သရက်နှစ်ခွရွာတွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ် ဖမ်းသွားပြီးနောက် ပျောက်နေ
Dawei Watch
October 31, 2024သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာတွင် အောက်တိုဘာလ ၂၈ ရက် မနက်အစောပိုင်းက အသက် ၂၇ နှစ်အရွယ်ရှိ လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်က အဆိုပါလူငယ်ကို ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ထားသဖြင့် ပျောက်ဆုံးနေခြင်းဟု ဒေသခံများက ပြောဆိုနေကြသည်။ စစ်ကောင်စီတပ်မှာ သရက်နှစ်ခွရွာတွင် တပ်စွဲထားသဖြင့် ဒေသခံများနှင့် မိသားစုဝင်များမှာ ယင်းလူငယ်သေဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသလို အလောင်းရှာဖွေနိုင်ခြင်းလည်း မရှိသေးပေ။ ယင်းလူငယ်မှာ ရန်တောင်ရွာသားဖြစ်ပြီး ဥတ္တူရွာကို ဆိုင်ကယ်ဖြင့်သွားစဉ် သရက်နှစ်ခွနှင့် ဥတ္တူရွာအဝင် လမ်းတစ်လျှောက်လုံခြုံရေးချထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တိုးပြီး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ “အဲ့လူက ဆေးနည်းနည်းကြောင်နေတယ်လို့ပြောတယ်၊ သူ့ကိုဖမ်းပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ စကားတွေလျောက်ပြောတော့ စကားမှားပြီး အသတ်ခံရတာဖြစ်မယ်။ နောက်တစ်နေ့ မနက် ၅ နာရီလောက်မှာ ဂေါ်ပြားတွေ ပေါက်တူးတွေယူပြီး […]


