ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံး စခန်းကြီးကျေးရွာအုပ်စုသို့ မဲပုံးလာပို့သည့် ကားများကို အပြန်တွင် မိုင်းဆွဲတိုက်ခိုက်

Dawei Watch

January 20, 2026

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စုသို့ မဲပေးစက်နှင့် မဲပုံးများ လာရောက်ပို့ဆောင်သည့် ကားများကို အပြန်တွင် တော်လှန်ရေးတပ်က မိုင်းဆွဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည့် စခန်းကြီးကျေးရွာအုပ်စုသို့ စစ်အာဏာရှင်တပ်ဖွဲ့ဝင်အချို့ လုံခြုံရေးလိုက်ပါလာပြီး ပစ်ကပ်ကားနှစ်စီးအပါအဝင် ကားလေးစီးဖြင့် ယနေ့ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မဲပုံးနှင့် မဲပေးစက်များ လာရောက်ပို့ဆောင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းနောက် စခန်းကြီးကျေးရွာမှ ပြန်လည်ထွက်ခွာချိန်တွင် မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “မဲအုံနှောက် (ရွာ) နဲ့ ခမောင်းတောင်းရွာ ကြားမှာဖြစ်တာ။ မိုင်းပေါက်ပြီးနောက်မှာ သူတို့လည်း သေနတ်ပစ်ခတ်ပြီး ကားအမြန်မောင်းပြီး ထွက်ပြေးသွားတာတွေ့လိုက်တယ်” ဟု ၎င်းဒေသခံက ပြောသည်။ အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုကို မည်သည့်တော်လှန်ရေးအဖွဲ့က […]

ထားဝယ် ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ စစ်အာဏာရှင်တပ် ညဘက် လက်နက်ကြီးဖြင့်ပစ်ခတ်

Dawei Watch

January 20, 2026

ထားဝယ်မြို့နယ်၊ ရှမ္မတွင်းကျေးရွာအုပ်စုဘက်သို့ ဇန်နဝါရီလ ၁၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် သုံးကြိမ်ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ် အရှေ့တောဒေသသို့ သွားသည့် လမ်းပိုင်းရှိ ဗျောတောဝစစ်ဆေးရေးဂိတ်အနီး တောင်ကုန်း၌ ပြင်ဆင်ထားသည့် လက်နက်ကြီးကုန်းက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရှမ္မတွင်းကျေးရွာအုပ်စု ပုလွေရှောင်ရွာအနီးဝန်းကျင်တွင် ကျည်များ ကျရောက် ပေါက်ကွဲကြောင်း ဒေသခံများက ဆိုသည်။ ယခုရက်ပိုင်းအတွင်း ရှမ္မတွင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးနေခြင်းလည်းမရှိသလို တော်လှန်ရေး အင်အားစုများနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများလည်း မရှိကြောင်း ဒေသခံများက ပြောဆိုသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိသော်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ညဘက်နေအိမ်၌ အိပ်ရန်အတွက် စိုးရိမ်နေရကြောင်း ပုလွေရှောင်ရွာခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ညက တော်တော်ကြမ်းတယ်။ သုံးချက် […]

သရက်ချောင်းမြို့အနီး ပစ်ခတ်မှုများဖြစ်၊ ရပ်ဝေးက ကျောင်းသားများကို အိမ်ပြန်လွှတ်

Dawei Watch

January 20, 2026

သရက်ချောင်းမြို့ပေါ်က အခြေခံပညာစာသင်ကျောင်းများတွင် ပညာသင်ယူနေသည့် ရပ်ဝေးက ကျောင်းသူ၊ ကျောင်းသား များကို အခြေအနေ မအေးသဖြင့် ဆရာ၊ ဆရာမများကို အိမ်ပြန်လွှတ်ကြောင်း ကျောင်းသားမိဘအချို့နှင့် ဒေသခံအချို့က ပြောသည်။ ဇန်နဝါရီလ ၁၉ရက် ညပိုင်းတွင် သရက်ချောင်းမြို့အထွက် ပန်းတောစစ်ဆေးရေးဂိတ်နှင့် ဆင်ကူးရွာ၊ ဆင်ဖြူပြင်ရွာဘက်က လက်နက်ငယ်၊ လက်နက်ကြီး ပစ်ခတ်သံများကို ဆူညံစွာ ကြားရကြောင်း ၎င်းတို့က ဆိုသည်။ “ဒီနေ့ မနက် သမီးကို ကျောင်းသွားပို့တော့ နယ်ဝေး၊ ရွာဝေးက ကျောင်းသူကျောင်းသားလေးတွေ အကုန်လုံးကို ပြန်လွှတ် လိုက်တယ်။ ဆရာမတစ်ယောက်ပြောတာက အခြေအနေမကောင်းလို့တဲ့ ရွေးကောက်ပွဲပြီးမှပဲ ကျောင်းပြန်လာတော့ဆိုပြီး ကျောင်းကားပို့တဲ့ ကားသမားကိုပြောလိုက်တယ်တဲ့” ဟု ပိတိုင်ကျေးရွာက ကျောင်းသား မိဘတစ်ဦးက ပြောဆိုသည်။ စာသင်ကျောင်းကို လုံးဝ ပိတ်လိုက်ခြင်းမျိုး မဟုတ်ဘဲ သရက်ချောင်းမြို့ပေါ်ရပ်ကွက်တွင် […]

