ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

သရက်ချောင်းတွင် အိန်ဂျယ်ယာဉ်လိုင်းက ယာဉ်တစ်စီး ဖမ်းဆီးခံရပြီး တစ်လနီးပါးအကြာတွင် ပြန်လွတ်

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ်တွင် အိန်ဂျယ်ယာဉ်လိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် မှန်လုံမော်တော်ယာဉ်တစ်စီး ဖမ်းဆီးခံခဲ့ရပြီး တစ်လနီးပါးအကြာတွင် ပြန်လည် လွတ်မြောက်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့၊ ဒေသခံအချို့နှင့် သက်ဆိုင်ရာယာဉ်လိုင်းတို့ထံမှ သိရသည်။ ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာလာသည့် အဆိုပါယာဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်ဝန်းကျင်တွင် သရက်ချောင်း မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) တပ်ခွဲ(၁) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရ ကြောင်း ၎င်းတို့က ပြောသည်။ စစ်အာဏာရှင်တပ်၏ ယူနီဖောင်း၊ ဦးထုပ်စသည့် စစ်အသုံးအဆောင်ပစ္စည်းများကို တင်ဆောင်လာသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဖြစ်စဉ်ကိုသိရှိသည့် သရက်ချောင်းမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ သရက်ချောင်းမြို့နယ်က ကုန်ရောင်းကုန်ဝယ် ပြုလုပ်နေသူ ဒေသခံအမျိုးသမီးတစ်ဦးကလည်း အဆိုပါ စစ်ဆေးရေးဂိတ်တွင် စစ်အာဏာရှင်တပ် စစ်အသုံးအဆောင်ပစ္စည်းများကို တာလပတ်ဖြင့် ခင်းကျင်းပြီး ယာဉ်မောင်းနှင့်အတူ ဓာတ်ပုံ မှတ်တမ်းယူ […]

ထားဝယ်မြို့ပေါ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

January 15, 2026

ထားဝယ်မြို့ပေါ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ (ထားဝယ်) ထံမှ သိရသည်။ ကြိုးဆွဲချသေဆုံးခဲ့သူမှာ ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ အမှတ် (၃) အထက်တန်းကျောင်းရှေ့တွင်နေထိုင်သည့် အသက် ၃၄ နှစ်အရွယ်ရှိ ကိုဇော်မောင်သန့် ဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရှိရသည်။ ကြိုးဆွဲချသေဆုံးခဲ့ရသည့် အကြောင်းအရင်းကိုမူ အသေးစိတ် မသိရသေးပေ။ အဆိုပါအမျိုးသား၏ရုပ်အလောင်းကို ယနေ့ နံနက်ပိုင်းက ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က ထားဝယ် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း အထက်ပါအဖွဲ့တာဝန်ရှိသူက ပြောသည်။ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်တွင် လူငယ်အမျိုးသားတစ်ဦးနှင့် ဒီဇင်ဘာလ ၂၅ ရက်တွင် အမျိုးသမီးကြီးတစ်ဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ဇမ္ဗူသီရိအဖွဲ့ထံမှ သိရသည်။

သရက်ချောင်း ကျွဲဇပ်ရွာက CDM တစ်ဦးနှင့် ဝပ်ရှော့ဆရာတို့ကို စစ်ကြောင်း ဖမ်းဆီး

Dawei Watch

January 15, 2026

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ် ကားလမ်းဘေးရှိ ကျွဲဇပ်ကျေးရွာက CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် ဝပ်ရှော့ဆရာ တစ်ဦးတို့ကို ဇန်နဝါရီလ ၁၃ ရက်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ဆင်ကူးရွာတွင် လုံခြုံရေးယူထားသည့် စစ်အာဏာရှင်တပ်ဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးနှစ်လုံးချ တိုက်ခိုက် သဖြင့် စစ်အာဏာရှင်တပ်ဖွဲ့က လက်နက်ကြီးဖြင့် သုံးချက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “လက်နက်ကြီးနဲ့ ပြန်ပစ်ပြီးတော့ စစ်ကြောင်းက ကျွဲဇပ်အထိဆင်းတယ်။ အဲဒီမှာ CDM ဆရာမနဲ့ ဝပ်ရှော့ဆရာကို ဖမ်းသွားတယ်။ လမ်းမှာတွေ့တဲ့ လူတွေကိုတော့ ခဏပဲခေါ်ထားပြီး ပြန်လွှတ်ပေးခဲ့တယ်” ဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ CDM ကျန်းမာရေးဝန်ထမ်း ဒေါ်သက်သက်အေးနှင့် ဝပ်ရှော့ဆရာ ဦးအောင်သန်းဦးဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးကို […]

