ဖူးခက် ကားသုံးစီးဆင့်တိုက်မှုတွင် အမှိုက်သိမ်းနေသော မြန်မာလုပ်သား သေဆုံး
Dawei Watch
September 18, 2024ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ ကားသုံးစီးဆင့်တိုက်မှုဖြစ်စဉ်တွင် လမ်းပေါ်အမှိုက်သိမ်းနေသော မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကားသုံးစီးဆင့်တိုက်မှုသည် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က ပါတွန်ဘုန်းကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားတိုက်မှုကြောင့် သေဆုံးသူမှာ အောင်အောင်အမည်ရှိ မြန်မာနိုင်ငံသားဖြစ်ပြီး ပါတွန်စည်ပင်သာယာရုံးတွင် အမှိုက်သိမ်းအလုပ် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ပါတွန်တောင်ကုန်းမှတစ်ဆင့် ကမ်းခြေသို့ မောင်းနှင်လာသော ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် အမှိုက်သိမ်းနေသော မြန်မာလုပ်သားကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကားကို ထိုင်းနိုင်ငံသားတစ်ဦးက မောင်းနှင်လာခဲ့ပြီး နောက်ထပ် တရုတ်နိုင်ငံသားမောင်းနှင်လာသော ကားတစ်စီးကို ထပ်မံဝင်တိုက်ခဲ့သေးကြောင်း ဖော်ပြထားသည်။ ကားတိုက်ခံရမှုကြောင့် တရုတ်နိုင်ငံသားကားကလည်း အနီးရှိ ပါကင်ထိုးထားသော နောက်ထပ်ကားတစ်စီးကို ထပ်မံဝင်တိုက်ခဲ့သဖြင့် ကားသုံးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကားတိုက်ခံရမှုကြောင့် မြန်မာနိုင်ငံသားသည် အခင်းဖြစ်သောနေရာတွင် သေဆုံးခဲ့ပြီး ထိုင်းကားမောင်းသမားကို ကယ်ဆယ်ရေးအဖွဲ့များက […]


