တနင်္သာရီ၊ သရက်ချောင်း၊ လောင်းလုံး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ကိုးဦးသေဆုံး
Dawei Watch
May 10, 2024တနင်္သာရီမြို့နယ် သိန္ဒောစစ်ကောင်စီစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်း၊ လောင်းလုံးမြို့ထဲရှိ စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သည့် တိုက်ပွဲတို့တွင် တော်လှန်ရေးတပ်များဘက်က ကိုးဦးသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များထံမှ သိရသည်။ တနင်္သာရီမြို့နယ် သိန္ဒောရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ ၂၃ ရက်မှ မေလ ၈ ရက်အထိ ၁၆ ရက်အကြာ တိုက်ခိုက်သည့် တိုက်ပွဲအတွင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၁) က တပ်ဖွဲ့ဝင် လေးဦး သေဆုံးကြောင်း အဆိုပါစစ်ကြောင်းက ထုတ်ပြန်ထားသည်။ မစိုးရိမ်ရသည့် ဒဏ်ရာရရှိသူလည်း ခုနစ်ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီဘက်ကလည်း အယောက် ၂၀ ကျော် သေဆုံးပြီးဒဏ်ရာရသူ အများအပြားရှိကြောင်းလည်း ဖော်ပြသည်။ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီစခန်းနှင့် ကျောက်ဆည်ပျူစောထီးစခန်းသိမ်းတိုက်ပွဲတွင်မူ တော်လှန်ရေး တပ်ဘက်က နှစ်ဦးသေဆုံးပြီး ခြောက်ဦး မစိုးရိမ်ရ […]


