ကံပေါက်တွင် CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦး ထပ်မံဖမ်းဆီးခံရ
Dawei Watch
February 18, 2024ရေဖြူမြို့နယ်၊ ကံပေါက်ရွာ CDM ဆရာမတစ်ဦးအပါအဝင် အမျိုးသမီးလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ပြောသည်။ လှည်းကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဒေါ်ချိုချို နှင့် ဒေါ်ညိုညိုတို့ ညီအစ်မနှစ်ဦးကို ဖေဖော်ဝါရီလ ၁၇ ရက်ညတွင်မောရဝတီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့က ဆိုသည်။ “ည ၁၁ နာရီခွဲလောက်ပဲ အိမ်တံခါးခေါက်ပြီး လာခေါ်သွားတယ်။ အိမ်မှာတော့ ဘာမှလုပ်မသွားဘူး” ဟု လှည်းကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဒေါ်ချိုချို နှင့် ဒေါ်ညိုညို အဖမ်းခံရသည့် အကြောင်းအရင်းကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖေဖော်ဝါရီလ ၁၅ ရက်ကလည်း မင်းသားရွာက CDM ဆရာမ ဒေါ်ကေဂျာဦးကို ကံပေါက်-မင်းသား လမ်းပိုင်းရှိ ဆင်ကူးရွာတောင်ကုန်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူများထံက […]


