ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

စေတနာ့ဝန်ထမ်း ဖမ်းဆီးခံရပြီးနောက် ရင်ခုန်သံ သွေးလှူရှင်နှင့် လူနာတင်ယာဉ်အသင်း ကူညီမှုရပ်နား

Dawei Watch

December 1, 2025

ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအသင်းက စေတနာ့ဝန်ထမ်း လူငယ်တစ်ဦး ဖမ်းဆီးခံရပြီးနောက် အသင်း၏ကူညီမှုများကို ရက်အကန့်အသတ်မရှိ ရပ်နားထားကြောင်း အဆိုပါအသင်းထံမှ သိရသည်။ စေတနာ့ဝန်ထမ်းဖြစ်သူ ကိုဘုန်းမြတ်ကိုကိုသည် နိုဝင်ဘာလ ၂၉ရက်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသသို့ ရုပ်အလောင်း သွားရောက်ပို့ဆောင်ပြီးအပြန်တွင် ကျောက်ကညာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာ၌ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ် ဆောင်ခဲ့သည်။ ယင်းသို့ဖမ်းဆီးခံရပြီးနောက် ပရဟိတ အသင်းသူ၊ အသင်းသားအချို့နှင့် မိသားစုဝင်များက ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများတွင် အရေးပေါ်လူနာများကို သွားရောက်ကူညီသယ်ဆောင်ရန် စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း အသင်းမှ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ ထို့ကြောင့် အသင်း၏ ကူညီမှုများကို ရပ်နားထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုကျွန်တော်တို့ အသင်းရုံး ပိတ်ထားလိုက်ပြီ။ လောလောဆယ် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးနဲ့ သွေးလှူဒါန်းမှု တွေကို ရက်အကန့်အသတ်မရှိ ရပ်နားထားပါတယ်” […]

ထားဝယ်အကျဉ်းထောင်က နိုင်/ကျဉ်းများအပါအဝင် လွတ်ရက်စေ့ အကျဉ်းသား ၁၅ ဦး ယနေ့လွတ်

Dawei Watch

December 1, 2025

ထားဝယ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားအများစုအပါအဝင် လွတ်ရက်စေ့ အကျဉ်းသူ အကျဉ်းသား ၁၅ ဦး ယနေ့(ဒီဇင်ဘာလ ၁ ရက်) နေ့တွင် လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။ စစ်အုပ်စုက အဓမ္မဖမ်းဆီးထောင်ချထားသူများထဲမှ ယနေ့တွင် လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာသူ ၁၅ ဦးရှိသည်ဟု ကနဦးသိရပြီး အမည်စာရင်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးက ပြောသည်။ “နာမည်စာရင်းတော့ ပြုစုနေတုန်းပဲ။ အပြင်ရောက်ကြပြီဆိုတော့ ဘယ်သူဘယ်ဝါလဲဆိုတာ ထပ်စုံစမ်းရဦးမယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်ထောင်မှ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၇ ဦးလွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုကြပြီး အသေးစိတ်သိနိုင်ရန် Dawei Watch အနေဖြင့် ထပ်မံစုံစမ်းနေဆဲဖြစ်သည်။ ပြန်လွတ်လာသူများအနက် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ထားဝယ်တက္ကသိုလ် […]

လောင်းလုံး၊ စစ်ပြဲရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းထပ်ထိုး၍ ဒေသခံများ နေရပ်စွန့်ထွက်ပြေး

Dawei Watch

December 1, 2025

စစ်အာဏာရှင်တပ်က လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ ထပ်မံစစ်ကြောင်းထိုးလာသဖြင့် စပါးရိတ်သိမ်းချိန်၊ ရော်ဘာစေးခြစ်ချိန်တွင် ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေး‌နေကြရကြောင်း စုံစမ်းသိရှိရသည်။ လောင်းလုံးမြို့ပေါ်မှတစ်ဆင့် စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သည် ယနေ့ (ဒီဇင်ဘာ ၁) နံနက် ၅ နာရီခန့်တွင် စစ်ပြဲကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့ကပြောသည်။ ယင်းအတွက်ကြောင့် စစ်ပြဲနှင့် ညင်းမော်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ “ကျွန်တော်တို့ မိုးသောက်အချိန်ကတည်းက ထပြေးနေကြရတယ်” ဟု စစ်ပြဲ ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။ လက်ရှိအချိန်တွင် ရော်ဘာတောင်သူများ အစေးခြစ်နေကြပြီး လယ်သမားများမှာလည်း စပါးရိတ်သိမ်းနေသည့် အချိန်ဖြစ်ရာ စစ်ကြောင်းဝင်လာသဖြင့် လုပ်လက်စအလုပ်များ ထားပစ်၍ထွက်ပြေးနေကြရခြင်းဖြစ်သည်။ စစ်အာဏာရှင်တပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်‌နေ့မှစပြီး ညင်းမော်၊ စစ်ပြဲကျေးရွာတို့ဘက် စစ်ကြောင်းထိုးလာပြီး ညင်းမော်ရွာထဲ တပ်စွဲထားသဖြင့် ဒေသခံများ […]

