ထားဝယ်အရှေ့တော ဝကုန်းရွာတွင် ဒေသခံတစ်ဦး မိုင်းနင်းမိ
Dawei Watch
January 23, 2025ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာတွင် ဇန်နဝါရီလ ၂၂ ရက် နံနက်ပိုင်းက ဥယျာဥ်ခြံသွားသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ဝကုန်းရွာ ၊ ဘိုးတိုးပွားမိုင်း(သတ္တုတွင်း)အပိုင်းနှင့် တစ်ဆက်တည်းတည်ရှိသည့် ဥယျာဥ်ခြံများတည်ရှိရာ ချောင်ဖျားပိုင်းတွင် မိုင်းနင်းမိခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ “နှစ်ယောက်သွားတာ တစ်ယောက်ထိတာပါ ။ ချောင်းဖျားပိုင်းမှာ အခု တစ်ပတ်ကျော်လောက်တုန်းက ဒီဘက် အဖွဲ့တွေ(KNLA) မိုင်းထောင်ထားတာရှိပါတယ်။ အဲတာကြောင့် သူတို့လည်း ဝါးလုံးနဲ့ လမ်းရှင်းပီးသွားရာက အရှေ့ကသွားတဲ့လူမှာထိတာပါ “ ဟု ဖြစ်စဥ်အားသိရှိသည့် ဝကုန်းဒေသခံ တစ်ဦး ကပြောသည်။ မိုင်းနင်းမိသည့် အသက်လေးဆယ်ဝန်းကျင် အမျိုးသားသည် မိုင်းဒဏ်ရာကြောင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရပြီး ဘယ်ဘက်ခြေတောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ကာယကံရှင် နှင့် နီးစပ်သူများထံကသိရသည်။ ယခုကဲ့သို့ မိုင်းနင်းမိသည့် ဖြစ်စဥ်မဖြစ်ပွားမီ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းကစ၍ […]


