ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဖောင်းတောရွာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်ဖမ်းဆီးပြီး ငါးရက်ကြာအထိ ပြန်မလွှတ်သေး

Dawei Watch

June 23, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ဇွန်လ ၁၉ ရက်က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးသုံးဦးကို မောရဝတီရေတပ်က ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့ ဇွန် ၂၃ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများထံမှ သိရသည်။ အဖမ်းခံရသူများသည် ဖောင်းတောရွာ စာသင်ကျောင်းအနီး နေထိုင်သည့် ဒေါ်ဝေဝေ၊ ဒေါ်မီးမီးနှင့် ရွာအနောက်ဘက်တွင် နေထိုင်သည့် ဒေါ်ဌေးဌေးအောင်၊ ဦးကတ်သား ဆိုသူတို့ဖြစ်ကြောင်း ရွာသားများက ပြောသည်။ ၎င်းတို့ လေးဦး အဖမ်းမခံရမီ ဇွန် ၁၈ ရက်ညတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက ဖောင်းတော အထက စာသင်ကျောင်းသို့ လာရောက်၍ ကျောင်းအုပ်ဆရာမကြီအား သတိပေးခဲ့ကြောင်း ရွာသားများက ဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ “စာသင်ကျောင်းမှာ PDF တွေ လာတယ်ဆိုပြီး […]

ရေဖြူတွင် စစ်ဘေးရှောင်ထွက်ပြေးလာသည့် ရွာသားများကို စစ်ကောင်စီစစ်ကြောင်းက ရွာသို့ပြန်ခိုင်း

Dawei Watch

June 22, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်နှင့် မလွှဲတောင်ကြားရှိ ရာဖူးကျေးရွာအုပ်စု၊ မျောက်ချော (မရော့ချိုင်) ရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်အရပ်သားတို့ကို စစ်ကောင်စီစစ်ကြောင်းက လမ်းပိုင်းတွင်တား၍ ရွာသို့ပြန်လှည့်ခိုင်းကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည် ။ “မျောက်ချောရွာဘက်ကနေ အလယ်စခန်းရွာဘက် ထွက်လာတဲ့ရွာသားတွေကို စစ်ကောင်စီစစ်ကြောင်းက ပေးမသွားဘူး။ စစ်ဆေးစရာရှိသေးတယ်ပြောပြီး ရွာပြန်ခိုင်းတယ်။ တချို့ရွာသားတွေကလည်း အဆင်ပြေသလို ခက်ခက်ခဲခဲ ဘေးလွတ်ရာ ရောက်သွားတာရှိတယ်။ မနေ့က (ဇွန် ၂၁) ဆို မိုးကလည်း တအားကြီးတယ်။ ချောင်းရေကလည်း တက်လာတယ်။ အခက်အခဲတွေက မျိုးစုံဖြစ်နေတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။ ပြန်လှည့်ခိုင်း၍ ရွာဘက်သို့ပြန်သွားသည့် ရွာသားအချို့နှင့်လည်း အဆက်အသွယ် မရဖြစ်နေ၍ ကျေးရွာအတွင်း အခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆိုသည်။ စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁‌၉ […]

ကလိန်အောင်တွင် နေအိမ်များကို ညဘက် ဝင်ရောက်စစ်ဆေးနေ

Dawei Watch

June 22, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ် ၁ ရပ်ကွက်တွင် မောရဝတီရေတပ်မှ တပ်လာစွဲပြီးနောက်ပိုင်း နေအိမ်များကို ညပိုင်းတွင် ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများရှိလာသည်ဟု မြို့ခံများကပြောသည် ။ ” ဧည့်စာရင်းစစ်သလို ဧည့်သည်ရှိလား မေးတာမျိုးစစ်တယ် ၊ ညသန်းခေါင်ကျော်ကင်းလှည့်ရင်း စစ်တယ်။ အခုသူတို့(မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများ) ရောက်ပြီး‌နောက်ပိုင်း အမှတ် ၁ ရပ်ကွက်မှာ အစစ်ခံရတာ သုံးလေးအိမ်ရှိပြီ ” ဟု အမှတ် ၁ ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။ ယင်းသို့စစ်ဆေးခံရစဉ်အဖမ်းခံရသူမရှိသေးကြောင်း မြို့ခံများကပြောသည်။ ကလိန်အောင်မြို့ ၊ အမှတ် ၁ ရပ်ကွက်သည် ကလိန်အောင်တံတားနှင့် ကပ်လျက်ရှိပြီး စားသောက်ဆိုင်နှင့် တည်းခိုခန်းများတည်ရှိသည်။ ဇွန်လ ၁၉ ရက်နေ့ကလည်း ညသန်းခေါင်အချိန်တွင် ကလိန်အောင်မြို့ အမှတ် ၁ ရပ်ကွက်တွင် ငွေလွှဲလုပ်သည့် […]

