ထားဝယ်အရှေ့တောဒေသတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ထပ်မံ ဗုံးလာကြဲ
Dawei Watch
February 26, 2024ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA/PDF ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေကြောင်း KNLA နှင့် ဒေသခံအချို့ထံမှ သိရသည်။ ကျောက်မဲတောင်ရွာဘက်မှ မေတ္တာဗျူဟာဘက်သို့ ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KNLA/PDF ပူးပေါင်းတပ်တို့ ဖေဖော်ဝါရီလ ၂၅ ရက် မနေ့ ညနေ ၃နာရီခန့်ကစပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “တိုက်ပွဲအခြေအနေက မနေ့ညနေ ၃ နာရီကစပြီး အခုချိန်ထိပေါ့။ အခုနကပဲ ၁၀ မိနစ်လောက်က လေယာဉ်နဲ့ ဗုံးလာကြဲ သွားတယ်။ ဒီမနက်ကတော့ မနက် ၈ နာရီကနေ အခုထိပေါ့။ အခုထိမပြီးသေးဘူး” ဟု KNLA တပ်ရင်း (၂၇) နှင့် တပ်ရင်း (၁၀) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက […]