ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ဘန်ကောက်တွင် iPhone 16 ပထမဆုံးဝယ်ယူမှာ မြန်မာနိုင်ငံသားဖြစ်နေ

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ရောင်းချခဲ့သော iPhone 16 ဝယ်ယူသူများအနက် ပထမဆုံး တန်းစီပြီး ဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံသားအမျိုးသမီးဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသစ်ထွက်ရှိလာသော iPhone 16 Series ကို ဝယ်ယူရန် ဘန်ကောက်မြို့ရှိ Central World က Apple Store နှင့် Iconsiam ရှောပင်းစင်တာအရှေ့တွင် ယနေ့ နံနက် ၈ နာရီက ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများစွာ တန်းစီစောင့်ဆိုင်းခဲ့ကြခြင်းဖြစ်သည်။ ၎င်းတို့အနက် Central World က Apple Store တွင် ပထမဆုံးနံပါတ်နေရာဖြင့် တန်းစီပြီးဝယ်ယူခဲ့သူမှာ မြန်မာနိုင်ငံက အမျိုးသမီးတစ်ဦးဖြစ်ပြီး iPhone 16 Pro Max ကို ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း […]

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

Dawei Watch

September 20, 2024

တရားမဝင် မြန်မာလုပ်သားတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ ထိုင်းအတိုက်အခံပါတီတိုက်တွန်း

ထိုင်းတောင်ပိုင်းက မြန်မာကလေး ၁၂၀၀ ကျော်၏ ပညာရေးရှေ့ဆက်ခွင့်

Dawei Watch

September 20, 2024

ကျောင်းပိတ်လိုက်ပြီဆိုသဖြင့် ပညာတတ်စေချင်၍ ခဲရာခဲဆစ်ခေါ်ထားသည့် ကလေးနှစ်ယောက်၏ ပညာရေးအတွက် ကိုအောင်တစ်ယောက် မည်သို့ဆက်လုပ်ရမည် မသိတော့။ ဇာတိမြေ လောင်းလုံးမြို့နယ်တွင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် စာသင်ကျောင်းအားလုံးနီးပါး ပိတ်ထားရသဖြင့် ပညာရေး မရေမရာဖြစ်နေသည့် သမီးနှစ်ယောက်ကို ပညာတတ်စေချင်သည်။ ယင်းကြောင့်ပင် အသက် ၇ နှစ်နှင့် ၁၁ နှစ်အရွယ် သမီးနှစ်ယောက် ပညာသင်ခွင့်ရရေးအတွက် ငွေကြေးအမြောက်အများအကုန်အကျခံကာ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့သို့ တရားမဝင်လမ်းကြောင်းဖြင့် ခဲရာခဲဆစ်ခေါ်ယူလိုက်သည်။ “ရွာမှာကျောင်းထားဖို့ နိုင်ငံရေးအခြေအနေမကောင်းလို့ ခေါ်ထားလိုက်တာပါ။ ကလေးတွေ စာတတ်လာအောင်တော့ မျှော်လင့်တာပေါ့နော်။ ငါတို့လို စာမတတ်ဖြစ်မှာစိုးတယ်”ဟု ကလေးနှစ်ယောက်၏ ဖခင်ကိုအောင်က ဖွင့်ဟသည်။ ထိုင်းသို့ရောက်လာချိန်တွင် စူရတ်မြို့ရှိ မေတ္တာရိပ်မြန်မာစာသင်ကျောင်း၌ ကျောင်းအပ်လိုက်ပြီးနောက် သမီးအကြီးဖြစ်သူက တတိယတန်းနှင့် သမီးအငယ်က ပထမတန်းတွင် ပညာသင်ယူခွင့်ရခဲ့သည်။ သို့သော် ကိုအောင်၏ မျှော်လင့်ချက်ရောင်ခြည်က ရေရှည်မခံခဲ့ပေ။ […]

