လောင်းလုံးတွင် သန်းခေါင်စာရင်း ကောက်သူများကို ဖမ်းဆီးထားဟု ပကဖ ပြော
Dawei Watch
October 7, 2024သန်းခေါင်စာရင်းကောက်အဖွဲ့တွင် ပါဝင်နေ၍ဟုဆိုကာ Non CDM ဆရာမများကို ဖမ်းဆီးထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့် ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းဆီးထားခြင်းဖြစ်ပြီး ဖမ်းဆီးထားသူများအထဲအတွင် Non CDM ကျောင်းဆရာမအများစု ပါဝင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကျေးစာရေးတစ်ဦးလည်းပါဝင်ကြောင်း ဒေသခံတို့က ပြောသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကမူ လတ်တလောဖမ်းဆီးထားသည့် Non CDM ဝန်ထမ်း ၉ ဦးရှိကြောင်း Dawei Watch ကို အတည်ပြုပြောကြားသည်။ “အဓိကကတော့ Non CDM မို့လို့ဖမ်းတာမဟုတ်ဘူး။ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး သူတို့တွေက ထားဝယ်မှာ သန်းခေါင်စာရင်းကောက်ပေးနေတာ။ တစ်ချို့ကနေ့ချင်းပြန်သွားတယ်။ တစ်ချို့က အဝတ်ထုပ်တွေနဲ့ ထားဝယ်မြို့ဘက်ကို သွားနေပြီးတော့ ကောက်ပေးတယ်” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ဖမ်းထားသူများထံမှ သန်းခေါင်စာရင်းကောက်ရာတွင် […]


