ရေဖြူတွင် ခွေးရူးပြန်ရောဂါကြောင့် ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး
Dawei Watch
July 23, 2024ရေဖြူမြို့နယ်တွင် ဇူလိုင်လ ၁၂ ရက်နှင့် ၂၂ ရက်တို့တွင် ခွေးရူးပြန်ရောဂါဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ သေဆုံးသည့်ကာယကံရှင်မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက ထားဝယ်ဆေးရုံကြီးတွင် ခွေးရူးပြန်ရောဂါကြောင့် ဆေးကုသမှုခံနေရသည့် ကလိန်အောင် မြို့က အသက် ၄၀ ကျော်အမျိုးသမီးသေဆုံးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယင်းအမျိုးသမီးသည် ပြီးခဲ့သည့် မေလခန့်က ၎င်း၏အိမ်ရှိကြောင် ခွေးကိုက်ခံရသည့်အနာကို ဆေးထည့်ပေးစဉ် ကြောင်က ၎င်းအား ပြန်ကိုက်ခဲ့ပြီး ကာကွယ်ဆေးမထိုးဘဲ နေခဲ့ရာမှ တစ်လအကြာတွင် ခွေးရူးပြန်ရောဂါလက္ခဏာများ ပြလာခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူက ဆိုသည်။ “သူနေရာမှာ ကိုယ်ဆိုလည်း ကြောင်ကတစ်ဆင့်ဖြစ်တာဆိုတော့ ဆေးထိုးဖို့ သတိထားမိမှာ မဟုတ်ဘူး။ အခုက ရောဂါ […]