ထားဝယ်မြို့အဝင်တွင် ဗုံးသီးနှစ်လုံးတွေ့၍ စစ်ကောင်စီတပ်ရှင်းလင်း

Dawei Watch

June 21, 2024

ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်တွင် ယနေ့(ဇွန် ၂၁) နေ့လယ်ပိုင်းက ဗုံးသီးနှစ်လုံး တွေ့ရှိသဖြင့် စစ်ကောင်စီ၏ BE တပ်ကလာရောက် ရှင်းလင်းခဲ့ကြောင်း ခရီးသွားပြည်သူများနှင့် မြို့ခံများထံမှသိရသည်။ အသစ်ဆောက်လုပ်လျက်ရှိသည့် မြို့အဝင်ဘန်ကာသစ်အနီး လမ်းဘေးတစ်နေရာတွင် တွေ့ရှိ ရခြင်းဖြစ်ကြောင်းမြို့ခံတို့ကပြောသည်။ “နှစ်လုံးစလုံးကိုဖောက်ခွဲလိုက်တယ်။ တစ်လုံးက ပေါက်ကွဲသံ နည်းနည်းကြမ်းတယ်” ဟု ၎င်းကပြောသည်။ ဗုံးသီးရှင်းလင်းနေသည့် နေ့လယ် ၁၂ နာရီ ခန့်မှ ၁ နာရီအထိ မြို့အဝင်အထွက် အိမ်ရှေ့ပြင်ဂိတ်ကို ပိတ်ထားကြောင်းသိရသည်။ တွေ့ရှိရသည့်ဗုံးသီးအမျိုးအစားမှာ ၄၀ မမ ဗုံးသီးအမျိုးအစားဖြစ်ပြီး အဆိုပါဗုံးသီးအမျိုးအစားကို စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များပါ အသုံးပြုလေ့ရှိကြောင်း သိရသည်။ ဗုံးသီးတွေ့သည့်နေရာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သစ်ကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေ့ပိုင်း က ပြည်သူကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ […]

တိုက်ပွဲဖြစ်သည့် ရေဖြူ မူးဒူးရွာတွင် မသန်စွမ်းတစ်ဦးသေဆုံး၊ PDF တစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

June 21, 2024

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မူးဒူးရွာအနီးတိုက်ပွဲဖြစ်ပွားရာ အရပ်သားတစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံများ၊ ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။ ဇွန်လ ၁၉ ရက်က အနောက်မူးဒူးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး PDF တပ်ဖွဲ့ ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မူးဒူးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်လာခဲ့ရာ အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး ကျဉ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “သူ့က မွေးရာပါ ဆွံအ နားမကြားသူပါ။ (ကျည်ထိမှန် ဒဏ်ရာကို) ဆေးကုနေတုန်းပဲ ဆုံးသွားတယ်” ဟု ၎င်းက […]

သရက်ချောင်းမြို့အနီးက ဆင်ကူးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

Dawei Watch

June 20, 2024

သရက်ချောင်းမြို့၊ ပန်းတောရပ်ကွက်အနီးက ဆင်ကူးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယနေ့ (ဇွန် ၂၀) နံနက် ၁၀ နာရီခွဲခန့်ကစပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “ဆင်ကူးရွာအထိ ကားနဲ့ဆင်းလာတယ်။ အဲဒီမှာ ပစ်ခတ်မှု ၁၅ မိနစ်လောက်ဖြစ်တယ်။ ပစ်လိုက် နားလိုက်ပဲ။ အခုက ဆင်ကူးရွာဘုန်းကြီးကျောင်းမှာ (စစ်ကောင်စီ) တပ်စွဲထားတယ်” ဟု ဆင်ကူးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသဖြင့် ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲစပ်ရွာတို့က ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့မှာ ဆင်ကူးရွာထဲမှာပင် ဆက်ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ထားဝယ်-မြိတ်သွားကားလမ်းကို စစ်ကောင်စီတပ်က ပိတ်ထားသဖြင့် လမ်းတွင် ကားများ ပိတ်မိနေကြောင်း […]

