ထားဝယ်တွင် နိုင်ငံကူးလက်မှတ်လျှောက်သူများကို စမတ်ကတ်လုပ်ရန် စစ်ကောင်စီဖိအားပေး
Dawei Watch
February 22, 2024ထားဝယ်မြို့တွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများကို ဇီဝဆိုင်ရာ စမတ်ကတ်ပြုလုပ်ရန် စစ်ကောင်စီက ဖိအားပေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့ထံမှ သိရသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အတည်ပြုပြီးနောက်ပိုင်း နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားသူများ များပြားလာခဲ့သည်။ ယင်းအပေါ်အခွင့်ကောင်းယူကာ စမတ်ကတ်ပြုလုပ်ခိုင်းနေပြီး စမတ်ကတ်ရှိမှ နိုင်ငံကူးလက်မှတ်ထုတ်ပေးမည်ဟု စစ်ကောင်စီက ဖိအားပေးပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူတို့က ပြောသည်။ “စမတ်ကတ်ရှိမှ ပတ်စ်ပို့ထုတ်ပေးမယ်ပြောလို့ စမတ်ကတ်လျှောက်လိုက်ရတာ” ဟု ထားဝယ်မြို့ခံ အမျိုးသမီးတစ်ဦးကဆိုသည်။ စမတ်ကတ်ဟု ဒေသခံများ အလွယ်ခေါ်နေသော ကတ်ကို အီလက်ထရောနစ်မှတ်ပုံတင်ကတ် တစ်နည်းအားဖြင့် ဇီဝဆိုင်ရာကတ် (Biometric Card) ဟုလည်းခေါ်ဆိုသည်။ ယင်းအတွက်ကြောင့် ထားဝယ်ပတ်စ်ပို့ရုံးနှင့် လဝကရုံးတွင် လူများတန်းစီပြီး လျှောက်ထားနေကြကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူတို့ကဆိုသည်။ “အခုဆိုရင် ပတ်စ်ပို့ရုံးမှာလည်း လူတွေအများကြီးပဲ လျှောက်နေကြတာ။ စမတ်ကတ်ရုံးမှာလည်း အများကြီးပဲ တန်းစီ နေရတယ်။ မနက်ကတည်းကတန်းစီတာ နေ့လယ်လောက်မှရတယ်” […]


