ကံပေါက်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့သည့်လမ်းပိုင်းများတွင် မိုင်းပေါက်ကွဲ
Dawei Watch
December 30, 2024ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်တွင် ဒီဇင်ဘာလ တတိယပတ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့သည့် ဇာဒီကျေးရွာအုပ်စုရှိ လမ်းပိုင်းနှစ်နေရာတွင် မိုင်းပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်တွင် ဇာဒီရွာနှင့် ခေါင်ပြန်ရွာအကြားရှိ လယ်ကွင်းတစ်နေရာတွင် မိုင်းပေါက်ကွဲပြီး နွားတစ်ကောင် သေဆုံးခဲ့ကာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင်လည်း ဇာဒီတံတားကြီးအနီးလမ်းပိုင်းတွင် မိုင်းပေါက်ကွဲကြောင်း ၎င်းတို့က ပြောသည်။ မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာနှစ်ခုစလုံးတွင် စစ်ကောင်စီတပ် စစ်ကြောင်းပြန်မထွက်မီ လမ်းပိုင်းကို ဖြတ်တောက် ဖျက်ဆီးခဲ့သည့် နေရာများဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ ဒီဇင်ဘာလ ၂၉ ရက်က မိုင်းဖြစ်စဉ်မှာ နွားတစ်ကောင် မိုင်းနင်းမိခြင်းဖြစ်ပြီး ယနေ့ နံနက်က ပေါက်ကွဲသည့် မိုင်းဖြစ်စဉ်တွင် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံများက ဆိုသည်။ ကျေးရွာအတွင်း […]