ထားဝယ် ကနိုင်းဒါအုပ်စုတွင် စစ်အာဏာရှင်တပ် လောင်းကစားဝိုင်းဝင်ဖမ်း၊ ငွေတောင်းပြီး ပြန်လွှတ်

Dawei Watch

January 19, 2026

ထားဝယ်မြို့နယ်၊ ကနိုင်းဒါကျေးရွာအုပ်စု၊ အလယ်ကုန်းရွာ အနောက်ဘက်တစ်နေရာတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၁၈ရက် နေ့လယ်ပိုင်းတွင် စစ်အာဏာရှင်တပ်သားများက ဝင်ဖမ်းကြောင်း ရွာသားများက ပြောသည်။ လောင်းကစားဝိုင်း ဝင်ဖမ်းစဥ် လောင်းကစားပြုလုပ်နေသူနှင့် ကစားဝိုင်အနီးရှိနေသူ အမျိုးသား ၁၇ ဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ ဖမ်းဆီးခံရပြီးနောက် ငွေကြေးဖြင့်ညှိနှိုင်းကာ ဖမ်းဆီးခံရသူ ၁၇ ဦးစလုံး ပြန်လွှတ်ခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် ရွာသားတစ်ဦးက ပြောဆိုသည်။ “အဖမ်းခံရသူတွေက လူကြီးတွေ (သက်ကြီးပိုင်း) များတယ်။ ပိုက်ဆံနဲ့ညှိပြီး နေ့ချင်းပြီး ပြန်လွတ်လာပြီ” ဟု ၎င်းက ပြောသည်။ ထားဝယ်မြို့အဝင် ကျောက်ရပ်ရွာ ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ်တွင် နေရာယူထားသည့် စစ်အာဏာရှင်တပ်သားများ နှင့် ပျူစောထီးများက လောင်းကစားဝိုင်းသို့ ကားဖြင့်လာရောက်ကာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ […]

လောင်းလုံးတွင် ခလရ ၁၀၄ တပ်ရင်းကို ဒရုန်းဖြင့်တိုက်ခိုက်

Dawei Watch

January 19, 2026

လောင်းလုံးမြို့နယ်၊ ထာဝယ်-မောင်းမကန်လမ်းပိုင်းရှိ တောရှည်ကျေးရွာတွင် အခြေစိုက် ခလရ ၁၀၄ စစ်အာဏာရှင်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ကြောင်း ခရီးသွားဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် ဗုံးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံ နှစ်ချက်ကြားရတယ်” ဟု ခရီးသွားဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ခြေလျင်တပ်ရင်း ခလရ ၁၀၄ အနီး ထားဝယ်-မောင်းမကန်လမ်းပိုင်းကို စစ်‌အာဏာရှင်တပ်က ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်မှစ၍ ခရီးသည်များ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း စုံစမ်းသိရသည်။ မည်သည့် တော်လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်သည်နှင့် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ အခြေအနေတို့ကိုမူ မသိရသေးပေ။ ဇန်နဝါရီလ ၂၅ ရက်တွင် စစ်ကောင်မရှင်က ပြုလုပ်မည့် […]

