ထိုင်းအမြန်လမ်းမပေါ် ပါဂျဲရိုးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာ ၁၁ဦး ဖမ်းဆီးခံရ
Dawei Watch
June 12, 2024ထိုင်းနိုင်ငံ ဖိကျစ်ခရိုင်ရှိ အမြန်လမ်းမပေါ်တွင် ပါဂျဲရိုးအိမ်စီးကားဖြင့် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၁၁ ဦး ဇွန်လ ၁၁ ရက် ညနေပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ တာခ့်ခရိုင် မဲဆောက်မြို့မှ အယုဒ္ဓယခရိုင်သို့ အမြန်လမ်းမကြီးအတိုင်း တရားမဝင် နိုင်ငံခြားသားများကို ပို့ဆောင်ပေး နေကြောင်း သတင်းကြိုတင်ရရှိထားသဖြင့် အာဏာပိုင်များက ဂိတ်ချစစ်ဆေးနေခဲ့ကြောင်း ရေးသားထားသည်။ ပါဂျဲရိုးအမျိုးအစား အိမ်စီးကားတစ်စီး အရှိန်မြှင့်မောင်းနှင်လာနေရာ မသင်္ကာသဖြင့် တားဆီးစစ်ဆေးရန် အချက်ပြစဉ် ကား မရပ်ဘဲ လမ်းဘေး ရွာထဲသို့ ကွေ့၍ မောင်းပြေးခဲ့ကြောင်း ဆိုသည်။ ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးသောအခါ ကားသမားသည် လမ်းကြောင်းကျွမ်းကျင်မှု မရှိသဖြင့် အမြန်လမ်းမပေါ်သို့ ပြန်လည်မောင်းနှင်လာခဲ့ရာမှ ပိတ်ဆို့တားဆီးဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ကားပေါ်တွင် ထိုင်းကားသမားနှင့်အတူ မြန်မာနိုင်ငံသား အမျိုးသား […]

 
                     
                     
                     
                     
                     
                    