ကလိန်အောင် ရာဖူးရွာတွင် တိုက်ပွဲဖြစ်၊ နှစ်ဘက်ထိခိုက်မှုရှိဟုဆို

Dawei Watch

June 20, 2024

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့ နှင့် မလွှဲတောင်အကြားရှိ ရာဖူးကျေးရွာအုပ်စုတွင် ဇွန်လ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ထိခိုက်မှုရှိကြောင်း တော်လှန်ရေး မဟာမိတ်အင်အားစုများထံက သိရသည်။ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီဝန်းကျင်မှစ၍ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ် အင်အားစုများအကြား လက်နက်ကြီးဖြင့် အပြန်အလှန်စတင်ပစ်ခတ်ကာ တိုက်ပွဲစဖြစ်ခဲ့ပြီး ညနေ ၃ နာရီခွဲအထိ ပစ်ခတ်မှုများရှိခဲ့သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းဘက်က သေဆုံးမှုများရှိနိုင်ပြီး မဟာမိတ်အင်အားစုများဘက်က ရဲဘော်လေးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။ “ထိတွေ့တိုက်ပွဲက အနီးစပ်ဆုံးဖြစ်ခဲ့တယ်။ စစ်ကောင်စီရဲ့ လက်နက် ကို မဟာမိတ်အင်အားစုတွေဘက်က သိမ်းဆည်းရမိတာလည်းရှိခဲ့တယ်။ သူတို့ဘက်က အင်အား အနည်းဆုံး ၃၀ ကျဆုံးတယ်။ မဟာမိတ်အင်အားစုတွေဘက်ကတော့ MSRF က ရဲဘော် ၂ ယောက်၊ ABSDF […]

ကလိန်အောင် ရာဖူးကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က လေကြောင်းဖြင့်တိုက်ခိုက်

Dawei Watch

June 19, 2024

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးရှိ ရာဖူးကျေးရွာ၏ အနောက်ဘက် ကလယ်ရွာပတ်ဝန်းကျင်တွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးမဟာမိတ်အင်အားစုတို့အကြား တိုက်ပွဲဖြစ်ပွားကြောင်း ကလိန်အောင်ဒေသခံများက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းတွင် စစ်ရဟတ်ယာဉ်တစ်စင်းနှင့် ဂျက်ဖိုက်တာတစ်စင်း ရာဖူးရွာဘက်သို့ ဦးတည် ပျံသန်းသွားသည်ကို မြင်ရပြီးနောက် ပေါက်ကွဲသံ နှစ်ချက်ကြားရကြောင်း ဒေသခံများက ဆိုသည်။ “မနက်ကစပြီး လက်နက်ကြီးအသံတွေ ဆက်တိုက်ကြားနေတယ်။ တစ်ချက်ပျောက်သွားလိုက် ကြားလိုက်ပဲ။ အသံအကျယ်ဆုံးနှစ်ချက်က (မွန်းလွဲ) ၁နာရီနဲ့ ၂နာရီအကြားမှာ ကြားလိုက်တယ်။ လေယာဉ်ပျံနှစ်စီးကတော့ မြို့ထဲဘက်က လူတွေ မမြင်ရဘူး ။ ကျောက်ရှပ်၊ ဇင်းဘာဘက်တွေက မြင်လိုက်ကြတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောသည်။ လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့်ပတ်သက်၍ တော်လှန်ရေးမဟာမိတ်အင်အားစုတွင် ပါဝင်သည့် မွန်ပြည်‌တော်လှန်ရေးတပ်ထံ ဆက်သွယ်မေးမြန်းရာ လေကြောင်းတိုက်ခိုက်မှုရှိခဲ့သည်ဟုသာ […]