ထားဝယ်ဒေသရှိ စစ်ဘေးရှောင်များအတွက် ဆန်အိတ်တစ်ရာရိက္ခာစုဘူး ကမ်ပိန်းလုပ်မည်
Dawei Watch
July 1, 2024ထားဝယ်ခရိုင်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဆန်အိတ်တစ်ရာ ရိက္ခာစုဘူး ကမ်ပိန်းပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်သည့် ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကော်မတီထံမှ သိရသည်။ ကမ်ပိန်းကာလကို ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၃၀ ရက်အထိ သတ်မှတ်ထားသည်။ ထားဝယ်ခရိုင်တွင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း လေးမြို့နယ်ပါဝင်သည်။ ဆန် ၂၄ ပြည်တစ်အိတ်လျှင် ၁၃၀,၀၀၀ ကျပ် ၊ ၁၂ ပြည်တစ်အိတ် လျှင် ၆၅,၀၀၀ကျပ် ၊ ၆ ပြည်တစ်အိတ်လျှင် ၃၂,၅၀၀ ကျပ် နှုန်းဖြင့် ဂိမှာန်ကော်မတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်တိုက်ရိုက်ဆက်သွယ်ကူညီနိုင်ကြောင်း ယင်းကော်မတီ၏ တာဝန်ရှိသူ ကိုဝဏ္ဏက ပြောသည်။ ထားဝယ်ဒေသတွင် တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်နယ်မြေများကို စစ်ကောင်စီတပ်က ရိက္ခာသယ်ယူခွင့် ကန့်သတ်မှုများရှိနေကြောင်း ၎င်းက ဆိုသည်။ “ပြည်သူတွေအနေနဲ့ အခက်ခဲတွေဖြစ်တယ်။ […]