ထားဝယ်တွင် ပရဟိတအဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီး

Dawei Watch

November 29, 2025

ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင် လူငယ်အမျိုးသား တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အရေးပေါ်လူနာတင်ယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖမ်းဆီးခံရသူသည် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက်၁၉ နှစ်အရွယ်ရှိ ကိုဘုန်းမြတ်ကိုကို ဖြစ်ကြောင်း ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ကိုဘုန်းမြတ်ကိုကိုသည် ယနေ့ နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် အသင်းဖော်စေတနာ့ဝန်ထမ်းနှစ်ဦးနှင့်အတူ အမျိုးသမီး ရုပ်အလောင်းတစ်လောင်းကို အသင်းပိုင်လူနာတင်ယာဉ်ဖြင့် ကုတင် ၁၀၀ ဆေးရုံမှ ကံပေါက်ဒေသ၊ သဘွတ်ချောင်း ကျေးရွာသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။ ထိုသို့သွားရောက်ပို့ဆောင်ပြီးနောက် ပြန်လာချိန် ရေဖြူမြို့နယ်၊ ကျောက်ကညာကျေးရွာနှင့် ညင်းထွေးကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အရေးပေါ် လူနာတင်ယာဉ်ကို တားဆီးပြီး ကိုဘုန်းမြတ်ကိုကိုအား ဖမ်းဆီးသွားကြောင်း […]

ကံပေါက် ဦးပိုင်ဆီအုန်းခြံဂိတ်အနီးရှိ ဥယျာဉ်ခြံများ စစ်အာဏာရှင်တပ် ခွင့်မပြုသဖြင့် မလုပ်ကိုင်ရ

Dawei Watch

November 29, 2025

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုရှိ စစ်အုပ်စုနှင့် ဆက်စပ်သည့် ဦးပိုင်ဆီအုန်းခြံ အဝင်တွင် ဖွင့်ထားသော စစ်အာဏာရှင်တပ်စစ်ဆေးရေးဂိတ်က ခွင့်မပြုသဖြင့် ယခုနှစ်ပွင့်လင်းရာသီတွင် ဥယျာဉ်ခြံအချို့ မလုပ်ကိုင်ရကြောင်း ခြံရှင်များနှင့် ဒေသခံများက ပြောသည်။ ဦးပိုင်ဆီအုန်းခြံမှာ ဂန့်ဂေါ်တောင်ရွာအနီးတွင် တည်ရှိပြီး အဆိုပါဂိတ်အနီးရှိ ဥယျာဉ်ခြံများကို သွားရောက်ခွင့်မပြုခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆီအုန်းခြံဂိတ်ဘေးလမ်းကနေ ဝင်ရတဲ့ ရော်ဘာခြံ၊ ကွမ်းခြံ ဆယ်ခြံလောက်ရှိတယ်။ အဲဒီမှာ ပေးမသွားသလို မိုင်းတွေ ရှိတယ်လို့လည်း ခြိမ်းခြောက်ထားတယ်။ တကယ် ရှိ မရှိကတော့ မသိရဘူး။ အခုလက်ရှိကတော့ ခြံမလုပ်ရဘူးပေါ့” ဟု ဥယျာဉ်ခြံရှင်တစ်ဦးက ပြောဆိုသည်။ ယခု နိုဝင်ဘာလ ၁၆ရက်ကလည်း ဦးပိုင်ဆီအုန်းခြံအတွင်းရှိ တောလမ်းကို ဖြတ်သန်းသွားလာသည့် ဂန့်ဂေါ်တောင် ရွာသား တစ်ဦးကို စစ်ဆေးရေးဂိတ်ရှိ စစ်အာဏာရှင်တပ်သားများက ရိုက်နှက်ခဲ့ကြောင်း […]

