လောင်းလုံးအောက်ဘက်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုး
Dawei Watch
November 6, 2024လောင်းလုံးမြို့နယ် အောက်ဘက်ကျေးရွာများဖြစ်သည့် ညောပြင်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်ကျေးရွာတို့ဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ပြောသည်။ ကျောက်နီမော်ရွာ စစ်ကောင်စီတပ်စခန်းက တပ်သားတစ်ဦး နိုဝင်ဘာလ ၃ရက်က လက်နက်နှစ်လက်ယူပြီး ထွက်ပြေး သွားကြောင်း သတင်းထွက်ပေါ်ပြီး နောက်တစ်ရက် နိုဝင်ဘာလ ၄ ရက် ညပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ကျောက်နီမော်ကျေးရွာသို့ ရေလမ်းဖြင့် ရောက်ရှိလာကြောင်း ဒေသခံတို့က ဆိုသည်။ “ကျောက်နီမော်မှာက သူတို့ (စစ်ကောင်စီ) စခန်းက သုံးခုရှိတာကိုး။ အဲဒီမှာ ဘုရားတောင်မှာရှိတဲ့ စခန်းက စစ်သားတစ်ယောက် သေနတ်ယူပြီးထွက်ပြေးသွားတယ်ဆိုပြီး ကျွန်တော်တို့လည်း အဲဒီလိုပဲကြားရတယ်” ဟု အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။ အင်အား ၆၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ကျောက်နီမော်ကျေးရွာမှတစ်ဆင့် အောက်ကျောက်ဝပ်၊ ညောပြင်ရွာသို့ စစ်ကြောင်းခွဲထွက်သွားပြီး ထိုကျေးရွာနှစ်ရွာရှိ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားကြောင်း […]