ထားဝယ်တက္ကသိုလ်တွင် ယခုနှစ် နေ့သင်တန်းဘွဲ့ယူသူလျော့နည်း၊ အဝေးသင်ဘွဲ့ယူသူများလာ

Dawei Watch

January 19, 2026

ထားဝယ်တက္ကသိုလ်တွင် ဇန်နဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်ခဲ့သည့် ဘွဲ့နှင်းသဘင်၌ နေ့သင်တန်းဘွဲ့ယူသူ ယမန်နှစ်ထက်လျော့နည်းပြီး အဝေးသင်ဘွဲ့ယူသူ ပိုများလာကြောင်း တက္ကသိုလ်ပညာရေးအသိုင်းအဝိုင်းထံမှ သိရသည်။ နေ့သင်တန်းဘွဲ့များအတွက် ၂၂ ကြိမ်မြောက်ဘွဲ့နှင်းသဘင်ကို ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။ “အားလုံး (နေ့သင်တန်း ဘွဲ့ယူရန်လာသူ) ငါးဆယ်ဝန်းကျင်ရှိတယ်။ မေဂျာအလိုက်ဘွဲ့သက်သက်က နှစ်ဆယ်ကျော်ပဲ။ ကျန်တာက အသစ်ထပ်ဖွင့်ထားတဲ့ ဥပဒေဒီပလိုမာအတန်းက ဒီပလိုမာယူသူတွေ၊ အခုနှစ်ဘွဲ့ယူတဲ့အသုတ်က အာဏာသိမ်းပြီး ကျောင်းပြန်ဖွင့်တာနဲ့ ပထမနှစ်စတက်တဲ့ သူတွေများတယ်” ဟု ထားဝယ်တက္ကသိုလ် ကျောင်းသား ရေးရာဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က ထားဝယ်တက္ကသိုလ်တွင် နေ့သင်တန်းဘွဲ့ယူသူ ၆၄ ဦးရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကမူ နေ့သင်တန်းဘွဲ့ယူသူ ၇၅ ဦး ရှိခဲ့ကြောင်း ကျောင်းမှတ်တမ်းများအရ […]

ထားဝယ်မြို့ပေါ် ဖမ်းဆီးခံရသူ ၅၀ကျော် စစ်မှုထမ်းသင်တန်းတက်ခိုင်းရန် မြိတ်သို့ စစ်သင်္ဘောဖြင့်ပို့

Dawei Watch

January 17, 2026

ထားဝယ်မြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူငယ်အမျိုးသားများအနက် ၅၀ ကျော်ကို စစ်မှုထမ်းသင်တန်းတက်ခိုင်းရန် မြိတ်မြို့သို့ စစ်သင်္ဘောဖြင့် ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်မိသားစုဝင်များနှင့် မြို့ခံများထံမှ သိရသည်။ ထားဝယ်မြို့ပေါ် ရပ်ကွက်အသီးသီးတွင် ဇန်နဝါရီလ ၈ရက်ညမှစ၍ လူငယ်အမျိုးသားများ ပုံစံအမျိုးမျိုးဖြင့် ဖမ်းဆီး ခံရခြင်းဖြစ်ပြီး စစ်မှုထမ်းသင်တန်း အပတ်စဥ် ၂၁ တက်ရောက်ရန် ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင် တပ်ရင်းအသီးသီးတွင် စုဆောင်းခံရသူများကို သရက်ချောင်းမြို့၊ ဆင်ဖြူပြင် ဆိပ်ကမ်းမှတစ်ဆင့် စစ်သင်္ဘောတစ်စီးဖြင့် ဇန်နဝါရီလ ၁၅ ရက်ညတွင် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်း သိရသည်။ ယင်းသို မပို့ဆောင်မီ မိသားစုနှင့် လုံးဝတွေ့ခွင့်မပေးခဲ့ဘဲ ထားဝယ်မြို့ သပြေချောင်းတပ်နယ်ရှိ စစ်တပ်ဆေးရုံတွင် ဆေးစစ်ခဲ့ရကြောင်း စစ်မှုထမ်းစုဆောင်းခံရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။ “၉ရက်နေ့ ညကတည်းက ခေါ်သွားပြီး […]

လောင်းလုံးတွင် ရွေးကောက်ပွဲနီးချိန် မြို့နယ်အဝင်အထွက် ကမြောကင်းတံတားဂိတ် အစစ်ဆေးပြန်တင်းကျပ်

Dawei Watch

January 16, 2026

ရွေးကောက်ပွဲ ကျင်းပခါနီးလာချိန် လောင်းလုံးမြို့နယ် အဝင်အထွက် ဂိတ်ဖြစ်သည့် ထားဝယ်မြစ်ကူး ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများကို စစ်အာဏာရှင်တပ်က အစစ်အဆေး တင်းကျပ်နေကြောင်း ဒေသခံခရီးသွားများက ပြောသည်။ လောင်းလုံးမြို့နယ်သည် စစ်ကော်မရှင်က ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်သည်။ ဇန်နဝါရီ ပထမပတ်ကစပြီး အဆိုပါစစ်ဆေးရေးဂိတ်တွင် ဒေသခံခရီးသွားများကို အသွားအပြန် လမ်းဆင်းလျှောက်ခိုင်းခြင်း၊ မှတ်ပုံတင်ပြရခြင်းနှင့် ရှာဖွေစစ်ဆေးခြင်းများ ခပ်စိပ်စိပ်လုပ်ဆောင်လာကြောင်း ဒေသခံခရီးသွားမြို့ခံတစ်ဦးက ဆိုသည်။ “အခုက ခရီးသွားတွေ (ဆိုင်ကယ်နဲ့လာရင်) ဂိတ်ရှေ့ရောက်ရင် အကုန်ဆင်းတွန်းရတယ်။ ကျောင်းသူ ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေ ပါလည်း မရဘူး။ အချို့သောသူတွေကို မှတ်ပုံစစ်ဆေးခံရတာတွေ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာချိန် […]