သရက်ချောင်းမှ ပလောက်အထိ ထားဝယ်-မြိတ်ကားလမ်း ပြန်ဖွင့်လိုက်ပြီဟု KNLA ကြေညာ

Dawei Watch

November 28, 2025

ရက် ၂၀ နီးပါးပိတ်ထားသော သရက်ချောင်းမြို့နယ်မှ ပလောက်အထိ ထားဝယ်-မြိတ်ကားလမ်းကို ပြန်လည်ဖြတ်သန်းသွားလာခွင့် ပြုလိုက်ကြောင်း ယနေ့(နိုဝင်ဘာ ၂၈)နံနက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၂) က ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ရေးလိုအပ်ချက်အရ KNLA တပ်ဘက်က နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၂၈ ရက်မနက်အထိ သရက်ချောင်းနှင့် ပလောက်လမ်းပိုင်းကို ရက် ၂၀ နီးပါး ပိတ်ထားခဲ့ခြင်းဖြစ်သည်။ ယင်းလမ်းပိုင်းတစ်လျှောက်တွင် ရာနှင့်ချီသည့် ကုန်တင်ကား၊ ခရီးသည်တင်ကားများနှင့် ခရီးသည်များ ပိတ်မိနေပြီး ပိတ်ထားသည့် ကာလအတွင်း အချိန်အကန့်အသတ်ဖြင့် ကားများကို ဖြတ်သန်းခွင့်ပြုခြင်းလည်းရှိခဲ့သည်။ “ဒီနေ့ မိုးလင်းပိုင်းမှာ ကားတွေဖြတ်သန်းသွားလာနေတာ တွေ့တယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ လမ်းပိတ်ထားသည့်အတွက် ကုန်ပစ္စည်း ဆုံးရှုံးမှုများရှိသလို ခက်ခက်ခဲခဲ လမ်းပေါ်တွင် နေထိုင်ခဲ့ရကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ခရီးသွားများက ဆိုသည်။ […]

သရက်ချောင်း၊ ပြင်းဖြူကြီးရွာက နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

Dawei Watch

November 27, 2025

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက အရပ်သားနေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၂၆ရက် နံနက် ၉ နာရီခန့်တွင် ပြင်းဖြူကြီးရွာသို့ ရောက်ရှိလာပြီး နေအိမ်များတွင် ဝင်ရောက်တပ်စွဲခဲ့ကြောင်း ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ဆိုသည်။ စစ်အာဏာရှင်တပ် ရွာထဲ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ယင်းနောက် ညနေ ၄ နာရီကျော်တွင် စစ်အာဏာရှင်တပ်က အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အိမ်က (စစ်အာဏာရှင်တပ်) မီးရှို့ခဲ့တာ” ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စစ်အာဏာရှင်တပ်က မီးရှို့ပြီးနောက် မီးခိုးလုံးများကို အဝေးက မြင်တွေ့နေရကြောင်း စစ်ကြောင်းဝင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ စစ်အာဏာရှင်တပ် ရွာထဲသို့ မဝင်ရောက်ခင် […]

လောင်းလုံး သဘော့ဆိပ်ရွာတွင် နေအိမ်သုံးဆောင် မီးလောင်ပျက်စီး

Dawei Watch

November 27, 2025

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်သူအချို့က ပြောသည်။ သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တစ်ဆောင်က မီးစတင် လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “မီးလောင်နေတဲ့ကြားထဲ လေကလည်း တဟူးဟူး တိုက်လာတော့ ကျန်တဲ့အိမ်တွေပါ ကူးကုန်တာ” ဟု ၎င်းက ပြောဆိုသည်။ မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။ မီးလောင်မှုကြောင့် နေအိမ်သုံးဆောင် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုသည်။ “ပင်လယ်ကမ်းခြေနားမှာဆိုတော့ လေကလည်း တိုက်နေတယ်။ တောတိုင်လေး (သစ်လုံးငယ်) နဲ့ ဆောက်ထားတဲ့ အိမ်သုံးဆောင် […]