အသုဘအတွက် ဈေးလာဝယ်သူ ထားဝယ်ကမ်းနားဈေးတွင် လုယက်ခံရ
Dawei Watch
December 4, 2024ထားဝယ်မြို့ ကမ်းနားလမ်း ကမ်းနားဈေး၌ ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၆ နာရီဝန်းကျင်တွင် ဈေးလာဝယ်သည့် အမျိုးသမီးတစ်ဦး လုယက်ခံရကြောင်း စုံစမ်းသိရှိရသည်။ အသုဘအတွက် နယ်ကျေးရွာမှ မြို့တက်ပြီး ဈေးလာဝယ်သည့် အဆိုပါအမျိုးသမီးသည် ကမ်းနားဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက်ဝယ်ယူနေချိန် လုယက်ခံလိုက်ရခြင်းဖြစ်ကြောင်း ကမ်းနားဈေးသည်အချို့က ပြောဆိုသည်။ “ပိုက်ဆံတွေကို ကျန်ကျောင်း အိတ်လိုမျိုး ပလပ်စတစ်အိတ် အပြာရောင်နဲ့ထုပ်ပြီး ဟင်းရွက်ရွေးနေတုန်းမှာ အိတ်ကိုဓားနဲ့ခွဲပြီး လုသွားတာ” ဟု ကမ်းနားဈေးသည်တစ်ဦးက ပြောသည်။ အသုဘအတွက်ဈေးဝယ်မည့်ပိုက်ဆံ ကျပ်သိန်း ၃၀ ကျော်ပါသွားကြောင်း ဈေးသူဈေးသားတို့က ဆိုသည်။ ဈေးသည်အချို့ကမူ လုယက်သူမှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်းပြောဆိုပြီး အချို့ကမူ တစ်ဦးတည်းမဟုတ်ဘဲ အုပ်စုလိုက်ဖြစ်ကြောင်း ပြောဆိုကြသည်။ မျက်မြင်တွေ့ရသူဟုဆိုသည့် ဈေးသူတစ်ဦး၏အဆိုအရ လုယက်သူများထဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး […]