ထိုင်းတောင်ပိုင်းက မြန်မာဘုန်းကြီးပျံဈာပန

Dawei Watch

September 20, 2024

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့တွင် မြန်မာဘုန်းတော်ကြီး၏ ဈာပနာ အခမ်းအနားကို စက်တင်ဘာလ၁၉ ရက် ညက ပြုလုပ်ခဲ့သည်။ ကော့သောင်းခရိုင် ခမောက်ကြီးမြို့ ထုံပရိကျေးရွာရှိ ဓမ္မရတနာတောရ ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဥူးပညာသုတသည် ဖန်ငခရိုင်၊ တကွန်ပါမြို့ ဆေးရုံကြီးတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။ ဆရာတော်သည် သက်တော် ၅၃ နှစ်၊ ဝါတော် ၃၃ ဝါရှိပြီဖြစ်သည်။ ဆရာတော်သည် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်သို့ ခေတ္တရောက်ရှိနေချိန် နေမကောင်းဖြစ်လာသဖြင့် ဆေးရုံတင်ကုသရာက စက်တင်ဘာလ ၄ ရက်နေ့တွင် ပျံတော်မူသွားခြင်းဖြစ်ပြီး ဥတုဇရုပ်ကလာပ်အား စူရတ်ဌာနီမြို့သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။ ဆရာတော်၏ ဥတုဇရုပ်ကလာပ်တော် မီးသင်္ဂြိုဟ်ပူဇော်အခမ်းအနားအား စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဦးဆောင်ပြီး ဝပ်ဖိုဝိုင်ဘုန်းကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။

တရားမဝင် မြန်မာလုပ်သားများကို တရားဝင်ဖြစ်အောင် လုပ်ပေးရန် ထိုင်းအတိုက်အခံပါတီ တိုက်တွန်း

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာအလုပ်သမားများအရေးနှင့်ပက်သက်၍ ပြဿနာများကို ဖြေရှင်းနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားအားလုံးကို တရားဝင်မှတ်ပုံတင်ပေးဖို့ ထိုင်းအစိုးရကို အတိုက်အခံပါတီဖြစ်သော People’ Party က လွှတ်တော်အင်တာဗျူးတစ်ခုတွင် တိုက်တွန်းလိုက်သည်။ People’ Party သည် ယခင် ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီဖျက်သိမ်းခံလိုက်ရပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းထားသော အတိုက်အခံပါတီဖြစ်သည်။ မြန်မာလုပ်သားများအရေးကို တောင်းဆိုပေးသည့် People’ Party အပေါ် လူမှုကွန်ရက်များတွင် ဝေဖန်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသည်။ People’ Party သည် ထိုင်းနိုင်ငံအတွင်းရှိ ထိုင်းနိုင်ငံသားများ၏ အခွန်ဘဏ္ဍာကို အသုံးပြုပြီး မြန်မာအလုပ်သမားများ၏ အခွင့်အရေးများကို မြှင့်တင်ပေးရန် ကြိုးပမ်းနေကြောင်း လူမှုကွန်ရက်များတွင် ဝေဖန်မှုများ ရေသားနေကြသည်။ ပါတီရပ်တည်ချက်နှင့်ပတ်သက်၍လည်း People’ Party အပေါ် ထိုင်းနိုင်ငံသားများက မေးခွန်းထုတ်မှု ပိုများလာခဲ့ပြီး Myanmar People’ […]

