ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်လျော့
Dawei Watch
May 24, 2024ထားဝယ်ဒေသတွင် ယခုနှစ် ဆားအထွက်နှုန်းလျော့ကျကြောင်း ဆားလုပ်ငန်းရှင်အချို့က ပြောသည်။ ယခုနှစ်သည် အလွန်ပူပြင်းခြောက်သွေ့သည့် အယ်လ်နီညိုရာသီဥတုကြောင့် ဖျက်မိုး မရှိသလောက်နည်းသော်လည်း ပြီးခဲ့သည့်နှစ်ကထက် ဆားအထွက်လျော့ကြောင်း ဆားထုတ်လုပ်သူအချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ရာသီဥတုကောင်းသဖြင့် ဆားကွင်း ဧက ၂၀၀ကျော်တွင် (နေလှန်းဆား) ပိဿာချိန် သိန်း ၃၀ခန့် ထွက်ရှိ ခဲ့သော်လည်း ယခုနှစ်တွင် ဆားပိဿာချိန် ၂၅ သိန်းခန့်သာထွက်ကြောင်း ထားဝယ်မြို့၊ ရွှေပြည်သားဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောဆိုသည်။ ဆားကွင်းပြင်ရမည့်အချိန်တွင် တာတမံကျိုးနေပြီး ပြုပြင်နေရသဖြင့် ပင်လယ်ရေငန်ကို ကွင်းထဲသွင်းရန် နောက်ကျသော ကြောင့် ဆားထုတ်လုပ်ချိန်နောက်ကျရာ ဆားထွက်နှုန်းလျော့ကျခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကွင်းဖွင့်ချိန် နောက်ကျတာရယ်၊ ပင်လယ်ရေကလည်း ငါးပြန်(ဆ)စာလောက် ရေငယ်(ကျ)သွားတာရယ်၊ ပြီးခဲ့တဲ့ မိုးတုန်းက ဆားကွင်းကို ကာထားတဲ့ တာတမံကြီးတွေအကုန်လုံး ကျိုးသွားတယ်။ […]