ကလိန်အောင်မြို့အနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

January 15, 2026

ကလိန်အောင် – မလွှဲတောင် ကားလမ်းပိုင်းရှိ ရေဖြူမြို့နယ်၊ သာယာမွန်ရွာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက် နံနက် ၁၁နာရီခွဲဝန်းကျင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မလွှဲတောင်ဘက်သို့ တက်လာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးအင်အားစုများကြား ကားလမ်းမပေါ် ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်ကြကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုအတွင်း နှစ်ဖက်ထိခိုက်မှု ရှိ မရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကားလမ်းမ ယာယီပိတ်ခဲ့ပြီး နေ့လယ် ၁၂နာရီခန့်တွင် ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီ ဖြစ်ကြောင်း အဆိုပါလမ်းပိုင်းအသုံးပြုသည့် ကားသမားများက ဆိုသည်။ စစ်အာဏာရှင်တပ်က ပစ်ခတ်မှုဖြစ်ပြီးတိုင်း ကျေးရွာများဘက်သို့ လက်နက်ကြီးပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများက အခြေအနေစောင့်ကြည့်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။ “လောလောဆယ်တော့ အခြေအနေစောင့်ကြည့်နေတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နေ့လယ် ၁၂ […]

ထားဝယ်စျေးကွက်တွင် ဆန် အဟောင်း စျေးတက်

Dawei Watch

January 14, 2026

ထားဝယ်ဆန်စျေးကွက်တွင် ယမန်နှစ်က ဝင်ရောက်ခဲ့သည့် လက်ကျန်ဆန်အဟောင်းအချို့မှာ စျေးမြင့်တက်နေကြောင်း စျေးကွက်တွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့မှ တင်သွင်းသည့် ယခုနှစ်ထွက် မိုးစပါး မှရရှိသည့် ဆန်အသစ်များ ဝင်ရောက်လာချိန်တွင် ယင်းသို့စျေးတက်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရွှေဘိုပေါ်ဆန်း (ချန်ပီယံ) ဆန်အဟောင်းမှာ ယခင်က တစ်အိတ်လျှင်၂၁၆,၅၀၀ ကျပ်မှ ယခုနှစ် မိုးစပါးဆန်အသစ် ထွက်ရှိသည့် ဇန်နဝါရီလ ပထမပတ်အတွင်း ၂၃၉,၅၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) မှာ ၂၄၀,၅၀၀ ကျပ်မှ ၂၄၂,၅၀၀ ကျပ်သို့ အသီးသီးစျေးတက်ကြောင်း စျေးကွက်အတွင်းမှ သိရသည်။ ယခုနှစ်ဆန်းပိုင်းတွင် ဆန်အသစ်များ ထားဝယ်စျေးကွက်အတွင်းသို့ ဝင်ရောက်လာချိန် ချန်ပီယံ (ရွှေဘိုပေါ်ဆန်း) ဆန် အဟောင်း တစ်အိတ်လျှင် ၂၃,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (ရွှေမြင့်မိုရ်) ဆန် အဟောင်း တစ်အိတ်လျှင် […]

