ထားဝယ်ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုမည်
Dawei Watch
February 28, 2024ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရန်ကုန်မြို့က အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းပြီး အခမဲ့ ဆေးကုသပေးမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ နား၊ နှာခေါင်း၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ ဦးနှောက်နှင့် အာရုံကြော၊ ကင်ဆာ၊ အရိုးအကြော၊ အဆစ်နှင့် ပတ်သက်သည့်ရောဂါများ၊ ဆီးနှင့် ကျောက်ကပ်၊ နှလုံး၊ ဆီးချိုနှင့် ဟော်မုန်း ရောဂါများကို ပြသနိုင်မည် ဖြစ်ကြောင်း စုံစမ်းသိရသည်။ ရောဂါပြသရန်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ မတ်လ ၈ ရက်နေ့အထိ ရုံးချိန်အတွင်း ထားဝယ်ပြည်သူ့ ဆေးရုံကြီး၏ ပြင်ပလူနာဌာနတွင်လာရောက် စာရင်းပေးသွင်း နိုင်ကြောင်း စုံစမ်းသိရသည်။ စာရင်းပေးသွင်းပြီးလျှင် အခမဲ့ ပြသနိုင်မည့်အပြင် လိုအပ်မည့် ဆေးဝါးများလည်း အခမဲ့ ရရှိမည် ဖြစ် ကြောင်း ပြည်သူများ၏ […]