ရေဖြူ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့်ဖြိုချ
Dawei Watch
July 10, 2024ရေဖြူမြို့နယ်၊ ဇာဒီရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးကြောင်း ရွာသားများထံမှ သိရသည်။ သစ်လှတောရပ်ကွက်နှင့် အနောက်ကုန်းရပ်ကွက်ရှိ နေအိမ်နှစ်လုံးကို ဇူလိုင်လ ၈ ရက်နှင့် ၉ရက်တို့တွင် ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။ “ညဘက်က တစ်အိမ်၊ မနက်ပိုင်းက တစ်အိမ် ဘတ်ဟိုးနဲ့ လာဖြိုသွားတယ်။ အုတ်ခံပျဥ်ထောင် နှစ်ထပ်အိမ်တွေပဲ ဖြိုခံရတယ်။ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး လာဖြိုတယ်” ဟု ဇာဒီရွာသားတစ်ဦး က ပြောသည်။ ယင်းအိမ်နှစ်လုံးအနက် စစ်ကောင်စီတပ်က ၂၀၂၃ ခုနှစ်တွင် လာရောက်ချိပ်ပိတ်ထားသည့် နေအိမ်တစ်လုံးပါဝင်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဇာဒီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ထက်ဝက်ခန့် ရွာမှ ပြန်ထွက်ခွာသွားပြီဖြစ်၍ ရွာသားအချို့ ကျေးရွာ အတွင်း ပြန်လည်ဝင်ရောက်နေပြီဖြစ်သော်လည်း အများစုကမူ […]