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်

Dawei Watch

January 13, 2026

ထားဝယ်အရှေ့တောဒေသကို စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် ရက်ဆက်ပစ်ခတ်နေ၍ ဒေသခံများ သတိထားပြီးနေထိုင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်တွင် လက်နက်ကြီး နှစ်လုံး၊ ဒီကနေ့ ၁၃ ရက်တွင် လက်နက်ကြီး ၄ လုံး ဘဝပင်ရွာဝန်းကျင်နှင့် ဝကုန်းရွာဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဘဝပင်ရွာ ခဲလုပ်ကွက်နားမှာ လာကျလို့ ခဲရှာသူတွေ ပြန်ပြေးလာကြတယ်။ ဥယျာဉ်ခြံထဲမှာ တစ်လုံးကျတာ မီးလောင်လို့ ခြံရှင် မီးငြိမ်းသတ်နေရတယ်လို့ ပြောတယ်” ဟု ဘဝပင်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ထားဝယ်မြို့ ဇဟာရွာအခြေစိုက် အမတ (၃၀၂) အမြောက်တပ်ရင်းနှင့် ကျောက်မဲတောင်စခန်းတို့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရပြီး လူနှင့် နေအိမ်ထိခိုက်မှု မရှိသေးဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ “လက်နက်ကြီးက […]

လောင်းလုံးမြို့ပေါ် တိုက်ပွဲဖြစ်

Dawei Watch

January 13, 2026

လောင်းလုံးမြို့ပေါ်တွင် ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲ တစ်နာရီနီးပါးကြာ ဖြစ်ပွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့ပေါ် စစ်အာဏာရှင်တပ် တပ်စွဲထားသည့် နေရာများကို ယနေ့ ဇန်နဝါရီလ ၁၃ရက် နံနက် ၆နာရီခန့်တွင် တော်လှန်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်ရာမှ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။ နှစ်ဘက်ပစ်ခတ်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်သံများ ဆက်တိုက်ကြားရကြောင်း မြို့ခံအချို့က ဆိုသည်။ “အိပ်ရာကတောင် မနိုးကြသေးဘူး၊ တိုက်ပွဲ စဖြစ်တယ်။ အိမ်အောက်မှာ အားလုံးဆင်းဝပ်နေကြရတယ်။ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ နှစ်ဖက်စလုံး တော်တော်ပစ်ကြတယ်” ဟု အထက်ပါ မြို့ခံအမျိုးသမီးက ပြောဆိုသည်။ နှစ်ဘက်ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားချိန် စစ်အာဏာရှင်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။ အဆိုပါ […]

ထားဝယ်ရှိ ဘဏ်များတွင် ငွေထုတ်ရခက်ခဲလာ၍ လုပ်ငန်းရှင်များ အခက်တွေ့

Dawei Watch

January 13, 2026

ထားဝယ်မြို့ရှိ ဘဏ်များတွင် ငွေသားထုတ်ယူရန် ခက်ခဲနေသဖြင့် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှစကာ ဘဏ်တွင် အပ်ထားသည့်ငွေနှင့် လွှဲလိုက်သည့်ငွေကို တစ်လုံးတစ်ခဲတည်း ထုတ်ယူ၍မရတော့ဘဲ ဘဏ်အပေါ်မူတည်ကာ ကျပ်သိန်းဆယ်ဂဏန်းသာ ထုတ်ခွင့်ရနေကြောင်း လုပ်ငန်းရှင်အချို့က ဆိုသည်။ ဘဏ်အပေါ်မူတည်ကာ တစ်ရက်လျှင် ကျပ်ငါးသိန်း ထုတ်ပေးသည့်ဘဏ်ရှိသလို ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ပေးသည့် ဘဏ်များလည်း ရှိနေကြောင်း ၎င်းတို့က ပြောသည်။ အာဏာမသိမ်းမီက ဖွင့်ထားသည့် ဘဏ်အကောင့်များမှာ တစ်ပတ်လျှင် တစ်ကြိမ်သာ ငွေသားထုတ်ခွင့်ရပြီး ကျပ်သိန်း ၁၀၀ အထိ ထုတ်ခွင့်ရနေကြောင်း ထားဝယ်မြို့ရှိ ဘဏ်များတွင် အမြဲတမ်းငွေထုတ်နေရသည့် ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ထိုသို့ တစ်ကြိမ် ထုတ်ယူပြီးပါက တစ်ပတ်အတွင်း အကောင့်အချင်းချင်း ငွေလွှဲခြင်း၊ ငွေသွင်းခြင်း မလုပ်ဆောင်နိုင်တော့ကြောင်း […]