စစ်ကောင်စီ ပယောဂကြောင့် ထားဝယ်မြို့တွင် လုယက်မှုများ ဆက်တိုက်ဖြစ်
Dawei Watch
November 26, 2024စစ်ကောင်စီက လောင်းကစားဝိုင်းများကို ပေါ်ပေါ်တင်တင်ခွင့်ပြုထားသည့် ထားဝယ်မြို့ တွင် ယခုလ (နိုဝင်ဘာ)အတွင်း လုယက်ခံရမှု ၃ ကြိမ်အထိဖြစ်ခဲ့ကြောင်း မြို့ခံများထံကသိရသည်။ နိုဝင်ဘာလ ၂၅ ရက်က ထားဝယ်မြို့ ၊ ကြက်စားပြင်ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦး ဖုန်းပြောရင်း လက်ကိုင်ဖုန်း လုယက်ခံခဲ့ရသည်ဟု ကာယကံရှင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည် ။ လုယက်ခံရသည့် ကာယကံရှင် နှင့် Dawei Watch ကစကားပြောခွင့်ရရန် ချိတ်ဆက်ခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သဖြင့် အသေးစိတ်ကို မေးမြန်းခွင့်မရခဲ့ပေ။ အလားတူ နိုဝင်ဘာလ ၁၉ ရက်ကလည်း ထားဝယ်မြို့၊ ကမ်းနားလမ်း၊ သဲကွင်းအနီးတွင် အမျိုးသမီးတစ်ဦး ပိုက်ဆံအိတ် လုယက်ခံရကြောင်း သိရပြီး နောက်ဆက်တွဲ အခြေအနေသိရှိရန် စုံစမ်းနေဆဲဖြစ်သည်။ ယင်းသို့လုယက်မှုများ ဖြစ်ပွားလာခြင်းမှာ နိုဝင်ဘာလ ၁၅ […]