လုပ်အားခ ဘတ် ၁၃ သိန်းကျော်မပေး၍ မြန်မာလုပ်သားများ အလုပ်ရှင်ကို အမှုဖွင့်

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံ၊ ပင်လယ်ကမ်းခြေရှိ သဲစုပ်လှေများပေါ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများ၏ လုပ်အားခခြောက်လစာ(ဘတ် ၁၃ သိန်းကျော်) မပေးသဖြင့် အလုပ်ရှင်ကို အလုပ်သမားကာကွယ် စောင့်ရှောက်ရေးရုံးတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ကူညီဆောင်ရွက်ပေးနေသော AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၁၃ ဦးသည် တရုတ်အလုပ်ရှင် ပိုင်ဆိုင်သော ချွန်ဘူရီနှင့် နခွန်စီထမရတ်ခရိုင်များရှိ ကမ်းခြေများကို ပြုပြင်သော သဲစုပ်လှေများပေါ်တွင် ပြီးခဲ့သောနှစ်ကတည်းက လုပ်ကိုင်လာခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ယခုနှစ် မတ်လတွင် ထမင်းစရိတ်ကဲ့သို့ ကြိုတင်ငွေများသာ ထုတ်ပေးခဲ့ပြီး ဧပြီလမှစ၍ အလုပ်ရှင်က အကြောင်အမျိုးမျိုးပြကာ လုပ်အားခ လုံးဝထုတ်ပေးခဲ့ခြင်း မရှိတော့ကြောင်း အဖွဲ့ထံမှ သိရသည်။ လုပ်အားခများကို ထုတ်ပေးရန် အလုပ်ရှင်ကို ကနဦး ညှိနှိုင်းပြောဆိုခဲ့သော်လည်း လက်ခံခြင်းမရှိသဖြင့် အလုပ်သမားများက AAC အဖွဲ့ထံ လာရောက်အကူအညီ တောင်းခံခဲ့ကြောင်း အဖွဲ့က […]

ရွှေ့ပြောင်းလုပ်သားများကြားက အသံတိတ်ရန်သူ

Dawei Watch

September 19, 2024

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဝင်ငွေအခြေအနေကြောင့် အခန်းကျဉ်းထဲတွင် လူအများစုနေကြရသလို အာဟာရပြည့်ဝသည့် အစားအသောက်များလည်း ပုံမှန်မစားသောက်နိုင်သည့် အခြေနေတွင်ရှိနေသည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ လေမှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါတစ်ခုက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ခြိမ်းခြောက်လာနေသည်။ “ပထမတော့ အစာအိမ်ထဲက နာလာတယ်။ ပုဂ္ဂလိကဆရာဝန်တစ်ဦး ပြောတာကတော့ ကျွန်တော့မှာဖြစ်နေတာက အူမကြီးကင်ဆာနဲ့ ဆင်နေတယ်တဲ့။ ဒါနဲ့ စမွတ်စခွန်ဆေးရုံကြီးကို ထပ်သွားစစ်တဲ့အခါ တီဘီရောဂါ ပြန်ဖြစ်နေတယ်ဆိုတာ သိရတာပဲ” ဟုယခုနှစ်မေလက ဒုတိယအကြိမ် တီဘီရောဂါ ပြန်ဖြစ်လာသော မောင်ပိုင်က ဆိုသည်။ မောင်ပိုင်က စမွန်စခွန်ခရိုင် ငါးဈေးကြီး၏ မျက်နှာချင်းဆိုင်ရှိ ၁၀ ခန်းတွဲ အလုပ်သမားတန်းလျားတွင် အခြားရွှေ့ပြောင်းအလုပ်သမားများနည်းတူ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေရသူသည်။ မောင်ပိုင်တစ်‌ယောက် ၂၀၂၃ ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေရင်း ပထမအကြိမ် တီဘီရောဂါကူးစက်ခံရပြီးနောက် ကုသမှုပြီး၍ ပျောက်ကင်းခဲ့သော်လည်း […]

ရနောင်းမှ မြန်မာရေလုပ်သားတစ်ဦး ဘတ် ၆ သန်းထီပေါက်

Dawei Watch

September 18, 2024

ထိုင်းထီအမြင့်ဆုံးဆုဖြစ်သည့် ပထမဆုကို မြန်မာနိုင်ငံသား ရေလုပ်သားတစ်ဦးက ကံထူးခဲ့ပြီး ဘတ် ၆ သန်းထီပေါက်ခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၆၀၈၆၆၂ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်းကို မြန်မာရေလုပ်သားက ကံထူးခဲ့ခြင်းဖြစ်သည်။ ကံထူးခဲ့သော မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နှစ်ပေါင်း ၂၀ ကြာ ရေလုပ်သားအဖြစ် လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ထီပေါက်သူသည် ထီဖွင့်သောနေ့တွင် ထီသုံးစောင်ဝယ်ခဲ့ပြီး ယင်းတို့အနက် တစ်စောင်က ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။ ထီပေါက်ခဲ့ပြီးနောက် ဆုငွေများထုတ်ယူပေးရန် MHAC မဟာမိတ်အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့သဖြင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် […]