လောင်းလုံးမြို့က ပျူစောထီးတစ်ဦးနှင့်မိသားစု တော်လှန်ရေးတပ်ဖွဲ့ထံခိုလှုံ
Dawei Watch
August 19, 2024လောင်းလုံးမြို့ပေါ်က လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦး မိသားစုနှင့်အတူ ဒေသတွင်းတော်လှန်ရေး တပ်ဖွဲ့တစ်ခုဖြစ်သည့် နွေဦးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ရောက်(ခိုလှုံ)လာကြောင်း ယင်းတပ်ဖွဲ့က ဩဂုတ်လ ၁၈ ရက်က ထုတ်ပြန်သည်။ ပျူစောထီးအဖွဲ့ဝင် ဦးလှမျိုးဆိုသူသည် ဇနီး၊ ၇ နှစ်အရွယ်ကလေးတစ်ဦးနှင့်အတူ အလင်းဝင်ရောက်လိုကြောင်း ဆက်သွယ်လာသဖြင့် ဇူလိုင်လ ၁၀ ရက်နေ့က သွားရောက်ခေါ်ယူခဲ့ကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဦးလှမျိုးသည် နံနက်ပိုင်း ကင်းစောင့်တာဝန်ကျနေချိန် မိသားစုအလိုက် ထွက်ပြေးလာပြီး နွေဦးပြောက်ကျားတပ်ဖွဲ့ထံ ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “သူ့မိန်းမကနေတစ်ဆင့် အလင်းဝင်ချင်တယ်လို့ ဆက်သွယ်လာတာ။ အဲဒါကြောင့် ကျွန်တော်သွားခေါ်ထုတ်ပေးပြီး လုံခြုံတဲ့နေရာပို့ပေးပြီးမှ သတင်းထုတ်ပြန်တာပါ” ဟု ၎င်းက ပြောဆိုသည်။ အလင်းဝင်ရောက်လာသည့် ပျူစောထီးထံတွင် အေကေအမျိုးအစား သေနတ်တစ်လက်၊ ကျည်ဘောက်နှစ်ခု၊ ကျည် ၁၁၀ တောင့်၊ လက်ပစ်ဗုံး ၃ […]


