရှိပြီး မေလ ၃၀ ရက်မှစတင်ပြီး ၆၆၀၀ကျပ် စျေးဖြစ်သွားသည်။ ထို့အတူ ယိုးဒယား ပဲဆီ တစ်လီတာတစ်ဘူးလျှင် ယခင်အပတ်က ၆၁၀၀ ကျပ်သာ စျေးရှိရာမှ မေလ ၃၀ ရက်နေ့ကစပြီး ၇၀၀၀ကျပ် ဖြစ်သွားသည်။ “အဓိက (ထိုင်းဘတ်) ငွေလွှဲဈေးတက်တော့ ပစ္စည်းတွေပါ လိုက်ပါတက်ရတဲ့ သဘောရှိတယ်” ဟု […]